Tuesday 18 September 2012

လူထုပုံရိပ် သတင်းဂျာနယ်မိတ်ဆက်


လူထုပုံရိပ် ( Public image )သတင်းဂျာနယ် စာနယ်ဇင်းမိတ်ဆက်ပွဲအား စက်တင်ဘာ ၁၈ ရက်တော်ဝင်နှင်းဆီခန်းမတွင်ကျင်းပခဲ့သည်။
နိုင်ငံရေး၊စီးပွားရေး ၊လူမှုရေး၊ဖျော်ဖြေရေး ကဏ္ဍများအပါအ၀င် ၄င်းသတင်းဂျာနယ်သည် မည်သည့်ပုဂ္ဂိုလ်၊မ

ည်သည့်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုဘဲ ပြည်သူလူထုနှင့်အစိုးရကြားတွင် ကြားခံပြုလုပ်ပေးမည်ဖြစ်ကြောင်း လူထုပုံရိပ်သတင်းဂျာနယ်၏အမှုဆောင် အရာရှိချုပ် ( CEO )ဦးမောင်မောင်မြင့်သိန်း ( စက်မှုတက္ကသိုလ် )မှ အမှာစကားတွင် ပြောကြားခဲ့သည်။၎င်းတို့၏ သတင်းဂျာနယ်သည် လိုအပ်ချက်များရှိနေမည်ဆိုတာသိသည့်အတွက် ထပ်မံဖြည့်ဆည်းမည်ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းထွက်ရှိမည်ဖြစ်ကြောင်းသိရသည်။ထိုနောက် ၄င်းသတင်းဂျာနယ်၏ အယ်ဒီတာချုပ်မင်းနိုင်စိုးမှ သတင်းဂျာနယ်ထုတ်ဝေခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြကာ စာရေးဆရာ မောင်ဝံသနှင့် ဆရာဇော်သက်ထွေးမှ မုဒိတာ စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မိုးငယ် ပေါ်ပြူလာ မှ သိသမျှ ။

No comments:

Post a Comment