Friday 26 October 2012

မျက်နှာ ခွဲစိတ်ပြုပြင်မူ၏ နောက်ဆက် တွဲ


ပြည်တွင်းတွင် အလှအပ ပြုပြင်ခြင်းဆိုင်ရာ ခွဲစိတ်နိုင်သည့် နေရာများလည်း များပြားလာပြီး
ကျွမ်းကျင်မှုမရှိခြင်း ကြောင့်ဖြစ်လာသည့် နောက်ဆက် တွဲ ဆိုးကျိုးခံစားရသူများ လည်းများပြားလာကြောင်း ရန်ကုန်၊ မန္တလေးရှိ အရေပြား ဆိုင်ရာပညာရှင်များက ပြောကြားသည်။ အလှအပနှင့် ဆိုင်သော ခွဲစိတ်မှုများတွင်အသက် ၂၄နှစ်ဝန်း ကျင် အမျိုးသား၊ အမျိုးသမီးငယ် များမှစ၍ အသက် ၆၀ ဝန်းကျင် အထိ ပါဝင်သည်။

မြန်မာနိုင်ငံ အထက်ပိုင်း တွင် နေထိုင်သည့် စီးပွားရေးလုပ် ငန်းရှင် အမျိုးသမီးတစ်ဦးသည် ၂၀ဝ၈ ခုနှစ်က မန္တလေးမြို့တွင် ခွဲစိတ်ပြုပြင်ရာမှ သူမ၏ နှာခေါင်း ပုံပျက်သွားသည့်အတွက် ပြင်ပ တွင် ပြန်လည် သွားရောက်ပြုပြင် ခဲ့ရပြီး စိတ်သောက ရောက်ခဲ့ရပုံ ကို ယခုကဲ့သို့ ရင်ဖွင့်သည်။ ခွဲစိတ် ပြုပြင်ရန် စတင်ဆွေး နွေးစဉ်မှ လိုချင်သည့် ပုံစံအား ရရစေမည်ဟူသော ကတိအလွယ် တကူပေးခဲ့သော်လည်း ခွဲစိတ်ပြီး ပတ်တီးဖြေသည့် အချိန်တွင် ပြထားသည့် ပုံစံမဟုတ်ဘဲ မခွဲစိတ် မီကလည်း ကြိုတင်ပြောပြထား ခြင်းမရှိသည့် နှာခေါင်းဘေး အသားများပါ လွှာချပြီး နှာခေါင်း အား သေးအောင် ပြုလုပ်ထား ကြောင်း သူမက ပြောသည်။
"နှာခေါင်းဘေးမှာလည်း အမာရွတ်တွေနဲ့ပေါ့။ ကလေးနှာ ခေါင်းလို သေးသေးလေးဖြစ်သွား တဲ့အပြင် မျက်နှာနဲ့ ဘယ်လိုမှ လည်း အဆင်မပြေတော့ ဘူး။ အဆိုးဆုံးကတော့ ဖြတ်လိုက်ပြီး ပုကျသွားတဲ့ နှာခေါင်းမှာ နှာရိုး က လက်နဲ့ ကိုင်လိုက်တိုင်း လှုပ်စိ လှုပ်စိ ဖြစ်နေတာ။ လှုပ်လိုက်တိုင်း လည်း ခေါင်းတွေ မူးပြီး တော် တော်ကို ရုပ်ပျက်ဆင်းပျက်ဖြစ် ခဲ့တာ။ အဲဒီအချိန်တုန်းက တွေ့တဲ့
သူတိုင်းကလည်းပြောနဲ့ ရှက်လွန်း လို့ အပြင်ကိုလည်း မထွက်ရဲခဲ့ ဘူး" ဟု ၄င်းက ဆက်လက်ပြော သည်။
ပလတ်စတစ် ဆာဂျရီဆိုသည်မှာ ပုံစံပြင်သော ခွဲစိတ်မှု ဘာသာရပ်တစ်ခုဖြစ်ပြီး ခွဲစိတ်မှု တိုင်းတွင် တွေ့ရသော ပြဿနာ များအတိုင်း ဖြစ်ပွားနိုင် သည့် အ ပြင် ကျွမ်းကျင်မှုမရှိခြင်းကြောင့် ထိုအစိတ်အပိုင်းများ ပျက်စီးခြင်း ကိုပါ ခံစားရနိုင်ကြောင်း အရေ ပြားအထူးကုဆရာဝန် ဒေါက်တာ မြတ်စန္ဒာကျော်က ပြောသည်။ "တချို့တွေဆိုရင် လေဆာ ဆိုပြီး မျက်နှာကို မီးနဲ့ ရှို့လိုက် တာတွေ၊ ဝက်ခြံဆိုပြီး မျက်နှာကို ဓားနဲ့ခွဲလိုက်လို့ သွေးတွေ ထွက် ပြီး ဆိုးဆိုးဝါးဝါးတွေ ဖြစ်သွား တာတွေလည်းရှိတယ်။ ငွေသိပ်အများကြီး မသုံးနိုင်တဲ့ ကျောင်းသူလေးတွေ သွားလုပ်ကြတယ်။ မန္တလေးမှာတော့ အဲလိုပြ ဿနာတွေ တဖြည်းဖြည်း ပိုများပြား လာတယ်" ဟု မန္တလေးမြို့မှ အထွေ ထွေအရေပြားနှင့် လေဆာအလှ အထူးကု ဆေးခန်း တစ်ခုမှ အရေ ပြားကုဆရာဝန်တစ်ဦးက ပြော သည်။
အလှအပနှင့်ဆိုင်သော ခွဲ စိတ်မှုများသည် အသေးစားခွဲစိတ်မှု ဖြစ်သော်လည်း ခွဲစိတ်မှုတိုင်းတွင် သက်ရောက်မှုရှိသည့် ပိုးဝင်ခြင်း၊ သွေးထွက်ခြင်း၊ သွေးကြောပိတ် ခြင်း၊ သွေးခဲပိတ်ခြင်းများ မေ့ ဆေးမတည့်ခြင်းများမှအစ ခွဲစိတ်သည့် မေ့ဆေးပေးချိန်ကြာရှည် သည့်အခါဖြစ်လာသည့် အန္တရာယ် အပြင် ဝါရင့်ကျွမ်းကျင်မှုများ၊ ခွဲ စိတ်ပြီးချိန်နှင့် မခွဲစိတ်ခင် အချိန်ပါ အရေးကြီးသော ကျန်းမာရေး စောင့်ရှောက်မှုပေးရန် လိုအပ် ကြောင်း ဒေါက်တာမြတ်စန္ဒာ ကျော်က ပြောသည်။ "အဲဒီမန္တလေးကဆရာဝန်က တော့ အဆင်မပြေဘူးဆိုတော့ ပြန်လာခဲ့လေ၊ ပြန်လုပ်ပေးမယ် ဆိုပြီးပဲ လွယ်လွယ်ထပ်ပြောတာ ပဲ။ ဒါပေမဲ့ မသွားရဲတော့ဘူး။ ဒါပေမဲ့ ကိုယ့်လိုပဲ သူများတွေ ကြုံ ရမှာဆိုးလို့။ ပိုက်ဆံတစ်ခုတည်း ကြည့်ပြီး သူမစွမ်းဆောင်နိုင်တဲ့ ကိစ္စကြီးကို လွယ်လွယ်လေး လုပ် လိုက်တာ။ ပြန်လည်း မပြင်နိုင်တဲ့ သူတွေအတွက်ကတော့ တစ်သက် လုံးသောကရောက်နေရမှာ။ ကိုယ့် လိုသူများတွေ ဖြစ်မှာဆိုးတယ်" ဟု သူမက ဆက်လက်ပြောသည်။
"စင်ကာပူမှာ သွားပြင်တဲ့ အခါကျတော့ အဲဒီက ဆရာဝန်က ဒီလောက်လွယ်လွယ်နဲ့ မပြင်တတ် ဘဲပြင်ထားပါလားဆိုပြီး အရမ်းကို အံ့ဩနေတာ။ ပြီးတော့ ဆီလီကွန် နှစ်ချောင်းထည့်ရမှာကိုလည်း တစ်ချောင်းတည်းထည့်ထားတယ် လို့လည်း ပြောတယ်" ဟု သူမ၏ ပြန်လည်ခွဲစိတ်သည့် အတွေ့အကြုံ ကိုပြောသည်။ ပုံမှန် အစိတ်အပိုင်းအား ပြု ပြင်ရန် ပိုက်ဆံကုန်ကျမှုနည်းပြီး ပြင်ရန် လွယ်ကူသော်လည်း ဖြတ် တောက်ထားသည့် အစိတ်အပိုင်း အား ပြန်လည်ပြုပြင်ရန်မလွယ်ကူ သကဲ့သို့ ငွေကုန်ကြေးကျမှုလည်း ပိုမိုများပြားကြောင်း သိရသည်။ "အခုက မျက်နှာအစိတ်အ ပိုင်း ခွဲစိတ်ပြုပြင်တာတွေကို အရေပြားဆေးခန်းလိုလို အလှပြင် ဆိုင်လိုလိုတွေ ဖွင့်ထားပြီး လာတဲ့ ဧည့်သည်ကို စည်းရုံးပြီး လုပ်တာ ကနေ ပြဿနာ တွေလည်း များ လာတယ်။ မလုပ်သင့်တာတွေ လုပ်ရာကနေ အခြေအနေတွေ တော်တော်ဆိုးပြီး ရောက်လာတဲ့ သူတွေလည်း အများကြီးဖြစ်လာ တယ်" ဟု မန္တလေးမြို့မှ ထိုအရေ ပြားအထူးကု ဆရာဝန်က မှတ် ချက်ပြုပြောကြားသည်။
ပြည်တွင်းတွင် မျက်နှာအလှ အပ၊ မျက်နှာအရေပြားနှင့် ဆိုင် သည် ခွဲစိတ်မှုများ စတင်ခေတ်စား သည့် ၂၀ဝ၄ ခုနှစ်ခန့် အချိန်ထက် ယနေ့အချိန် တွင် နေ့စဉ် စိတ်ဝင် စားသူ တစ်ဆကျော် များပြားလာ သည့်အပြင် မျက်နှာ အရေပြား နုပျိုစေရန်အတွက် ယခင်က ဆေးထိုး၊ ဆေးလိမ်း စသည်တို့ဖြင့် သာဆောင်ရွက်နိုင်ရာမှ ယခုကုသ မှုခံယူသူ၏ ၄င်း၏ခန္ဓာကိုယ်ထဲမှ Steam Cell ကို ထုတ်၍ မျက် နှာအရေပြားအတွက် ပြန်လည် အသုံးပြုပြီး လေဆာနည်း ပညာ နှင့် ပေါင်းစပ်၍ အရေပြားနု ပျိုစေရန်အတွက်ပါ ဖန်တီးမှုများ စသည့် ခေတ်မီ နည်းလမ်း များပါ ပြည်တွင်းတွင်ပင် ဆောင် ရွက်နိုင် ပြီဖြစ်ကြောင်း Laser Face မျက် နှာအရေပြား အထူးကုလေဆာ ဆေးခန်းမှ ဒေါက်တာဆွေဆွေ ဝင်းကပြောသည်။ အနောက်နိုင်ငံ များမှ ရင်သားနှင့် ပတ်သက်သော ခွဲစိတ်ပြု ပြင်မှုများ များပြားလေ့ရှိသော် လည်း အရှေ့ပိုင်းနိုင်ငံများတွင် မျက်နှာ(မျက်လုံး၊ နှာခေါင်း၊ ပါး၊ လည်ပင်း) စသည့် ခွဲစိတ်မှု ပို၍ များပြားသည်။ ပါးအရေပြားတွဲကျခြင်း၊ လည်ပင်းအရေပြား တွဲကျခြင်း များအား တင်ပေးခြင်း၊ မျက်နှာ အရေပြား တင်ပေးခြင်း၊ မျက်ရစ် ဖော် မျက်ရစ်ပြုပြင်ခြင်း၊ မျက် အိတ်အဆီထုတ်ခြင်း၊ နှာတံဖော် နှာခေါင်းထိပ်ချွန်ပေးခြင်း၊ နှာ ခေါင်းပေါက်ကျဉ်းပေးခြင်း၊ ပါး ချိုင့်ဖော်ပေးခြင်း၊ ပါးဖောင်းပေး ခြင်း၊ မေးစေ့ပြုပြင်ပေးခြင်း၊ ရင် သားကြီးအောင်နှင့် ကြီးနေသည် ကို သေးအောင် ပြုပြင်ပေးခြင်း များအပြင် အမျိုးသမီးအင်္ဂါပြုပြင် ပေးခြင်း၊ သားအိမ်ကျုံ့ပေးခြင်း စသည်တို့ဖြင့် အရွယ်အိုမင်းခြင်း အား အန်တု၍ ပိုလှစေရန် ပြုလုပ် နေကြသည်။
"မျက်ရစ် ခွဲစိတ်ပြုပြင်မှု၊ အောက်မျက်အိတ် တွဲကျတာတွ ကို ခွဲစိတ်ပြုပြင်မှု၊ မျက်နှာအရေ ပြားတင်းတာ၊ ဝက်ခြံချိုင့်ခွက်တွေ ကို ခွဲစိတ်ပြုပြင်မှုနဲ့ အမာရွတ်တွေ ကို ခွဲစိတ်ပြုပြင်မှုတွေကို ပိုစိတ် ဝင်စားကြပါတယ်" ဟု ဒေါက်တာ ဆွေဆွေဝင်းကပြောသည်။ အသေးစား ခွဲစိတ်မှုဖြစ် သော်လည်း ဓားကိုင်ခွဲစိတ်မှုများ အား ဆရာဝန်လက်မှတ် ရရှိထား သူများသာ ဆောင်ရွက်ခွင့်ရှိပြီး ဆရာဝန်မဟုတ်သူများမှအင်ကိုင်၊ ဓားကိုင်ခွဲစိတ်ခြင်းအား ဥပဒေ အရလည်း တားမြစ်ထားသည်။ "ကျွန်မ မျက်ရစ်ဖော်မလို့ အလှပြင်ဆိုင်လို့ ရေးထားတဲ့ ဆိုင် တစ်ဆိုင်ကို ရန်ကုန်လမ်းညွှန်ထဲ က ရှာပြီး သွားဖူးတယ်။ သူတို့ရဲ့ မြို့ထဲက ဆိုင်ရောက်တော့ အဲလို ဟာမျိုးတွေကို ဆိုင်မှာလုပ်တာ မဟုတ်ဘူး။ လိုက်ခဲ့ပါဆိုပြီး ကမ္ဘာ အေးဘုရားလမ်းက နေရာတစ်ခု ကို ခေါ်သွားတယ်။ ဘာဆိုင်း ဘုတ်မှ တင်ထားတာ မရှိဘူး။ ဟိုရောက်တော့ ခွဲစိတ်ခန်းထဲကို ခေါ်သွားတယ်။ ခွဲခန်းကလည်း သန့်သန့်ပြန့်ပြန့်ပဲ။ မလုပ်ခင် တော့ ပြောပြတယ်။ ခွဲတာ အဆင် မပြေရင် ဘာတွေဖြစ်နိုင်တယ် ဆိုပြီး ဖြစ်နိုင်တာကိုတော့ ကြိုရှင်း ပြတယ်။ အခုထိတော့ ဘာမှမဖြစ်သေးဘူး" ဟု မအိက သူမ၏ အ တွေ့အကြုံကိုပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ ပြည် သူ့ဆေးရုံများတွင် မွေးရာပါ မျက်နှာအစိတ်အပိုင်း များအား ပြန်ပြုပြင်ခြင်း၊ မတော်တဆ တစ်ခုခုကြောင့် ထိခိုက် ဒဏ်ရာ ရခြင်း တို့အား ပြန်ပြုပြင်ပေးခြင်းများ သာရှိပြီး ထိုကဲ့သို့ အလှအပအ တွက် ခွဲစိတ်ပြုပြင်မှုများအား အထူးကု အလှပြင်ဌာနများ ဖွင့်လှစ် ၍ သော်လည်းကောင်း အလှပြင် ဆိုင်များတွင် ထည့်သွင်း၍သော် လည်းကောင်း ဆောင်ရွက်ပေး ကြသည်။ ရာဘာ၊ ဂျဲလ်၊ အရည်ဖြင့် ဆီလီကွန် အစားထိုးခြင်းသည် လည်း စိတ်ဝင်စားမှုများပြားပြီး ထို အစားထိုးခြင်းမှလည်း အကြောင်း မသင့်ပါက ပိုးဝင်းခြင်း၊ ပေါက် ထွက်ခြင်း၊ မာသွားခြင်း၊ အရည် အိတ်ဖြစ်သွားခြင်း၊ အနာမကျက် ခြင်း၊ အရွယ်ပိုကြီးခြင်း၊ သေးသွား ခြင်း၊ နေရာရွှေ့သွားခြင်း စသည့် ပြဿ နာများလည်း နောက်ဆက် တွဲ ဖြစ်ပွားလာနိုင်ကြောင်း ဒေါက် တာမြတ်စန္ဒာကျော်က ပြော သည်။ အရေပြား ပြန်လည်ပြည့် တင်းအောင် ပြုလုပ်ကြသည့်အ ခါတွင်လည်း အချို့တွင် ထိုးသော နေရာ နာကျင်ခြင်း၊ ခေါင်းကိုက် ခြင်း၊ သွေးခြေဥခြင်း၊ ရောင် ရမ်းခြင်း၊ သွေးထွက်ခြင်း၊ အနာ စိမ်းပေါက်ခြင်း၊ ဖျားခြင်း၊ အအေး မိခြင်း၊ ခဏတာကြွက်သားများ လျော့ရဲခြင်း၊ ဓာတ်မတည့်ခြင်း၊ ပိုးဝင်ခြင်းစသည်တို့လည်း ဖြစ် ပွားနိုင်ကြောင်း သိရသည်။
နှာခေါင်းခွဲစိတ်မှုအတွက် ပြည်တွင်းတွင် ငါးသိန်းကျော် ကုန်ကျခဲ့ပြီး ထိုပျက်စီးသွားသည့် အစိတ်အပိုင်းအား စင်ကာပူနိုင်ငံ တွင် သွားရောက်ပြုပြင် ရာ သိန်း၄၀ ခန့် ထပ်မံ ကုန်ကျခဲ့သည်။ အချို့ သော ဆေးရုံများတွင် ထိုကဲ့သို့ ပျက်စီးသွားသည့် မျက်နှာအစိတ် အပိုင်းများ ပြန်လည်ပြုပြင်ရန် ဒေါ်လာတစ်သောင်းခွဲခန့် (သိန်း ၁၁၀ ) ခန့် တောင်းကြောင်း အ ဆိုပါ အမျိုးသမီးက ဆက်လက် ပြောသည်။ "ပြန်ပြင်ခဲ့လို့ ဘာမှ မဖြစ် တော့ပေ မယ့် ကျွမ်းကျင်မှု မရှိသူကနေ ကျွန်မလို စိတ်ဆင်းရဲမှုမျိုး မကြုံတွေ့အောင်တော့ သတိထား ကြပါလို့ပြောချင်ပါတယ်" ဟု ထို အမျိုးသမီးက ဆို သည်။


လူထုပုံရိပ် မှ သိသမျှ ။

No comments:

Post a Comment