Sunday, 2 September 2012

ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေး စီမံချက် အရလာမည့် စက်တင်ဘာလ ၅ ရက် နေ့မှစပြီး (ဗ) အက္ခရာ များလက်ခံမည်


အစိုးရသစ် လက်ထက် ယာဉ်အို ယာဉ်ဟောင်း အပ်နှံရေး စီမံချက် အရ လာမည့် စက်တင်ဘာလ ၅ ရက်မှ နေ့စပြီးပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် (ဗ)အက္ခရာ ယာဉ်များကို စတင် အပ်နှံနိုင် မည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန် ကြေညာ ချက်အရ သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး တွင်း ယင်းစီမံချက် စတင်ချိန်မှ စ၍ (စ) အက္ခရာမှ (ပ) အက္ခရာ အထိ ယာဉ် ဟောင်း ၂၈၆၃၄ စီး အပ်နှံပြီး ဖြစ်ပြီး ထပ်မံ အပ်နှံရမည့် (ပ) အက္ခရာ ယာဉ်စီးရေ သည် သုံးထောင်နီးပါး ရှိကြောင်း ၎င်းက ပြောကြားသည်။ မော်တော်ယာဉ် တင်သွင်းမှုကို One Stop Services အဖွဲ့ဖြင့် သွင်းကုန် ပါမစ်များ ပုံမှန်အတိုင်း ခွင့်ပြု ထုတ်ပေး လျက် ရှိပြီး သြဂုတ်လ ၂၀ ရက်နေ့အထိ
သွင်းကုန် ပါမစ် ထုတ်ပေးမှုမှာ ယာဉ်အို/ ယာဉ်ဟောင်း ၅၀ç၇၁၃ စီး၊ Sale Center တွင် ၀ယ်ယူခွင့်ပါမစ် ၈၄၀၆ စီး၊ သင်္ဘောသား ၂၈၆၇ စီး၊ ကုမ္ပဏီ ၇၂၁ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၃၄၀ စီး၊ ဟိုတယ်/ခရီး ၅၇ စီး၊ ပြည်ပအလုပ် သမား ၂၀၇၃ စီး၊ ကျောက်မျက် ခြောက်စီး၊ အထွေထွေ ၁၁၂ စီး၊ လူပုဂ္ဂိုလ် တစ်ဦးချင်း (နေပြည်တော်) ၈၅၁၆ စီး၊ လူပုဂ္ဂိုလ်တစ်ဦးချင်း (ရန်ကုန်) ၉၄၅ စီးတို့ကို ခွင့်ပြုထုတ်ပေးပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက တရားဝင်သတင်းထုတ် ပြန်သည်

The Voice journal မှ သိသမျှ ။

No comments:

Post a Comment