Thursday 13 September 2012

အာဆီယံနိုင်ငံထုတ် ကားများ တင်သွင်းပါက အကောက်ခွန် ငါးရာခိုင်နှုန်းသာ ကောက်ခံမည်


ပင်ရင်းနိုင်ငံ လက်မှတ် ATIGA Form-D ပါဝင်သော အာဆီယံနိုင်ငံထုတ် ကားများ တင်သွင်းပါက 
အကောက်ခွန် ငါးရာခိုင်နှုန်းသာ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။ အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူ စာချုပ် ASEAN Trade in Goods Agreement အရ တင်သွင်းသော ကားအားလုံး အတွက် အကောက်ခွန် လျှော့ပေါ့ ပေးခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများမှ ထုတ်လုပ်သော မော်တော်ယာဉ်များ တင်သွင်းလျှင် အင်ဂျင် ပါဝါ 2000 CC နှင့် အောက် ယာဉ်များကို အကောက်ခွန် ၃ဝ ရာခိုင်နှုန်း၊ အင်ဂျင် ပါဝါ 2000 CC အထက် ယာဉ်များကို အကောက်ခွန် ၄ဝ ရာခိုင်နှုန်း ကောက်ခံလျက် ရှိကြောင်း သိရသည်။
 
ရွှေနိုင်ငံ မှ သိသမျှ ။
 

No comments:

Post a Comment