Wednesday 12 September 2012

လူကို ကူးစက်နိုင်တဲ့ Computer Virus


လူကို ကူးစက်နိုင်တဲ့ Computer Virus ကို ခေါင်းစဉ်ပေးလိုက်တော့ တချို့ကတော့ အထူဆန်းဘဲဆိုပြီး တော့ ဖတ်ကြမယ်။ တချို့ကတော့ မဖြစ်နိုင်ပါဘူးဆိုပြီးတော့ နေကြမှာပါဘဲ။ တကယ်တမ်းတော့ အရင် ထဲက ကျွန်တော်တို့ ကြားနေရတဲ့ ဟာသလေးတခု - Computer သတင်းကျောင်းတခုမှာ ဆရာမက Computer
                                                          

virus ကူးမှာကြောက်လို့ ကျောင်းမတက်တော့ဘူးဆိုတာ ကိုပေါ့.။ တကယ်တမ်းတော့ တကယ့်ကို ရယ်စရာကောင်းပါတယ် Computer virus ကတော့ လူကို ဘယ်လိုမှ ကူးစက်နိုင်မှာ
မဟုတ်ဘူးလို့။ အောက်ကပုံတွေကတော့ အစမ်းဘဲရှိပါသေးတယ် ပုံနဲ့မပြနိုင်လောက်အောင် များပြား လှတဲ့
                                                     


မျက်လုံးနဲ့ ပက်သက်တာ၊ စိတ်ဓာတ်ကျခြင်း၊ ပျင်းရိခြင်း၊ အစွဲအလန်းကြီးခြင်း၊ မျိုးပွားခြင်းကို
 ထိခိုက်ခြင်း...စတဲ့ ရောဂါများစွာကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် Computer အသုံးပြုတဲ့အခါမှာ ချိန်ကို သတ်မှတ်ပြီး အသုံးပြုဖို့၊ ကိုယ့်ရဲ့ ထိုင်တဲ့ ပုံစံ၊ မျက်တောင်ခတ်ဖို့ မမေ့ဖို့၊ အစားအသောက်ကို လဲ အချိန်မှန်မှန်စားဖို့ စတာတွေကို သတိထားကြပါလို့ ကိုယ့်ကိုလဲ ပြန်လည် သတိပေးရင်း ကျွန်တော် ရဲ့ မိတ်ဆွေများကိုလဲ တဖန်ဝေမျှလိုက်ပါတယ်။

ကနောင်သားလေးဇင်အောင် မှ သိသမျှ ။

No comments:

Post a Comment