Sunday, 9 September 2012
ဖုန်း ဆင်းကဒ်တွေ ဈေးသက်သာဖို့ ရွှေပြည်တံခွန် ကုမ္ပဏ္ဏီက ကြိုးစား (သတင်း/ရုပ်သံ)
မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မျှော်လင့် တောင့်တနေကြတဲ့ ဆက်သွယ်ရေး အဆင်ပြေပြီး ဖုန်း ဆင်းကဒ်တွေ ဈေးသက်သာစေဖို့ အတွက် ရွှေပြည်တံခွန်
ကုမ္ပဏ္ဏီက ကြိုးစား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဆင်းကဒ်မှာ အင်တာနက် အသုံးပြုနိုင်အောင် ဆွေးနွေးမှုတွေ ပြုလုပ် စီစဉ်မှာဖြစ်ပြီး ဆင်းကဒ်
ထုတ်လုပ်နိုင်ရင် ဆက်သွယ်ရေး ပိုမို ကောင်းမွန်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှု စီပွားရေးစနစ်ကို ဦးစားပေး ဆောင်ရွက်နေတာကြောင့်
လိုင်းကျတာမျိုးမရှိဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်အောင် ထုတ်လုပ်မှာဖြစ်သလို ဖုန်းခေါ်ဆိုခ နှုန်းထားတွေကိုလဲ ဈေးသက်သာအောင် လုပ်ဆောင်သွားမှာ
ဖြစ်တယ်လို့ သိရှိ ရပါတယ်။ အဆိုပါ ဆင်းကဒ်တွေ ထုတ်လုပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေ နည်းပညာပိုင်းတွေ အဆင်သင့် ဖြစ်နေပြီး ဖြစ်တဲ့အတွက်
ထုတ်လုပ်ခွင့် ရတာနဲ့ သုံးလကနေ ခြောက်လအတွင်း ပြည်သူတွေ လက်ထဲ အရောက် ပို့ပေးနိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
Burmese VJ မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
ကောင်းသောကောင်းမှုပါ။
ReplyDelete