Monday, 3 September 2012

အကယ်ဒမီကို ရုပ်ရှင် အစည်း အရုံးကပေး မယ် ဆိုတော့ ပိုပြီးကြိုးစားမဲ့ နဝရတ်


တိမ်မင်း သမီးရဲ့ဒဏ္ဍာရီ' ရုပ်ရှင်ဇာတ် ကားကြီးကို စက်တင်ဘာ ၁ ရက်နေ့က စတင်ပြီး ဖျာပုံမြို့မှာ ရုံတင်ပြသနေပြီလို့သိရပါတယ်။ ဒီဇာတ်ကားကြီး ရုံတင် ပြသနေပြီဖြစ်တာ ကြောင့် ဖျာပုံမြို့ကိုသွားရောက်ပြီး ပရိုမိုးရှင်းအနေနဲ့ လက်မှတ်ထိုးပွဲလုပ်ဖို့ အစီအစဉ် ရှိတယ်လို့ နဝရတ်က ပြောပြ ပါတယ်။

လတ် တလောမှာလည်း မြန်မာ့ရုပ်ရှင် ထူးချွန် အကယ်ဒမီ ပွဲကို ၂ဝ၁၃ ခုနှစ်မှ စတင် ပြီး မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံး မှဦးစီး ကျင်း ပမယ်လို့ လည်း သိရ တာ ကြောင့် နဝရတ်ကို မေးကြည့် ဖြစ် တော့..
''ကိုယ်တိုင် သရုပ်ဆောင်လုပ် တော့ သရုပ်ဆောင်ရဲ့ မု(ဒ်)ကို ပိုသိတယ်။ ကိုယ်တတ် ကျွမ်းတဲ့ပညာကို တကယ်တတ်မှ တကယ်သိမယ်။ ကိုယ်တိုင်နေ့ တိုင်းလုပ်နေတဲ့သူက အသံကြားလိုက်ရုံနဲ့ ရုပ်မကြည့် ရင်တောင် လိုသေး လား၊ မလိုဘူးလားဆိုတာသိတယ်။ ဘဘ ဦးဝဏ္ဏရိုက်ရင်လည်း ဒီလိုပဲ အသံနဲ့အိုက်တင် ကိုသိတယ်။ ဒီလိုပညာရှင်တွေ ပါဝင်မယ်ဆိုတော့ အားရှိတယ်။
ပီပီပြင်ပြင်လုပ်ထားတာကို တကယ်တတ်ကျွမ်းတဲ့သူက ပီပီပြင်ပြင် သိမယ်။ မလုပ်ဘူးလို့ မပြောပါဘူး။ ထိရောက်တာနဲ့ မထိ ရောက်တာကွာသွားတာပေါ့။

အကယ်ဒမီရဲ့ အနှစ်သာရလေးက ပိုပြီး လေးနက်သွားမယ်ထင်တယ်။ တကလယ်ကို စိစိစစ်စစ်နဲ့ ထူးထူးချွန်ချွန် ပြောင်မြောက်မှပေါ့။ တအား ကျေနပ်ပါတယ်။ ဒီအတွက် ဒီလို စီစဉ်ပေးတဲ့ သူတွေကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကျေနပ်သလို ကျေးဇူးလည်း တင်တယ်။ ပိုပြီးကြိုးစားမယ်။ ပိုပြီးသေသေချာချာလုပ်ရတော့ အပီအပြင် လုပ်ကြရအောင်'' လို့ နဝရတ်က ပြောပြခဲ့ပါတယ်။

Popular News Journal မှ သိသမျှ ။

No comments:

Post a Comment