Friday 14 September 2012

နေတိုးနှင့် မင်းသမီး ခုနစ်လက် ပါဝင်သော “အလန်းလွန် အလွန်လန်း” ရုံတင်မည်



မိန်းကလေး အများစု ဝိုင်းဝိုင်း လည်အောင် အကြိုက် ခံရပြီး အမျိုးသမီးများ အလယ်တွင် အလွန်မျက်နှာပန်းပွင့်သည့် ဇာတ်ကောင် နေရာမှ နေတိုး သရုပ်ဆောင် ထားပြီး အဓိက သရုပ်ဆောင်မင်း သမီး ခုနစ်ဦး ပါဝင် သရုပ်ဆောင်ထားသော “အလန်းလွန် အလွန်လန်း” ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလ လယ်တွင် ရုံတင်ပြသတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
မချစ်မနှစ်သက်သူနှင့် ပေါင်းသင်းရခြင်း၊ ချစ်သူနှင့် ကွေကွင်းရခြင်းတို့သာ မဟုတ်ဘဲ ချစ်ခင်သူပေါများခြင်းသည်လည်း ဒုက္ခရောက်စေနိုင်ကြောင်း အဓိက ပုံဖော် ရိုက်ကူးထားခြင်းဖြစ်ပြီး ချစ်သူ စွန့်ပစ်သွားသောကြောင့် ကိုယ်ဝန်ရှိနေသည့် မိခင်က ဘဝကို အဆုံးစီရင်ရန် ကြံစည်စဉ် ရုက္ခစိုးနှင့် တွေ့ပြီး ရုက္ခစိုးက ကလေးငယ်ကို “မျက်နှာမြင်သူတိုင်း ချစ်ခင်ပါစေ” ဆုပေးခဲ့ရာမှ ဆုတောင်းပြည့်ခဲ့သည့် နေတိုး
(စွမ်းကမ္ဘာ) ကို အခြေပြု ဟာသဇာတ်လမ်းဆင်ကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားတွင် နေတိုး၏ ချစ်သူရည်းစားများ အဖြစ် သင်ဇာဝင့်ကျော်၊ မယ်လိုဒီ၊ စိုးပြည့်သဇင်၊ နန်းဆုရတီစိုး၊ ဝတ်မှုန်ရွှေရည်၊ ခရစ္စတီးနား၊ ချမ်းမီမီကိုတို့က သရုပ်ဆောင်ထားပြီး ချမ်းမီမီကိုမှာ ရေသူမဇာတ်ကောင် ပုံစံဖြင့် ဇာတ်သိမ်းခန်းတွင် ကွန်ပျူတာ အထူးပြုလုပ်ချက်များဖြင့် သရုပ်ဆောင် ရိုက်ကူးထားကြောင်း သိရသည်။
“ဒီကားက ရုပ်ရှင်မှာ ရေသူမသရီးဒီ ရုပ်နဲ့ရိုက်ထားတာ ပထမဆုံးပါပဲ။ ရေသူမရုပ်ရဖို့ တစ်လလောက် အချိန်ပေး ရိုက်ခဲ့ရတယ်။ သရီးဒီဆွဲတဲ့ကို သူရသိန်းတင်နဲ့လည်း ဆွေးနွေးပြီးလုပ်ခဲ့ရတယ်။ HD နဲ့ ရိုက်ပြီးမှ ဘန်ကောက်ကTechnicolor စတူဒီယိုမှာ ဖလင် ပြန်ပြောင်းထားတာပါ” ဟု ယင်းဇာတ်ကား၏ ဇာတ်ညွှန်းရေးဆရာ သြရသက ဇာတ်ကား ရိုက်ကူးရေးပိုင်းကို ပြောပြသည်။ “အလန်းလွန်အလွန်လန်း” ဇာတ်ကားကို စက်တင်ဘာ ၂၁ ရက်တွင် ရုံတင် ပြသမည်ဖြစ်ပြီး ရန်ကုန်နှင့် ငွေဆောင်ကမ်းခြေတို့တွင် ရိုက်ကူးထားသည်။

အေးသူစံ 7 Day news မှ သိသမျှ ။

No comments:

Post a Comment