Wednesday 12 September 2012

မြင့်မြတ်ရဲ့ "ဘ၀တစ်ကွေ့ " စီးရီး မိတ်ဆက်


သရုပ်ဆောင် မြင့်မြတ်၊ အိုင်းရင်း ဇင်မာမြင့်၊ ကောင်းကောင်း တို့ ပါဝင် သီဆို ထားကြတဲ့ "ဘ၀တစ်ကွေ့ " စီးရီး မိတ်ဆက်ပွဲ ကို စက်တင် ဘာလ (၁၂) ရက်နေ့  နံနက်(၁၀)နာရီက ရန်ကုန်မြို့ Trader Hotel မှာ ကျင်းပပြုလုပ် ခဲ့ပါ တယ်။ အဆိုပါ အခမ်းအနား မှာ တေးရေး မြင့်မိုးအောင် က မိတ်ဆက် စကားပြောခဲ့ပြီး ကောင်းကောင်း၊ အိုင်းရင်းဇင်မာမြင့်၊ မြင့်မြတ် တို့ က "ဘ၀တစ်ကွေ့ "စီးရီးနဲ့ ပတ်သက်ပြီး ရှင်းလင်းပြော ခဲ့ကြပါ တယ် ။ ကောင်းကောင်း ၊ အိုင်းရင်းဇင်မာမြင့်၊ မြင့်မြတ် တို့ သုံးဦး က Title သီချင်း
ဖြစ်တဲ့ "ဘ၀တစ်ကွေ့ " သီချင်းနဲ့  ပရိသတ်တွေ ကို ဖျော်ဖြေ ခဲ့ကြပါ တယ်။ "ဘ၀တစ်ကွေ့ " တေးစီးရီးကို စက်တင်ဘာလ(၂၉)ရက်နေ့ မှာ Excellent Creation ကနေဖြန့် ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။

yoyar lay မှ သိသမျှ ။

No comments:

Post a Comment