Tuesday 11 September 2012

ကမ္ဘာ့နံပါတ် ၁ ကား ကုမ္ပဏီတိုယိုတာ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် ပြင်ဆင်နေပြီး စက်မှုလုပ်ငန်းသုံး မော်တော်ယာဉ်များ စတင်တင်သွင်းရောင်းချမည်


ဗြိတိန်နိုင်ငံ၌ ပြုလုပ်ခဲ့သော ကားပြပွဲတစ်ခု၌ တိုယိုတာထုတ် Forklift များအား ပြသနေစဉ်ကမ္ဘာ့နံပါတ် ၁ မော်တော်ကား လုပ်ငန်းဖြစ်သော တိုယိုတာကားကုမ္ပဏီသည် မြန်မာနိုင်ငံသို့ဝင် ရောက်ရန်ပြင်ဆင်နေပြီး စက်ရုံအလုပ်ရုံသုံး မော်တော်ယာဉ်များစတင် တင်သွင်းရောင်းချမည်ဖြစ်ကြောင်း Toyota Tsusho Corporation ထံ မှ သတင်းရရှိပါသည်။

“လုပ်ငန်းသုံး မော်တော်ယာဉ်တွေကို ပထမဆုံး တင်သွင်းသွားမှာပါ။ အခု မြန်မာစီးပွားရေး လုပ်ငန်းတွေရဲ့ စက်ရုံအလုပ်ရုံတွေကို စစ်တမ်းကောက်နေတယ်”ဟု Toyota Tsusho Corporation မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။တိုယိုတာအုပ်စုအပါအ၀င် နိုင်ငံခြားလုပ်ငန်းများ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အတည်ပြု ပြဋ္ဌာန်းချိန်တွင် စောင့်ဆိုင်းလျက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင် တိုယိုတာအုပ်စုဝင် Toyota Tsusho Corporation သည် မြန်မာကုမ္ပဏီအချို့နှင့်
ချိတ်ဆက်ပြီးစက်မှုလုပ်ငန်းသုံး မော်တော်ယာဉ်များစတင်တင်သွင်း ရောင်းချနိုင်ရန် ပြင်ဆင်ဆောင်ရွက်နြေ
ခင်း ဖြစ်ပါသည်။Toyota Tsusho Corporation သည် Toyota အုပ်စုတစ်ခုလုံး ၏ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ရုံးခွဲဖွင့်လှစ်ထားသည်။တိုယိုတာအုပ်စုအနေဖြင့် စက်ရုံအလုပ်ရုံသုံး Forklift များကို စတင် တင်သွင်း ရောင်းချသွားမည်ဖြစ်ပြီး Cushion Tire Lift Truck ၊ Pneumatic Tire Lift Truck ၊ Rider Lift Truck ၊ Pallet Truck ၊ Walkies Stracker? Reach Truck ၊ Order Picker ၊ Hand Pallet Truck စသည့်ယာဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Elevel journal မှ သိသမျှ ။

No comments:

Post a Comment