Saturday 22 September 2012

နယ် ဖျော်ဖြေပွဲ တွေမှာ ပရိသတ်တွေ အတောင်းအများဆုံး သီချင်း ကို ပြောပြသူ ဆိုတေး


“မီးအိမ်ရှင်” အခွေနဲ့ ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်နိုင် ခဲ့တဲ့ တေးသံရှင် ဆိုတေးက ဘိုဘို အင်တာတိန်းမန့် တစ်နှစ်ပြည့် အခွေမှာလည်း သီချင်း တစ်ပုဒ် ပါဝင်သီဆို ထားပြီး အခွေလက်မှတ်ရေး ထိုးပွဲနေ့မှာလည်း ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့ပါတယ်။
မကြာခင်ကမှ တောင်ပြုန်းပွဲမှာ ဖျော်ဖြေပြီး ပြန်လည်ရောက်ရှိလာတဲ့ ဆိုတေးက နယ်ရှိုး တွေလည်း အမြဲလို သွားနေရတဲ့သူပါ။ နယ်တွေမှာ သွားဖျော်ဖြေရတဲ့အခါ ပရိသတ်တွေက ဘာသီချင်းကို အတောင်း အများဆုံး ဖြစ်မလဲ ဆိုတာ ဆိုတေးကိုမေးတော့ “မီးအိမ်ရှင် သီချင်းနဲ့ အဝေးရောက် ချစ်သူသီချင်းကို အများဆုံးတောင်းဆိုကြပါတယ်” လို့ ပြောပြီး ပထမဆုံးအခွေ မှာပဲ တအား အောင်မြင်ခဲ့ အပေါ် မှာ လည်း ဆိုတေးက “ကျွန်တော့်သီချင်းက ဒီလောက်ထိ အောင်မြင်လိမ့်မယ်လို့ မထင်ထားပါဘူး။
ဒီလိုအောင်မြင်လာတဲ့ အတွက် ကြိုးစားရကျိုး၊ ပင်ပန်းရ ကျိုးနပ်သွား တာပေါ့”လို့ ဆိုပါ တယ်။ ရှိုးပွဲတွေ
ဆက်တိုက် သီဆို ဖြစ်နေတဲ့ ဆိုတေးကို ဒုတိယ အခွေဖြစ်တဲ့ မင်္ဂလာပါ ဆိုတေး အတွက်လည်း ဘာတွေပြင်ဆင် နေပြီလဲလို့ မေးကြည့် တော့ “၂ဝ၁၃ အလယ်မှာ ထွက်ဖို့ရှိပါတယ်။ သီချင်း တွေ ကတော့ ရွေးထားပြီးပါပြီ။ တီးတော့ မတီးရသေးဘူး။ ကိုယ်ပိုင်သံစဉ်တွေနဲ့လုပ် သွားမှာပါ” လို့ ပြောပါတယ်။

ပေါ်ပြူလာ မှ သိသမျှ ။

No comments:

Post a Comment