Monday 24 September 2012

ခေါင်းတုံး နဲ့ ရိုက်ဦး မယ်လို့ သင်ဇာဝင့်ကျော်က ပြော


သင်ဇာဝင့်ကျော်က ပြင်ဦးလွင်မှာ ရိုက်နေတဲ့ “စုန်းပြူး” ရုပ်ရှင်ကားကြီးမှာတော့ အစ်ကို ဖြစ်သူ နေတိုးကို မုန်းပြီး နားမလည်တတ်တဲ့ ညီမတစ်ယောက် အဖြစ် သရုပ်   ဆောင် နေပါတယ်။ အဲဒီကားကတော့ နေတိုးကို ပို့ပေးရတဲ့ ကားဖြစ်တယ်လို့ပြောတဲ့ သင်ဇာဝင့်ကျော်ကို ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်တယ်၊ ဒရာမာ ရုပ်ရှင်ကား ကြီးလည်းဖြစ်တယ်၊ အကယ်ဒမီ အခြေအနေ ဘယ်လိုရှိလဲလို့ စကားစလိုက်တော့ “အကယ်ဒမီကတော့ ချိန်မယ်ဆို ချိန်လို့ရပါတယ်။ ကြိုးစားရင် ကြိုးစားသလောက် အကယ်ဒမီ ရနိုင်မယ့်ကားပါ”လို့ ပြောပါတယ်။ အဲဒီကားကြီးကို ပရိသတ်ကြည့်ရင်တော့ သူ့ကိုအမြင်ကတ်မယ်လို့ ထင်တဲ့ သင်ဇာဝင့်ကျော်က အကောင်းဆုံး ကြိုးစားပြီး ရိုက်ကူး ထားပေမယ့်လည်း ဇာတ်ကားတစ်ကားမှာ လမိုင်းကပ်မှ ပရိသတ်နဲ့ အဆင်ပြေမှာမို့ ဇာတ်ကားထွက်လာမှပဲ အခြေအနေကို သိရမယ်လို့ ဆိုပါတယ်။ “စုန်းပြူး” ဇာတ်ကား မရိုက်ခင် ရန်ကုန်မှာ သီလရှင် ၄ရက်ဝတ်ခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ သီလရှင်ဘဝ တစ်နေ့တာကိုမေးတော့ “တရားထိုင်ချိန် က ၇ချိန်ရှိ တယ်ဆိုရင် ၃ကြိမ်   လောက်တော့ ထိုင်ဖြစ်တယ်။ ဟိုးတုန်းကတော့ တရားထိုင်ဖူးတယ်။ ဒါပေမဲ့
အခုမှ ပြန်ထိုင်တာဆိုတော့ အလေ့အကျင့် ကလည်း လိုသေးတော့ ဒဏ် မခံနိုင်ဘူး။ သီလ ရှင် ဝတ်စုံလေးနဲ့ တရား ထိုင်ရတာ တအား အေးချမ်းတယ်။ ဘယ်သူနဲ့မှ မတွေ့ရဘူးဆိုတော့ ငြိမ်းချမ်းတာ။ အခုပြန် ထွက်လာတဲ့ အချိန်မှာလည်း ဘုရား၊ တရား လုပ်ချင် စိတ်လေးပါလာတယ်”လို့ ပြောပါတယ်။ သင်ဇာဝင့် ကျော်က တရားထိုင်တဲ့အချိန်မှာတော့ သာမန် အချိန်မှာ သူမတွေးဖြစ်တဲ့ အကြောင်းအရာတွေကို သူတွေးမိတယ် လို့ပြောပြီး အဲဒီအကြောင်းအရာ တွေက သူ့စိတ်ကိုတရားထိုင်တဲ့ အချိန်မှာ မလွမ်းမိုးဘဲ နာကျင်တဲ့ ဝေဒနာကသာ သူ့ကိုစိုးမိုးခဲ့တယ် လို့ပြောပါတယ်။ သင်ဇာ့ကို ဆံချနေတဲ့ အချိန်မှာ ကြည့်လိုက်တော့ သင်ဇာ့မျက်နှာမှာ တစ်ခုခုခံစား နေရတာတွေ့ရတယ်။ အဲဒီခံစားမှုကို သိချင်တယ်ဆိုတော့ “မယ်သီလရှင် ဝတ်တာကလည်း ဘယ်
သူ့တိုက်တွန်းချက်မှ မပါဘူး။   ကိုယ်ဝတ်မှာ ကိုလည်း ကိုယ့်မိဘ တွေက သဘောကျတယ်။ စိတ်ချမ်းသာတယ်။ ကိုယ်ဝတ် လိုက်ရင်လည်း ကိုယ့် အတွက် ကောင်းသွား မယ်ဆိုတာ သိတယ်။ အဲဒါ ကြောင့် ဒီတစ်ခုကို ယုံကြည်စွာနဲ့ လုပ်လိုက်တာ။ ဒီကားကြီးလည်း မရိုက်ခင်ပေါ့။ အစပိုင်းမှာ ကံနိမ့် သလို တအားဖြစ်နေ တဲ့အခါကျတော့ ကံမြင့်လာအောင် လုပ်လိုက်တဲ့ သဘောပေါ့။ ပြီးတော့မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချပြီး ဒီဟာ ကိုလုပ်မယ်ဆိုတဲ့ စိတ်နဲ့လုပ်တာပေါ့။ ဆံချ နေတဲ့အချိန်မှာလည်း သီလရှင် ဝတ်လိုက်လို့ အဖေ၊ အမေလည်း စိတ်ချမ်းသာတယ်။ ကိုယ်လည်း အကျိုးရှိတဲ့ အလုပ်ကိုလုပ်နေတယ် ဆိုတဲ့ စိတ်မျိုးခံစားရပါတယ်”လို့ ပြောပါတယ်။ သင်ဇာခုနက ကံနိမ့်နေတယ်လို့ ပြော ခဲ့တယ် ဘာတွေဖြစ်လို့လဲ ”ဘာလုပ်လုပ် အဆင်ကို မပြေဘူး။ အလုပ်အကိုင်က အစပေါ့။ အလုပ်လုပ်တယ်ဆိုလည်း အလုပ်ထဲ စိတ်မပါတာ။ အလုပ်တွေကိုလည်း စိတ်မပါဘဲ နားပစ်လိုက်ချင်တာလို့ဖြစ်တယ်။ အရင်က အဲဒီလောက် ပြင်းပြင်းထန်ထန် တစ်ခါမှ မဖြစ် ဖူးဘူး။ အဲဒါကြောင့် မယ်သီလရှင် ဝတ်မယ် ဆိုပြီး နားလိုက်တယ်။ နားလိုက်တဲ့အချိန်မှာမှ ကားရိုက်တွေစောင့်ရင်းစောင့်ရင်းနဲ့ ကားရိုက်တွေက အဆင်မပြေဘူး။ ဥပမာ ရဲတိုက်နဲ့ ကားပြန်ရိုက်ရမယ် ပြောတဲ့အချိန် မှာ  ရဲတိုက်ဆေးရုံ တက်ရတာတွေ အဲဒါမျိုး အဆင်မပြေမှုတွေပေါ့။ အဲဒါနဲ့ သီလရှင်ဝတ် ဖြစ်အောင် ဝတ်မယ်ဆိုပြီး ဝတ်လိုက်တာလို့ ပြောပါတယ်။ သင်ဇာဝင့်ကျော် ဒီအလုပ်တွေ ကို နားပစ်ချင်လောက်အောင် ဖြစ်သွားတာ ဘာကြောင့်လဲ ”အဲဒါကတော့ ကိုယ်ဆက်ဆံ ရတဲ့လူတွေနဲ့ဆိုင်တယ်။ ဒီလောကထဲက လူတွေကြောင့်လည်း ဖြစ် ချင်ဖြစ်တယ်။ အပြင် ကလူတွေကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်”လို့ ပြောပါတယ်။
သင်ဇာဝင့်ကျော်က သီလရှင်ဝတ်ပြီးမှ ကံကောင်းလာတယ်လို့ ပြောတာကြောင့် ထူးခြားမှုတွေ မေးတော့ ”သင်ဇာတို့ မရောက်ခင် က ပြင်ဦးလွင်မှာ မိုးရွာနေတာ။ အခုရောက် လာတော့ မရွာတော့ဘူး။ ပြီးတော့ အခု ကားကို ရိုက်ရတာအဆင်ပြေတယ်။ စိတ်နှစ် ပြီးလုပ်နိုင်တယ်။ ပြီးတော့ ဘာပဲလုပ်လုပ် အဆင်ပြေတယ်။ မဝတ်ခင်နဲ့ ဝတ်ပြီးတဲ့အခါ မှာ သိသာတယ်။ ကိုယ်ပဲသိတယ်”လို့ ပြောပါတယ်။ သင်ဇာဝင့်ကျော်ကို သီလရှင်ထွက် ထွက်ပြီးချင်းမှာတော့ သူငယ်ချင်းတွေက ခေါင်းတုံးမလို့ စကြပေ မယ့် သူ့အနေနဲ့က တော့ ဒီအလုပ် ဝမ်းသာ ဂုဏ်ယူနေတယ်လို့ ပြောပါတယ်။ သင်ဇာဝင့်ကျော်က ဆံပင်အတုတပ်ရင် ခေါင်းကိုက် တတ်တာကြောင့် အပြင်တွေသွားတဲ့ အခါမှာလည်း ဦးထုပ်ပဲ ဆောင်းသွားတယ်လို့ ပြောပါတယ်။ လတ် တလောမှာတော့ ခေါင်းတုံးဇာတ်တွေမရှိ သေးဘဲ ရိုက်ဖို့ ကမ်းလှမ်းရင်တော့ ခေါင်းတုံး နဲ့ ရိုက်ဦး မယ်လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။ သင်ဇာဝင့်ကျော်က သူ့ရဲ့ခေါင်းတုံးနဲ့ လိုက်မလိုက်ကို ပရိသတ်ပဲ ဆုံးဖြတ်ပေးဖို့ ပြောပြီး မလိုက်ဘူးဆိုရင်လည်း သည်းခံပြီး ကြည့်ပေးပါလို့ ပြောပါတယ်။ သင်ဇာဝင့် ကျော်က ၁ဝလပိုင်းလဆန်းမှာ ဘန်ကောက် ကိုသွားမယ်လို့ပြောပြီး ဘန်ကောက်မှာတော့ ဆံပင်အတုတွေနဲ့ အလှကုန်ဖန်စီတွေ ဝယ်မှာ လို့ ပြောပါတယ်။ ဘန်ကောက်ကိုတော့ မိန်းကလေးသူငယ်ချင်းတွေနဲ့ပဲ သွားမှာပါလို့ အသိပေးခဲ့ပါတယ်။

Popular မှ သိသမျှ ။

No comments:

Post a Comment