Sunday 28 October 2012

ဆုချီးမြှင့်ခံ ရတဲ့အတွက် ဖောင်ဒေးရှင်းကို ပိုပြီးတော့ အားစိုက်လုပ်ချင် လာကြောင်း ရဲတိုက်ပြော


အောက်တိုဘာ ၁၃ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုဆု
ချီးမြှင့်ပွဲမှာ ရုပ်ရှင်ဂုဏ်ဆောင်ဆု များကို ချီးမြှင့်ခဲ့ပါတယ်။ တစ်သက်တာ ရုပ်ရှင်ဆု၊ စည်သူဘွဲ့ ထပ်ဆင့် ဂုဏ်ပြုဆုများ၊ ရုပ်ရှင် ဂုဏ်ဆောင်ဆုများ၊ ရုပ်ရှင် သူရဲကောင်းဆု များကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးက ဆုများအသီးသီး ချီးမြှင့်ခဲ့ရာ ရဲတိုက်ဖောင်ဒေး ရှင်းမှလည်း ရုပ်ရှင် ဂုဏ်ဆောင်ဆု ရရှိ ခဲ့ပါတယ်။အဆိုပါ ရုပ်ရှင် ဂုဏ်ဆောင်ဆုကို ရဲတိုက် ကိုယ် တိုင် ဆုတက်ရောက်ယူခဲ့ပြီး၊ ဆုလက်ခံရရှိတဲ့အတွက် ရဲတိုက်ရဲ့ ပီတိစကားကို မေးကြည့်တော့ “ဆုရတဲ့အတွက် ပျော်ပါတယ်။ ဒီလို ဆုချီးမြှင့် ခံရတဲ့အတွက် ပိုပြီးတော့ အားစိုက် လုပ်ချင်လာတယ်။ ဒီလိုမျိုး တွေဆုချီးမြှင့်တာ ကောင်းပါတယ်။ ဝမ်းသာပါတယ်” လို့ ပြောပြခဲ့ပါတယ်။ လတ်တလော မှာတော့ ရဲတိုက်က ‘ချစ်သူရဲ့ အရိပ်’ ဇာတ်ကားကို
သင်ဇာဝင့်ကျော်နဲ့ ရိုက်ကူးနေပြီး နောက် ထပ်လည်း ဇာတ်ကားတွေ ဆက်တိုက် ရိုက်ဖို့ရှိကြောင်း ပြောပြခဲ့ ပါတယ်။

PUPLAR မှ သိသမျှ ။

No comments:

Post a Comment