Monday 1 October 2012

မြန်မာ့ယဉ်ကျေးမှုနှင့်အညီရင်းနှီးနွေးထွေးသောမိသားစုဘဝများဆီ


ပရိသတ်တွေရဲ့အချစ်တော်  မင်းသားတစ် ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေတုန်း က လည်း အနုပညာ ဘက်ကို အကောင်းဆုံးဖြစ် အောင် လုပ်ဆောင်ပြီး မိသားစုဘက်ကိုလည်း မလစ်ဟင်း ရအောင် အချိန်ပေးဖြစ်ခဲ့သလို အနုပညာဘက်က နေ စီးပွားရေးဘက်ကို ခြေလှမ်းခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်လာတဲ့အခါမှာလည်း စီးပွားရေး ကိစ္စတွေနဲ့ ခရီးတွေထွက် မအားလပ်တဲ့ ကြားထဲကနေ ကိုယ့်မိသားစုရဲ့ လို အပ်ချက်တွေကို အိမ်ထောင်ဦးစီး တစ်ယောက် အနေနဲ့ ဖြည့် ဆည်းပေးခဲ့တဲ့သူကတော့ အကယ်ဒမီ လွင်မိုးပါပဲ။ ဒီလို သာယာအေးချမ်းစွာနဲ့ မိသားစုဘဝလေး ကို တည်ဆောက် လာခဲ့တာ အခုဆိုရင် ဇနီး၊ သမီး နှစ်ယောက်နဲ့အတူ အိမ်ထောင်သက် တမ်း ၁၅ နှစ် တာကာလထဲတောင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ၁၅ နှစ်အတွင်းမှာ အိမ်ထောင်ဦးစီး တစ်ဦးအနေနဲ့ မိသားစုကို သာယာအေးချမ်းအောင် ပြုစုပျိုး ထောင်လာခဲ့မှုတွေ၊ သမီး ၂ ယောက်ကို လိမ္မာယဉ် ကျေးအောင် သင်ကြားပြသပေးမှုတွေနဲ့ သမီးနှစ် ယောက်အတွက် ပညာရေး စီမံကိန်းတွေ၊ တိုး တက်လာတဲ့ ITခေတ်ကြီးမှာ လမ်းမှားမရောက် အောင် ခေတ်ကာလနဲ့ အညီဆုံးမပဲ့ပြင်မှုတွေကို သိရဖို့အတွက်  အိမ်ထောင်ဦးစီးဖြစ်သူ လွင်မိုးရဲ့ ပြော ပြမှုတွေ နဲ့ အတူ ဇနီးဖြစ်သူ မမေသူ၊ သမီးကြီး
ယွန်း ဝတီလွင်မိုး၊ သမီးငယ် ယွန်းနန္ဒီလွင်မိုး တို့ရဲ့ ကြည် နူး ဖွယ်မိသားစုပုံရိပ်လေးတွေကိုဖော်ပြလိုက်ရ ပါတယ်။
အိမ်ထောင်ဦးစီး တစ်ယောက် အနေနဲ့ မိသားစုကို အချိန်ပေးမှု
မိသားစုကို အချိန်ပေးရတာက သမီး ၂ယောက်ကလည်း ကျောင်းတစ်ဖက်၊ အမျိုး သမီးကလည်း အိမ်မှုကိစ္စတွေနဲ့သမီးရဲ့ကြော်ငြာ ရိုက် တဲ့ ကိစ္စရှိတယ်။ ကျွန်တော်ကလည်း စီးပွားရေးလုပ်ငန်း တွေရှိတယ်။ သောကြာ၊ စနေတို့ဆိုရင် အပြင်မှာ ထွက်ပြီးမိသားစု လိုက် ထမင်း စားတာမျိုးရှိတယ်။ နိုင်ငံခြားခရီးသွား၊ ငပလီ၊ ငွေဆောင်တွေကိုကျတော့ ကလေး တွေ ကျောင်းပိတ်ရက်နဲ့ အလုပ်နဲ့ အချိန် ကို သတ်မှတ်ပြီး အချိန်ပေးဖြစ်တယ်။
သမီး၂ယောက် အတွက် ဖခင်တစ်ယောက် ရဲ့ ဂရုစိုက်မှုနဲ့စိုးရိမ်မှု
သမီး၂ယောက်ကို မိဘတစ်ယောက် အနေနဲ့ ဒီအရွယ်မှာ စိုးရိမ်ရတာက နေမ ကောင်းဖြစ်မှာ၊ ထိခိုက်ဒဏ်ရာရမှာတွေကို စိတ်ပူရတယ်။ ကြီးလာတဲ့အခါ ပညာ ရေးပိုင်း၊ နောက်ထပ်ကြီးလာရင် သမီး ရည်စားကိစ္စ၊ အိမ်ထောင်ပြုမယ့်ကိစ္စတွေပါလာပြီပေါ့၊ လူရယ်လို့ဖြစ်လာတော့ စိုးရိမ်မှုက ရှိရတာပါပဲ။ သမီးတွေကို အခု ခေတ်မှာ အင်တာနက် သုံးတာမျိုးတွေဆို သူတို့အရွယ်နဲ့ မကိုက်ညီတဲ့ အမြင်မတော် တာတွေ မဖြစ်ရအောင် သူတို့ရဲ့ Password ,Facebook တွေ အကုန် မိဘ တွေသိအောင် လုပ်ထားရတယ်။ သူတို့ရှိတဲ့ အချိန်ဖြစ်စေ၊ မရှိတဲ့ အချိန်ဖြစ်စေ ဒါတွေကို ဝင်ပြီးစစ်ရတယ်။ အများတကာ သုံးစွဲ နေတာ တစ်ခုကို ကိုယ့်သမီးကျမှ မသုံးရ ဘူးလို့ ပိတ်ပင်ရင် သူ့မှာ စိတ်ဓာတ်ရေးရာ အပိုင်းတွေ အများ ကြီးဖြစ်သွားနိုင်တယ်။ အများနဲ့လိုက်လျော ညီထွေဖြစ်အောင် လုပ် ပေးရမယ် ဆိုပေမယ့်လည်း ကိုယ့်သား၊ သမီးအပေါ်မှာ စည်းကမ်း တကျ၊ လိမ္မာရေး ခြား ရှိအောင် ဆုံးမပေးဖို့ လိုတယ်။
ဘာသာတရားကို ရိုသေကိုင်းရှိုင်းတတ် အောင် သင်ကြားပြသမှု
သမီးတွေ ဘုရားသွားကျောင်းတက်၊ လူကြီးသူမတွေကို ရိုသေမှု၊ ညဘက်အိပ်ရာ ဝင်ခါနီး တိုင်းမိဘကို ကန်တော့တာတွေကို ယဉ်ကျေးအောင်ဆုံးမတယ်။ ဒါပေမဲ့ကွဲလွဲ နေတာက သူတို့ကျောင်းမှာသင်ကြားရတဲ့ ဘာသာရပ်ပိုင်းဆိုင်ရာတွေနဲ့ မိဘတွေနဲ့ ထိတွေ့တဲ့အပိုင်းမှာကွဲလွဲမှုတွေရှိတယ်။ အဲဒါတွေအကုန်လုံးကို သူတို့တွေ နား လည်အောင် ရှင်းပြရမယ်။ သူတို့လုပ်နိုင် အောင် သင်ပေးရမယ်။ အဲဒီကွဲလွဲမှုကို မြန်မာ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် လိုက် ပြီး ဆက်စပ်ပေးရမယ်။
သမီး၂ယောက်အတွက်  ပညာရေးစီမံကိန်း
နောင်လာမယ့် နှစ်တွေမှာ ကလေး တွေက ပညာတတ်ဖြစ်ဖို့က နံပါတ်တစ် ဖြစ်သွားပြီ။ ကျွန်တော်တို့ စီးပွားရေး လုပ်တဲ့အချိန်မှာ လူတစ်ယောက် ကို အလုပ် တာဝန်ပေး မယ်ဆို ရင် ပညာရေး ပိုင်းတွေက အားနည်းချက်တွေ အများကြီး ရှိနေတာမြင် နေရတာ ပဲလေ။ နောက်နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ရင် ပညာတတ်တွေ အများ ကြီးလိုအပ် လာပြီ။ အဲဒါကြောင့် ကိုယ့်သား၊ သမီးတွေကို ပညာတတ် တစ်ယောက်ဖြစ် အောင် ဦးစားပေး လုပ်နေပါတယ်။
ခေတ်ကာလနဲ့အညီ သမီး၂ယောက်ကို ဆုံးမ ပဲ့ပြင်
အခုခေတ် ကာလက မတူတော့ဘူး။ သားသမီးကို ဆုံးမတဲ့နေရာမှာ သူတို့နား လည်နိုင်တဲ့ အနေအထားနဲ့ ပွင့်ပွင့် လင်းလင်းရှိဖို့လိုတယ်။ အခုချိန် မှာ အစ်ကိုက အပိုလုပ်ပြီး တော့ ပြောလို့လည်းမရဘူး။ မုသား ထည့်ပြီးပြောလို့ လည်းမရ ဘူး။ နည်းပညာ တအား ကျယ်ပြန့်တဲ့အတွက် ကိုယ်ပြောတာ မှန် လား၊ မှားလားဆိုတာ သူ တို့က ၁၅မိနစ်၊ နာရီဝက်အတွင်း မှာ သူတို့သိသွား နိုင်တဲ့ကိစ္စ တွေရှိ တယ်။ သူတို့ လက်ခံအောင် ကိုယ့်ဘက်က ကြိုးစားပြီး ပြောဖို့ လိုပါတယ်။

မေမွန်မောင် ပေါ်ပြူလာ မှ သိသမျှ ။

1 comment:

  1. အကြီးမလေးချစ်ဖို့ကောင်းလိုက်တာနော်

    ReplyDelete