Wednesday, 31 October 2012

အလုပ်အကိုင် အခွင့် အလမ်းနှင့် ခြေလွတ် လက်လွတ် အိပ်မက်များ


”ကျွန်မဘဏ်မှာ အလုပ်ရဖို့ လုံးဝ မမျှော်လင့်တော့ပါဘူး။ ကျွန်မ အခုချိန် မှာ သင့်တင့်တဲ့ လစာနဲ့ အလုပ်တစ်ခုခုရဖို့ပဲ စိတ် ကူးရှိတော့တယ်” ထိုကဲ့သို့ ပြောသူမှာ ရန်ကုန် မြို့ ဒဂုံမြောက်ပိုင်းမြို့နယ်တွင် နေ ထိုင်သူ မသဇင်။ မသဇင်တစ် ယောက် စီးပွားရေးပညာအဓိကဖြင့် ကျောင်းပြီး ထားသည်မှာ နှစ်နှစ်ရှိ ပြီ။ ကျောင်းပြီးပြီးချင်း ပညာသင် ထောက်ပံ့မှုပေးခဲ့သည့် မိဘနှစ်ပါး ကို တစ်ဖန်လုပ်ကျွေးမှုပြုရန် စိတ် ကူးခဲ့သည်။
သင်ထားသော ပညာ ဖြင့် ဘဏ်တစ်ခုခုမှာ အလုပ် လုပ် ချင်သည်ဟုလည်း စိတ်ကူးယဉ်ခဲ့ သည်။ ထိုအချိန်တွင် အစိုးရက ပုဂ္ဂလိက ဘဏ်များအပြိုင်အဆိုင် ဖွင့်လှစ်ခွင့်ပေးခဲ့သဖြင့် ပိုမိုမျှော် လင့်ခဲ့သည်။ သို့သော် …. ”စီးပွားရေးနဲ့ ကျောင်းပြီးတဲ့ အတွက် ဘဏ်မှာ လုပ်ချင်တယ်။ အဲ့ဒါကြောင့် ကျောင်းပြီးကတည်း က ဘဏ်မှာ CV Form တွေတင် တာ။ ဘဏ်နှစ်ခုမှာ အင်တာဗျူး ဝင်ခွင့်ရခဲ့တယ်။ အလုပ်မရခဲ့ဘူး။ CB ဘဏ်မှာ အင်တာဗျူးဝင်တုန်း က ခေါ်မယ့်ဝန်ထမ်းက လေးဆယ် ကျော်တဲ့။ အင်တာဗျူးလာဖြေတာ က လေးရာကျော်ရှိတယ်။ ဘဏ် တွေက ဝင်ဝင်ချင်း လစာတစ်သိန်း ခွဲပေးတဲ့အပြင်ဖုန်းဆိုလည်း အရစ် ကျနဲ့ဝယ်ပေးတယ်။ Facilities ကလည်း ကောင်းတယ်ဆိုတော့ မိန်းကလေးတော်တော် များများက ဘဏ်မှာလုပ်ချင်ကြတယ်။ အင်တာ ဗျူးတော့ငွေကြေးပိုင်းဆိုင်ရာတွေ မေးတယ်။ မေးတဲ့အထဲက တစ်ခုကို မဖြေနိုင်ခဲ့ဘူး။ နောက်ဘဏ်တွေမှာ အင်တာဗျူး ဖြေရင်းသိရတာက အသိရှိမှအကပ်ရှိမှ အလုပ်ရတာလို့ လည်း ပြောကြတယ်။ ကျွန်မက တော့အဲဒီမေးခွန်း မဖြေနိုင်လို့လား အကပ် မရှိလို့လား မသိဘူး။ အလုပ်မရ ဘူး။ ကျွန်မနဲ့ အင်တာဗျူး အတူတူဝင်တဲ့ သူငယ်ချင်းတစ် ယောက်က အလုပ်ရသွားတယ်။ သူကတော့ အဲဒီဘဏ်မှာ အသိရှိ တယ်လေ”ဟု ဘဏ်ဝန်ထမ်းဘဝ ကို စိတ် ကူးယဉ်ခဲ့သော
မသဇင်ကအလုပ်ရရှိရေး အင်တာဗျူးဝင်ခဲ့ပုံ များကို ပြန်ပြောင်းပြောပြသည်။
ယခု မသဇင်တစ်ယောက် အလုပ်အင်တာဗျူးပေါင်းများစွာ ဖြေခဲ့ပြီးပြီ။ သို့သော် အလုပ်တစ်ခု မျှ မရသေးပေ။ တစ်နေ့ အလုပ် တစ်ခုရမည်ဟု ယုံကြည်လျက်ပင်။ ”ဒီလ ထဲမှာပဲ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှစ်ခုမှာ CV Form တင် ထားတယ်။Office Staff အနေနဲ့ပဲ တင်ထားတာ။ အင်တာဗျူး တစ်ခါဝင်ပြီးပြီ။ ခန့်မှန်းလစာမေးလို့ ရှစ်သောင်းခွဲ လို့ပြောလိုက်တယ်။ အဲဒီအလုပ် လည်း မရပါဘူး”ဟု စိတ်ပျက်အား လျော့သော လေသံ ဖြင့် အသက် ၂ဝ ဝန်းကျင်ခန့်ရှိသေးသူ မသဇင် က ပြောသည်။ အလုပ်လက်မဲ့ ၆ သန်း မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆ဝ ရှိသည့်အနက် အလုပ်လုပ်နိုင် သော ဦးရေမှာ ၃၆ ဒသမ ၈၄ သန်းရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုအလုပ်လုပ်နိုင်သူဦးရေထဲမှ ၃ဝ ဒသမ ၄၉ သန်းသော လူဦးရေသာအလုပ်အကိုင်ရရှိနေပြီး ကျန် ၆ ဒသမ ၃၅ သန်းသော လူဦးရေမှာ အလုပ်လက်မဲ့များ ဖြစ်ကြောင်း သိရသည်။”မြန်မာနိုင်ငံမှာ နှစ်စဉ် လူဦး ရေ ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးလာ တာနဲ့အမျှ အလုပ်လက်မဲ့ ဦးရေက လည်း နှစ်စဉ်တစ်သန်းလောက်တိုး ပွားနေတယ်” ဟု အ လုပ်သမား ဝန်ကြီးဌာန ဒုဝန်ကြီးဦးမြင့်သိန်းက ပြောသည်။အထက်ပါ အလုပ်သမားဝန် ကြီးဌာန၏ စာရင်းဇယားသည် အ လုပ်သမားမှတ်ပုံတင်စာရင်းနှင့် အ လုပ်အ ကိုင်ရရှိမှု စာရင်းများကို သာအခြေခံ တွက်ချက်ထားခြင်း ဖြစ်ရာ ရာနှုန်းပြည့် မှန်ကန်မှုရှိသည် ဟုတော့ မဆိုနိုင်ချေ။ မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိရာ တော ရော၊ မြို့ပါမကျန် အလုပ်လက်မဲ့ဦး ရေ များပြားစွာရှိနေသည်။ အလုပ် အကိုင်အခွင့်အလမ်း များပြားစွာ ရှိနေသော ရန်ကုန်မြို့ကြီးတွင် မသဇင်ကဲ့သို့ အလုပ်လုပ်ချင်စိတ်ရှိ ပြီးအလုပ်အကိုင်မရှိသူ များစွာရှိ နေသလို ရန်ကုန်မြို့ရှိ လူငယ် ယောက်ျားလေး အတော်များများမှာ နေ့စဉ် လက်ဖက်ရည်ဆိုင်၊ ဂိမ်း ဆိုင်နှင့် အင် တာနက်ဆိုင်များတွင် ဒုနှင့် ဒေးရှိနေသည်။ တက်စရာသင်တန်းတွေက များ ”B.Com နဲ့ကျောင်းပြီးဖို့ ၄ နှစ်တက်ခဲ့ရတယ်။ ကျောင်းပြီးတော့ တစ်နှစ်လောက် အလုပ်မဝင်သေး ဘဲနဲ့LCCI၊ Computer သင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေ လျှောက် တက်ခဲ့တယ်။LCCI ဆို Level 2 အထိ တက်ခဲ့တယ်။ ကွန်ပျူတာ ဆိုအခြေခံလိုအပ်တာအကုန်ပဲ။ ဒီသင်တန်းတွေအတွက် သင်တန်း ကြေးက အနည်းဆုံး မကုန်ဘူးဆို ကျပ် သုံးသိန်းလောက်ရှိမယ်။ အခု စာရင်းကိုင်အလုပ်နဲ့ မီဒီယာတစ်ခု မှာ အလုပ်ဝင်လုပ်နေတယ်။ အင် တာဗျူးခေါ်တုန်းကလည်း ဘွဲ့တွေ ကိုကြည့် ပြီး ခေါ်ခဲ့တာပဲ။တကယ့် တကယ်အလုပ်ထဲကျတော့ ကိုယ် သင်ခဲ့ရတာနဲ့ လုပ်ရတာ တခြား စီဖြစ်နေတယ်။ ဒါကြောင့် အလုပ် ကထွက်လိုက်တာတစ်နှစ်လောက် ရှိပြီ”ဟု အသက် ၂၅ နှစ်အရွယ် မသဲစုမိုး ကပြောသည်။
မသဲစုမိုး နည်းတူ ရန်ကုန်မြို့ရှိ ငွေကြေး အတန်အသင့်တတ်နိုင်သူ လူငယ် အတော်များများသည် ကျောင်းပြီး ပါက လုပ်ငန်းခွင် ချက်ခြင်းဝင် ရောက်မှုမရှိဘဲ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန် ရည်ရွယ် ၍ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စာရင်းအင်းသင်တန်း စသည့် သင်တန်းပေါင်းစုံ ကို ငွေကြေးများစွာအကုန်အကျခံ၍ ဆက်လက် တက်ရောက်ကြသည်။ ထို့ပြင် နယ်မှလာ၍ အလုပ်တစ်ခု လုပ်ရင်း သင်တန်းလာရောက် တက်သူများ လည်းရှိ သည်။ ထို့အတွက် ရန်ကုန် မြို့အပါအဝင်မြန်မာနိုင်ငံရှိ မြို့တိုင်း တွင်ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊စာရင်းအင်းသင်တန်း များ တစ်ခေတ်ဖြစ်လာခဲ့သည်။ ”ကျွန်ေ တာ် ကွန်ပျူတာသင် တန်းတက်ခဲ့တယ်။ LCCI တက်ခဲ့ တယ်။ ကွန်ပျူတာနဲ့ ပတ်သက်လို့ တစ်နှစ်လောက် Service Centre မှာ လုပ်ခဲ့တယ်။ ကျွန်တော် သင်ခဲ့ တာနဲ့ ပတ်သက်လို့ ဒါပဲ လုပ်ခဲ့ရ တယ်။ ကုမ္ပဏီက အကြောင်း ကြောင်းကြောင့် နားသွားတော့ ကျွန်တော် အလုပ်လက်မဲ့ဖြစ်တယ်။ အကြာ ကြီးနေလို့ အလုပ်ပြန်ရတော့ သင် ထားတာတွေနဲ့ ဘာမှ မဆိုင် ဘူး။ ဦးလေးရဲ့ ထောက်ခံချက်နဲ့ အလုပ်တစ်ခု ရတယ်ဆိုတာပဲ အဖတ်တင်တယ်။ ဒါဆို ဘာလို့ ကျွန်တော်ပညာသင်မလဲ။ အလုပ် ရှာတဲ့ ကုမ္ပဏီတွေကရော လူတစ် ယောက်ရဲ့ အရည်အချင်း ထက် ဓာတ်သိရဲ့ ထောက်ခံချက်ကို ပို အလေးထားသလိုပဲ။ နောက်ဆုံး စာရင်းချုပ်လိုက်တော့ ဘာသင် တန်း၊ ညာသင်တန်းဆိုတာတွေကို လူတွေက ပိုက်ဆံပေးလုပ်ကျွေးနေ ကြတာ”ဟု ကိုသက်ထွန်းနိုင်ဆိုသူလူငယ်တစ်ဦးက ပြောသည်။”LCCI Level 3 လက်မှတ် ရှိမှဆိုပြီးေ ခ်ါတယ်။ အင်တာဗျူး တော့ သူတို့ပေးတဲ့ လစာနဲ့ ကိုယ် သင်ထားရတာနဲ့ မတန်ဘူး။ ကိုယ် က ပညာလိုချင်ရင်တော့ တန်ပါ တယ်”ဟု အလုပ်ရှင်နှင့် အလုပ်သ မားကြား လိုအပ်ချက် ကွာခြားမှုကို ရှင်းပြသည်။
တိုင်းပြည်အတွင်း၌ အထက်ပါ ကဲ့သို့ လုပ်ငန်းရှင် လိုအပ်ချက် နှင့် လုပ်သားများ၏ လုပ်နိုင်စွမ်းကို ရေရှည်တွင် ထည့် သွင်းစဉ်းစားရ မည်ဖြစ်သည်။ထုထည်ကြီးကြီးမား မား မဟုတ်သော်လည်း နည်းပညာ အသားပေး နိုင်ငံတကာမှ လာမည့်ရင်းနှီးမြှုပ်နှံသူများက ထိုအချက်ကို ဦးစွာထည့် သွင်းစဉ်းစားမည်ဖြစ် သည်။ ထို့အတွက် တကယ် အလုပ် လုပ်လိုသူများ ကြိုတင်ပြင်ဆင်ထား ရန်လို အပ်သလို နိုင်ငံတော်ကလည်း တက္ကသိုလ်များမှ တစ်ဆင့် ဘာသာ ရပ်အလိုက် ကျွမ်းကျင်သူများ မွေးထုတ်ပေးရေးနှ င့် သက်မွေး ပညာ ရပ်များ သင်ကြားနိုင်ရန် စီစဉ်ပေးဖို့ လိုအပ်ကြောင်း အငြိမ်းစား အစိုးရ ဝန်ထမ်းတစ်ဦးက သူ၏ အမြင်ကို ပြောသည်။နည်းပါးသော အလုပ်အကိုင် အခွင့်အလမ်းနှင့် အလုပ်က လိုအပ် လာမည်ဖြစ်သော လူသား ရင်းမြစ် ဆတူအဆင်သင့်ဖြစ်ရန် မြန်မာလူ ငယ်ထုပေါ်တွင်များစွာမူတည်သည်။ ထိုအချက်က ယခုနှစ်အ တွင်း ရန်ကုန်မြို့၌ မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအဖွဲ့ က နှစ်ကြိမ်တိတိပြုလုပ်ခဲ့သော အလုပ်အကိုင် အခွင့်အလမ်းပြပွဲက သက်သေတည်နေသည်။ ”အဲဒီပွဲတွေမှာ အလုပ်လာ လျှောက်တဲ့ သူတွေအများစုဟာ ငါဘယ်လို အလုပ်ကို လျှောက်မယ် ဆိုပြီး ပြင်ဆင်လာတာနည်းတယ်။ ဒီအတွက် အလုပ်ရရှိမှုနည်းတယ်” ဟု မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီ ထွင်လုပ်ငန်းရှင်များအဖွဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကျင်းပရေး တာဝန်ခံနှင့် အခွင့်အလမ်းဂျာနယ် တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးသန်း စိုးက ပြောသည်။ ယင်းအပြင် အလုပ်အကိုင် ရရှိလိုသူများအနေဖြင့် လုပ်လိုသော အလုပ်နှင့် ကိုယ့်အရည်အချင်းကို သေချာစွာ စစ်ဆေးသင့်သည်။ ထို့ အပြင် အလုပ်လက်မဲ့ များရခြင်း၏ အကြောင်းအရင်းမှာ အလုပ်အ ကိုင်အခွင့်အလမ်းနေရာ နည်းပါး နေခြင်းကြောင့် ဖြစ်ကြောင်း၊ ပြပွဲ ၌ လာရောက်ပြသသော ကုမ္ပဏီ နှင့် အလုပ်အကိုင်ရှာဖွေသည့် လူဦးရေမျှတမှုမရှိကြောင်း ၄င်းက ထပ်လောင်းပြောပြသည်။”ဒီမှာက ကုမ္ပဏီတွေနဲ့ လုပ် ငန်းတွေကတော့ အစုံပါပဲ။ အလုပ် လာလျှောက်တဲ့ သူတွေလည်း အစုံပါပဲ။ အလုပ်အကိုင် အခွင့် အလမ်းရှားပါးတယ်ဆိုတာ က တော့ လုပ်ငန်းအတွေ့အကြုံ ရှိဖို့ ထက် လုပ်ချင်စိတ်ရှိဖို့ပဲ လိုပါ တယ်”ဟု ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးလုပ် ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အေဂျင်စီကို ယုံမိလို့ ”ဆိုင်မှာ ဗီနိုင်းလေးဘာလေး လာအပ်ရင် Photoshop ကျွမ်း ကျင်ဝန်ထမ်း လိုတဲ့အကြောင်း အခွင့်အလမ်းဂျာနယ်ကနေ ကြေ ညာခဲ့တယ်။
အဲဒီမှာ အလုပ်ရှာတဲ့ အေဂျင်စီတစ်ခုက ဖုန်းလှမ်းဆက် ပါတယ်။ အရည်အချင်း စစ်ဆေး ပြီးသား၊ကျွမ်းကျင်တဲ့လျှောက် လွှာရှင် တစ်ယောက် ရထားပါ တယ်ပေါ့။ လာပို့ရမလားဆိုပြီး မေးပါတယ်။ ဟုတ်ပါပြီ။ အကျိုး ဆောင်ခ ဘယ်လိုပေးရမလဲပေါ့။ တစ်ယောက်ကနေ ဆယ်ယောက် အထိ အင်တာဗျူးပို့ပေးရင် ၅ဝဝဝ ယူပါတယ်။ တစ်ယောက်တည်း ဆိုရင်လည်း၅ဝဝဝ ပါလို့ပြော တော့၊ ဟုတ်ပါပြီ၊ ခေါ်လာခဲ့ပါ၊ တကယ်ကျွမ်းကျင်ရင် ခန့်မှာပါလို့ ပြောလိုက်တယ်။ အေဂျင်စီက ဝန်ထမ်းလုပ် ချင်တဲ့ ကလေးတစ်ယောက် လာပို့ ပါတယ်။ စိတ်ချပါ အစ်မ။ ကျွန်မ တို့ အသေအချာစစ်ဆေးပြီးမှ လာ ပို့တာဆိုလို့ လက်ခံလိုက်ပါတယ်။ ကလေးက ဓာတ်ပုံတွေဖြတ်တာ၊ နောက်ခံချိန်း တာ၊ ပြောင်း တာ တွေအဟုတ်ပါပဲ။ ဆိုးတာက အဲ ဒါတစ်ခုကလွဲပြီး တခြားဘာမှ မလုပ်တတ်ဘူး ဖြစ်နေတယ်။ ဓာတ်ပုံအောက်မှာ ပုံစာလည်း ရိုက်ခိုင်းရော ဘာမှ မရိုက်တတ် ဘူး ဖြစ်နေတယ်။ ကျောင်းပညာ က ဆယ်တန်းအောင်တဲ့။ အောင် လက်မှတ်က အတုဖြစ်နေတယ်။ အဲဒါနဲ့ သနားလို့ ၁၅ ရက်စာ လုပ်ခပေးပြီး ပြန်လွှတ်မယ်ဆို တော့ သူ့မှာ လည်း အစ်မတို့က ပေး မယ်လို့ သဘောတူထားတဲ့ တစ်လ စာကို အေဂျင်စီမှာ ပေးခဲ့ရတယ် လို့ပြောတော့ သနားတာနဲ့တစ်လ စာပေးလိုက်ရတယ်။ ဒီလိုအေဂျင် စီတွေ ဆီကနေပို့တဲ့အလုပ်သမား ကို ကျွန်မတို့ ဘယ်လိုယုံကြည်ရ မလဲဟု ကွန်ပျူတာစာစီနှင့် ဓာတ် ပုံဆိုင်ရှင်တစ်ဦးက ပြောပါသည်။ ဥပဓိရုပ်ရှိဖို့လို လက်ရှိ ပြည်တွင်း အလုပ်အ ကိုင်နေရာအများစုသည် ၄င်းတို့ ဝန်ထမ်းဖြစ်လာမည့် သူကို အင်တာဗျူးစဉ်၌ပင် တစ်ကိုယ် ရည်သန့်ရှင်းမှုကို ဆန်းစစ်လေ့ရှိ ကြောင်း ၊ ခေတ်လူငယ်များ၏ နေထိုင်မှု ပုံစံများ ဖြစ်သည့် နားကပ်တပ်ခြင်းနှင့် ဆံပင်ပုံစံထူးထူးခြားခြားများကို သဘောမတွေ့ ကြောင်း၊ အထူးသဖြင့် ကွမ်းစား သော အမျိုး သားများကို အလုပ်ရှင် အတော်များများက ငြင်းပယ်လေ့ ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
သို့သော် လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆက်ဆံရသော အလုပ် အကိုင်ရရှိလိုသူ လူငယ်အတော် များများက အလုပ်အကိုင် တစ်ခု ရရန်အတွက် ၄င်းတို့၏ လက်ထဲ တွင် ဘွဲ့လက်မှတ်နှင့် သင်တန်း ဆင်းလက်မှတ် တစ်ထပ်ကြီး လို အပ်နေသည်ဟုသာ တွေးနေ သည်။ မိမိ လုပ်ကိုင်လိုသည့် အလုပ် အကိုင်အတွက် ကျွမ်းကျင်မှု(Skill) ကို ထည့်တွက်သူမှာ အနည်းအကျဉ်းသာရှိသည်။ လုပ် ငန်းရှင် အချို့ကလည်း မိမိ၏ လုပ်ငန်းခွင် လိုအပ်ချက်ထက် မလိုအပ်သော သင်တန်းဆင်းလက် မှတ်များကို တစ်ပွေ့တစ်ပိုက် တောင်းတော့သည်။ ဘွဲ့လက်မှတ်ထက် အတွေ့အကြုံက အရေးပါ ”အခုခေတ်မှာက ဘာအောင် လက်မှတ်၊ ညာအောင်လက်မှတ်ဆို ပိုက်ဆံအနည်းအကျဉ်းပေးရုံနဲ့ ရနေပြီ။ ဘွဲ့မရတဲ့ သူတစ်ယောက် ကလည်း လိုချင်တဲ့ ဘွဲ့ကို အတု လုပ်လို့ရတယ်။ ဒီတော့ လုပ်ငန်း ရှင်တွေက ကိုယ့်အလုပ်နဲ့ တကယ်အကျွမ်းတဝင်ဖြစ်နိုင်တဲ့သူကို ရွေး ချယ်ခန့်နိုင်ဖို့ လိုတယ်”ဟု မည် သည့်ဘွဲ့လက်မှတ်နှင့် သင်တန်း ဆင်းလက်မှတ်မှ မရှိဘဲ လက်ရှိ တွင် အချိုရည်နှင့် စား သောက်ကုန် ဖြန့်ဖြူးရေးလုပ်ငန်း တစ်ခု၌ မန် နေဂျာအဖြစ် လုပ်ကိုင်နေသူတစ်ဦး က ပြောသည်။
သို့သော် ကွန် ပျူတာဘာသာ ရပ်ဖြင့် ကျောင်းပြီးထားသူ တာမွေ မြို့နယ်မှ မပြည့်ပြည့်ဟိန်းက အမြင်တစ်မျိုးဖြစ်သည်။ ၄င်းအမြင် သည် အထက်က ဆိုခဲ့သလို မလို လားအပ်သော သင်တန်းဆင်း လက်မှတ် လိုချင်သည့် လုပ်ငန်း ရှင်များနှင့်အတူတူပင်ဖြစ်သည်။”ကိုယ်လိုချင်တဲ့ လုပ်ခလစာနဲ့ နေရာကောင်းကောင်းလိုချင်ရင်တော့ Certificate တွေ အများကြီးလိုမှာ ပါ။ တခြားသူတွေကိုလည်း အကြံ ပေးချင်တာက ကိုယ့်မှာ ကျောင်း ပြီးလို့ ဘွဲ့ရထားရုံနဲ့ အလုပ်လွယ် လွယ်ကူကူမရဘူးဆိုတာပဲ”ဟု မပြည့်ပြည့်ဟိန်း က သူ၏ အမြင်ကို ပြောသည်။ ကျောင်းပြီးလို့ ဘွဲ့တစ်ခုရထား ရုံနဲ့ အလုပ်တစ်ခု ရဖို့ မလွယ်သလို သင်တန်းဆင်းလက်မှတ် တစ်ပွေ့ တစ်ပိုက်နှင့် ရထားသည့် အလုပ် သည်လည်း အလုပ်သမားရော အလုပ်ရှင်အတွက်ပါ ထိခိုက်ပြီး နှစ်ဖက်စလုံးအတွက် ရေရှည်အကျိုး မရှိနိုင်ပါ။ထို့အတွက် မြန်မာပြည် တွင်းက သင်တန်းဆင်းလက်မှတ် တစ်ထပ်ကြီးနှင့် ဘွဲ့ရလူငယ်များ အတွက် ဘာသာစကား (အထူး သဖြင့် အင်္ဂလိပ်စာ) တစ်ရပ်နှင့် မိမိလုပ်ကိုင်လိုသည့် အလုပ်အကိုင် အတွက် တတ်မြောက်ထားမှု၊ ထိုအထဲတွင်ဝါသနာပါ ပေါင်းထည့် ပါကယင်းလုပ်ငန်းထဲက လိုချင် သောရာထူးကို တစ်နေ့ရမည်မှာ သေချာသည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအပြီး မသတ်သေး၍ သိသာသော နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဝင်မလာသေးသ ဖြင့် ပြောရန် စောနေသေးသည်။
ယခု ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ က စိတ်ဝင်စားနေ သည်မှာ သဘာ ဝသယံဇာတ ထုတ်ယူရေးလုပ်ငန်း များသာဖြစ်သည်။ လူအင်အား (တစ်နည်း အလုပ်သမားအင်အား) အများအပြားသုံးရသည့် ကုန် ထုတ်လုပ်မှု လုပ် ငန်းများ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှု နည်းနေသည်ဟု ထင်သည်။ဆင်းရဲမွဲတေမှု ပပျောက်ရေး ကို တရစပ် ပြောနေသည့် သမ္မတ ကြီးအပါအဝင် အစိုးရတာဝန်ရှိသူ များအနေဖြင့် အမှန်တကယ် ဆင်း ရဲနွမ်းပါးမှုလျှော့ချရန်မှာ အထက်က ပြောခဲ့သလို လူသားအရင်းအမြစ် များစွာသုံးနိုင်၊အလုပ်အကိုင် အခွင့်အလမ်းပိုမိုရနိုင်သော ကုန်ထုတ် လုပ်မှု လုပ်ငန်းကို နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းရှင်များ အပြန် အလှန် ရင်းနှီးမြှုပ်နှံနိုင်ရန် မက်လုံး ပေးခြင်း သို့မဟုတ် တိုင်းပြည်၏ အလုပ်အကိုင် အခွင့်အလမ်း အတွက် ပိုမိုလုပ်သာကိုင်သာရှိသည့် အခွင့်အရေးများကိုဥပဒေပြုရာ၌ ထည့်သွင်းရေးဆွဲဖို့ လိုနေခြင်းပင် ဖြစ်သည်။ယင်းသည်တိုင်းပြည်၌ အလုပ် အကိုင် အခွင့်အလမ်း ရှားပါးမှု ကြောင့် ဝေလေလေဖြစ်နေသော လူငယ်များအတွက်၊ အစိုးရအတွက် အကောင်းဆုံးသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်တစ်ခုဖြစ်လာ နိုင်သည်။ ထို့ပြင် အသက်မွေးသင်တန်းကျောင်းများလည်း ကြို တင်စီစဉ်ထားသင့်သည်။ သို့မှသာ အလုပ်ရှင်၏ လိုအပ်ချက်နှင့် လုပ် သား၏ လုပ်ငန်းခွင် စွမ်းဆော င်နိုင် မှုအတွက် လိုအပ်ချက်များ တစ် ထပ်တည်းကျနိုင်မည်ဖြစ်သည်။အချို့က ပြောသည်။ ပြည် တွင်း ၌ အရည်အချင်းပြည့်ဝသော ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿ နာကြုံရနိုင်သည်ဟု ထင်ကြေးပေး နေကြသည်။ ယင်းထင်ကြေးသည် အနည်းစုသာဝင်လာနိုင်သော နည်း ပညာဆိုင်ရာ လုပ်ငန်းများအတွက် ဖြစ်လိမ့်မည်။ကုန်ထုတ် လုပ်ငန်း၌လုပ်ငန်း တစ်ခု ကျွမ်းကျင်ရေးသည် အဓိက ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံ တကာမှကုန်တိုက်ကြီးများ ဟိုတယ် ကြီးများ လာရောက်ရင်းနှီးလုပ်ကိုင် ပါကများစွာသော လုပ်ငန်းလိုအပ် ချက်များ ပေါ်လာမည်။ အခြားဝန်ဆောင်မှုလုပ်ငန်းများစွာလည်း ရှိ နေသေးသည်။ ဘာသာစကားနှင့် မိမိလုပ်လိုသော လုပ်ငန်းအေ ကြာင်း သိလျှင် ထိုအလုပ်သမားအတွက် အလုပ်မရ နိုင်စရာမရှိ။

POPULAR NEWS JOURNAL မှ သိသမျှ ။

No comments:

Post a Comment