Saturday, 1 September 2012
မြန်မာ့ ဆက်သွယ်ရေး မှ ဆင်းမ်ကတ်ကို ဝယ်ယူသည့် နေရာတွင် မဖြစ်မနေ ချိုးရန် မလိုတော့
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြည်တွင်း အသုံးပြုနေသော မိုဘိုင်းဖုန်းများ အားလုံးကို Local Roaming စနစ် ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ယင်း လုပ်ငန်း၏ မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ်က ပြောသည်။ လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများသည် ယခုကဲ့သို့ Local Roaming စနစ် မဖွင့်ပေးမီက ဆင်းမ်ကတ်ကို မချိုးရသေးဘဲနှင့် အခြား နေရာဒေသများသို့ သယ်ဆောင် အသုံးမပြုနိုင်ခဲ့ပေ။
မည်သည့် အမျိုးအစား ဆင်းမ်ကတ်များကိုမဆို ကတ်မချိုးရသေးလျှင်လည်း အခြားသော နေရာများသို့ သယ်ဆောင်သွားပြီး အသုံးပြုနိုင်တော့မည် ဖြစ်သည်။ “အရင်ကဆို နယ်မှာဝယ်တဲ့ ဆင်းမ်ကတ်ကို ကတ်ချိုးပြီး မသုံးသေးဘဲ တခြားနေရာကို သယ်သွားပြီး သုံးလို့မရဘူး။ အခု ဘယ်နေရာမှာဝယ်ဝယ်
ကတ်မချိုးရသေးလည်း တခြားနေရာရောက်မှ ကတ်ကို ချိုးပြီးသုံးလို့ရပြီ” ဟု အင်ဂျင်နီယာချုပ်က ဆက်လက် ရှင်းပြသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထိုကဲ့သို့ ဖွင့်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ခြင်းကြောင့် နယ်မြို့များမှ ဖုန်းအသုံးပြုသူများအတွက် အဆင်မပြေခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း မိုဘိုင်းဖုန်းအသုံးပြုသူများ ထံမှ သိရသည်။ “နှစ်သိန်းဖုန်းတွေ စစချင်း ဝယ်တယ်ဗျာ။ မိတ္ထီလာမှာ ဝယ်တာပေါ့။ ကတ်ကိုမချိုးသေးဘဲ ရန်ကုန်ရောက်မှ ချိုးပြီးသုံးတော့ မရဘူးဗျ။ အဲ့ဒါ နယ်ပြန်ပြီး ကတ်ကိုချိုးသုံးမှ လိုင်းပွင့်တယ်။ အဲ့ဒီတော့မှ မိတ္ထီလာပြင်ပ တခြားနေရာတွေ သယ်ပြီး သုံးလို့ရတယ်” ဟု မိုဘိုင်းဖုန်း အသုံးပြုသူတစ်ဦးက ပြောသည်။
7day news journal မှ သိသမျှ ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment