Sunday 9 September 2012

Samsung ၏ Galaxy Note 10.1 အား ပြည်တွင်းဈေးကွက်အတွင်း စတင်မိတ်ဆက်ပြသပြီဖြစ် ကြောင်း သိရသည်။



Samsung ၏ Galaxy Note 10.1 အား ပြည်တွင်းဈေးကွက်အတွင်း စတင်မိတ်ဆက်ပြသပြီဖြစ် ကြောင်း သိရသည်။

၎င်း Galaxy Note အား Bluetooth ဟန်းဆက်အသုံးပြု၍ ဖုန်းခေါ်ဆိုနိုင်ပြီး Photoshop အား Professional သုံးနိုင်ခြင်းကြောင့် Desig
ner များ စိတ်ကြိုက်တွေ့နိုင်မည်ဖြစ်သည်ဟု Samsung ၏ Channel Manager ဦးဇော်ကိုကိုက ပြောသည်။

ထို့အပြင် multitaskingုံသုံးနိုင်ခြင်းကြောင့် စီးပွားရေးသမားများအတွက် ကိုက်ညိမှုရှိစေပြီး 2 GB RAM ပါရှိကြောင်း သိရသည်။

Galaxy Note 10.1 ၏ ထူးခြားချက်များဖြစ်သည့် Spen အနေဖြင့် မိမိကိုယ်ပိုင်လက်ရေးဖြင့် သူငယ်ချင်းများထံ စာပေးပို့နိုင်ပြီး SNote function သည်လည်း မိမိတို့ ရေးသွင်းသည့် ဖော်မြူလာများ၊ ပုံများ အား တိကျစွာ ပုံဖော်ပေးနိုင်မည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

မျက်လုံးဖြင့် ကြည့်ရှုလျှင် အလိုအလျှောက် Screen ပွင့်၍ မျက်လုံးလွှဲပါက Screen ပိတ်မည့် Smart Stay ဆင်ဆာကိုလည်း အသုံးပြုထားကြောင်း သိရသည်။


သုတလင်း ပေါ်ပြူလာ ဂျာနယ် မှ သိသမျှ ။
 

No comments:

Post a Comment