Monday 15 October 2012

ပရိသတ်တွေ အတွက် စန္ဒီမြင့်လွင် ရဲ့ ‘ရှော့ခ်’ဗီစီဒီ ထွက်ပြီ


တေးသံရှင် သရုပ်ဆောင်စန္ဒီမြင့်လွင် ရဲ့ ‘ရှော့ခ်’ဗီစီဒီအတွက် စာနယ်ဇင်း မိတ်ဆက်ပွဲကို PARK ROYAL HOTEL မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။စန္ဒီမြင့်လွင်က ၂ဝ၁၁မေလမှာ ပထမတစ်ကိုယ်တော်ခွေဖြစ်တဲ့ ‘ဆေးရောင်လှလှ ခြယ်ရအောင်’ စီဒီ ကိုထွက်ရှိပြီး၊ ဗီစီဒီကိုတော့ ၂ဝ၁၁ဒီဇင်ဘာမှာ ထွက်ရှိ ထားတာဖြစ်ပါတယ်။
ဒုတိယအခွေဖြစ်တဲ့’ရှော့ခ်’ဗီစီဒီကိုတော့ ၂ဝ၁၂ အောက်တိုဘာ ၂၁ရက်နေ့မှာ Bo Bo Music က ဖြန့်ချိမယ်လို့သိရပါတယ်။ အချိန်ကာလက ၂လပဲ ကြာပေမယ့်လည်း ‘ရှော့ခ်’ဗီစီဒီ ရိုက်ကူး ဖို့စီစဉ်ထားတာ တော်တော်လေးကြာသွားပါပြီလို့ပြောတဲ့ စန္ဒီမြင့် လွင်က”ဒီးဒီက ဗီစီဒီရိုက်ကူးဖို့အတွက် အားလုံးကို စီစဉ်ဖြစ်ပြီးမှ ရိုက်တာပါ။ အဲဒါကြောင့်လည်း ၂လပဲ ကြာသွားတာပါ။ ဒါရိုက်တာတွေကိုလည်း တစ်ယောက်တစ်ပုဒ်စီ အပ်လိုက်တာပါ။ ပရိသတ်တွေကလည်း ဒီးဒီရဲ့ ‘ရှော့ခ်’ ဗီစီဒီကို ကြည့်ချင်ပြီ လို့ ပြောကြတဲ့အတွက် အကောင်းဆုံးဖြစ်အောင်၊ ကိုယ်လုပ် တတ်သလိုလေး၊ ကိုယ်နိုင်တာလေးတွေနဲ့
လုပ်ဖြစ်တာပါ။ ထူးထူးခြားခြားလေး ဖြစ်အောင်လို့ တော့ အာမ မခံရဲဘူးပေါ့။ ဒီအခွေမှာလည်း ပထမအခွေနဲ့မတူဘဲ အများကြီးငွေရော၊လူရော အားဖြည့်ကြိုးစား ထားပါတယ်”လို့ ပြောပါတယ်။
‘Shock’ဗီစီဒီကို ရိုက်ကူးတာ အချိန်ကာလ နှစ်လကြာပါတယ်လို့ဆိုတဲ့ တေးသံရှင် သရုပ်ဆောင် စန္ဒီမြင့်လွင်က..”ဒီးဒီ ဒီအခွေမှာ ပထမအခွေနဲ့ မတူအောင် ထူးထူး ခြားခြားလေး လုပ်ထားပါတယ်။ ပြီးတော့ အမြဲတမ်း ခေတ်မီအောင် ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ ဇော်ကိုကိုက ဒီးဒီရဲ့ အခွေမှာTitle ဖြစ်တဲ့ ‘Shock’သီချင်းရယ်၊ ‘ချစ်နေတုန်းပဲ’ဆိုတဲ့ သီချင်းကို ရိုက်ကူးပေးထားပါတယ်။ ‘ပျော်ပါစေ’ဆိုတဲ့ သီချင်းကိုတော့ ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)က ရိုက်ကူးပုံဖော်ပေး ထားပါတယ် လို့ဆိုပါတယ်။ စန္ဒီမြင့်လွင် ရဲ့ ‘Shock’ VCDကိုတော့ အောက်တိုဘာ ၂၁ရက်နေ့ Junction Square မှာ ညနေ၃နာရီကနေ ၅နာရီအထိ လက်မှတ် ရေးထိုးမှာဖြစ် ပြီး၊ အောက်တိုဘာ ၂၈နေ့ ညနေ ၅နာရီ မှာတော့ မန္တလေးက မနောရမ္မံကစားကွင်းမှာ ပြုလုပ်မယ့် ရှိုးပွဲမှာလည်း ဂျောက်ဂျက်ရဲ့ ‘တိုင်းသိပြည်သိ’ အခွေနဲ့ အတူတူ ပရိုမိုးရှင်း လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Popular မှသိသမျှ ။

No comments:

Post a Comment