Thursday 13 September 2012

Google လုပ်ငန်းစုက ရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာတွင်ရုံးဖွင့်လှစ်ရန် လာရောက်


 ကမ္ဘာကျော်နည်းပညာဝန်ဆောင် မှုလုပ်ငန်းစုကြီးတစ်ခုဖြစ်သွောGoogle လုပ်ငန်းစုသည် မြန်မာနိုင်ငံတွင် ရုံးခန်း ဖွင့်လှစ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ယခုလအတွင်း လာရောက်လေ့လာမှုများပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် အခိျု့ထံမှ ၅-၉-၂၀၁၂ ရက်က သိရသည်။ Google မှ စီးပွားရေးကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာလ ၁၁ ရက် တွင် ရန်ကုန်သို့ ရောက်ရှိလာပြီး ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းစုကြီးများ နှင့်တွေ့ဆုံသွားရန် ရှိနေကြောင်းသိရသည်။ ''စက်တင်ဘာ ၁၁ ရက်မွှာသသူါန က ကိုယ်စားလှယ်တွေလာပါမယ်။ ဒီမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက် ရုံးခွဲ လာဖွင့်မှာပါ။ ပထမအဆင့် လာပြီးလေ့လာတာ ဖြစ်ပြီးတော့ ဒီကလုပ်ငန်းစုတွေနဲ့ ပူးပေါင်းလို့ရတာရှိရင် ပူးပေါင်းလုပ်ဆောင်သွားပါလိမ့်မယ်''ဟွုGoogle  မှ
ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမည့် ပြည်တွင်းစီး ပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
''Google ၀င်လာရင်တော့ မြန်မာနိုင်ငံရဲ့ နည်းပညာ ကဏ္ဍမှာ လိုအပ်တဲ့ဟာကွက်တွေ သူတို့ဘက်ကထောက်ပြနိုင် မယ်လို့ ယူဆနေတယ် ''ဟု ကျောက်တံတားမြို့နယ်ရှိ နည်းပညာဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှ ဆိုင်ရှင်တစ်ဦးက ပြောကြားသည်။ ''သူတို့သမ္မတကြီးနဲ့တွေ့ဖို့လည်းရှိတယ်လို့ သိရတယ်။ပြီးတော့ အစိုးရအဖွဲ့တွေရော၊ ကုန်သည်/စက်မှုအသင်းချုပ် က ပုဂ္ဂိုလ်တွေနဲ့ပါတွေ့သွားဖို့ရှိတယ်။ ကျွန်တော်တို့နဲ့ ကတော့စင်ကာပူအခြေစိုက် ကျွန်တော်တို့ရဲ့ လုပ်ငန်းစုဘက်ကနေ ဆက်သွယ်ထားတာပါ''ဟွုသသူါန နှင့်တွေ့ဆုံမည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ကပြောကြား သည်။ အင်တာနက်ဝန်ဆောင်မှုတွငွ် Google နှင့် င်္Facebook အပြိုင်အဆိုင် ဖြစ်နေပြီး မြန်မာနိုင်ငံမှသုံးစွဲသူများကြားတွင် ဖေ့စ်ဘွတ်ကို သာမန်အနေအထား အတွက်သာ အသုံးများနေပြီွးGoogle ကိုလုပ်ငန်းခွင်တွင် အသုံးများနေသည်ဟု သိရသည်။  

pyimyanmar journal မှ သိသမျှ ။

No comments:

Post a Comment