Tuesday, 11 September 2012

ဂျစ်ကန်ကန်လူငယ်လေးတစ်ယောက်အဖြစ် သရုပ်ဆောင်လာတဲ့ မြင့်မြတ် တံတိုင်းများကို ဖြတ်ကျော်ပြီ


ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ “တံတိုင်းများ ကိုဖြတ် ကျော်ခြင်း”ဇာတ်ကားကို သရုပ်ဆောင်နေတဲ့ မြင့်မြတ် က ဒီဇာတ်ကားက ဘဝသရုပ်ဖော်ပညာပေး ဇာတ်ကား
ဖြစ်ပြီး ပိုက်ဆံမရှိတဲ့ဂျစ်ကန်ကန် လူငယ်လေးအဖြစ် သရုပ်ဆောင်ရကြောင်း
ပြောပါတယ်။ ဒီဇာတ်ကာေးလးမှာ မရိုက် ဘူးသေးတဲ့ လိုကေးရှင်းနေ ရာတွေမှာ သွား ရိုက်ထားပြီးထူးထူးခြားခြားအနေနဲ့ ဒီဇာတ် ကားထဲမှာပါတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကို ရေထဲမှာ ၂နာရီလောက်ကြာအေင် ရိုက် ကူးခဲ့ရကြောင်း ပြောပါတယ်။ ရေထဲမှာ အကြာကြီးရိုက်ခဲ့ရတဲ့ အတွက် နေမကောင်း ဖြစ်ခဲ့ရ ကြောင်းကို မြင့်မြတ်က.. “ရေထဲ မှာ ၂နာရီ လောက်ကြာသွားတယ်။ ရိုက် တုန်းကတော့ မသိသာဘူး။ ရိုက်ကွင်းက ပြန်တော့ ကျွန်တော်ရော မနဝရတ် ရော ဖျားကြတယ်။ ကျိုက်ခေါက်ဘုရားနားက ရှင်ဥပဂုတ္တကိုယ်တော်ကန်ရဲ့လျှောက် လမ်းလေးက ရေမြုပ်နေတယ်။ အဲဒီ လျှောက်လမ်းလေးမှာရိုက်တော့ တအားတော့ရေမနစ်ဘူး ဒါပေမဲ့ ခြေထောက် တစ်ခုလုံး ၂နာရီ လောက်ရေစိမ်ထားတော့ အအေးမိသွားကြတာပေါ့။ ဇာတ်ရှိန်ကမြင့်တဲ့အခန်း ဆိုတော့ အချိန်နည်းနည်း ကြာအောင်ရိုက်လိုက်ရတယ်”လို့ ပြောပါတယ်။
လတ်တလောမှာ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို၂ဝ၁၃ခုနှစ်မှာစတင်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်အရုံးက ဦးစီး ကျင်းပမယ်လို့သိရတဲ့အပေါ်မြင့်မြတ်က“ဒါ တအားကို ကောင်း တဲ့အလုပ်ပါ။ ပြန်ကြားရေးက တာဝန်ရှိသူတွေက ကျွန်တော်တို့ အနုပညာလောကက လူတွေလောက် အနုပညာကိုပိုပြီး နား မလည်နိုင်ပါဘူး။ ပြန်ကြားရေး ဆိုတာဌာနဆိုင်ရာတစ်ခုအနေနဲ့ဆိုတော့ သူတို့မှာဒီအနုပညာအလုပ် တစ်ခုတည်း မဟုတ်ဘဲ တစ်ခြားအလုပ်တွေလည်း အများကြီးရှိနိုင်တယ်။ ကျွန်တော် တို့ဒီလောကထဲက အစည်းအရုံးကလူတွေလောက်ရွေးချယ်တာမမှန်ကန်နိုင်ဘူး။အနုပညာအမြင်ချင်းမတူ နိုင်ဘူးလို့ထင်တယ်။
လက်ရှိအစည်းအရုံးကလူကြီးတွေရွေးချယ်တာပိုပြီးမှန်ကန်လိမ့်မယ်။ပိုပြီးသင့်တော်လိမ့်မယ်လို့ထင်ပါတယ်။ မှန်ကန်တဲ့၊တကယ်အရည်အချင်းရှိတဲ့လူတွေရကြမှာပါ”လို့ ပြောပါတယ်။

popular journal မှ သိသမျှ ။

No comments:

Post a Comment