Wednesday 3 October 2012

အမေရိကန် အိပ်မက် DV ကံစမ်းမဲ စပြီ


အမေရိကန်ပြည်ထောင်စုကို အိပ်မက် မက်နေသူတွေအတွက် ဒီနှစ်တွက် DV ကံစမ်းမဲ အစီအစဉ်ကို ယမန်နေ့ အောက်တိုဘာလ ၂ ရက်က စတင်နေပါပြီ ။ 

အမေရိကန်ကို သွားရောက်နေထိုင်၊ အလုပ်လုပ်လိုသူတွေအတွက် DV ကံစမ်းမဲ လျှောက်လွှာဟာ အရင်တုန်းကလို စာရွက်မှာ ရေးဖြည့်တဲ့ စနစ်မဟုတ်တော့တာ နှစ်အနည်းငယ်ရှိလာပါပြီ။ 

အခု လျှောက်လွှာတွေ ကိုတော့ အွန်လိုင်း ကနေ တဆင့် လျှောက်ထားရမှာဖြစ်ပြီးတော့ နိုဝင်ဘာလ ၃ ရက်နေ့ မှာ နောက်ဆုံး လျှောက်လွှာတင်ပိတ်ရက်ဖြစ် ပါတယ်။ 

 လျှောက်လွှာမှာ ဖော်ပြထားတဲ့ လိုအပ်ချက်တွေကို သေချာ ရေးဖြည့်ပြီး တင်လိုက်ပြီးတော့ ကိုယ့်လျှောက်လွှာ အခြေ အနေနဲ့ ကိုယ့်ကို ရွေးချယ်ခံရ မခံရ အသေးစိတ် အချက်အလက်တွေကို DV
အင်တာနက် စာမျက်နှာမှာ ကြည့်ရမှာပါ။

ရွေးချယ်ခံရတဲ့ ကံထူးသူတွေကိုတော့ ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့မှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ DV ကံစမ်းမဲ အစီအစဉ်ကို ကမ္ဘာတ၀န်းက နှစ်စဉ် လူပေါင်း သန်း ၅၀ လောက်က လျှောက် ထားကြတာ ဖြစ်ပါတယ်။ ဒီအထဲကမှ အမေရိကန် ပြည်ထောင်စုက နှစ်စဉ် လူပေါင်း ၅ သောင်း ၀န်းကျင်ကို ရွေးချယ်ပါတယ်။ 

အခုလို DV ကံစမ်းမဲ အစီအစဉ်နဲ့ပတ်သက်ပြီး အင်တာနက် စာမျက်နှာ လိပ်စာအတုတွေ၊ ကံထူးရှင် DV ကံစမ်းမဲ ပေါက် တယ်ဆိုပြီး အီးမေးလ် လိမ်ညာမှုတွေ ရှိတတ်ပါတယ်။ 

ဒါကြောင့် အခု အောက်က ဖော်ပြပါ အင်တာနက် စာမျက်နှာကို သွားပြီး လုပ်နည်း အဆင့်ဆင့် ကို ဖြည့်စွက်လျှောက်ထားနိုင်သလို မိမိ ရွေးချယ်ခံရမှု ရှိ၊ မရှိကိုလည်း ဒီစာမျက်နှာက ညွှန်ပြချက်အတိုင်း သွားရောက်စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ 
 https://www.dvlottery.state.gov/ ကို ဤနေရာသို့  ယုံကြည်စိတ်ချစွာ သွာရောက် ကံစမ်းလျှောက်ထားနိုင်ပါတယ်။ 
ဧရာဝတီ ဘလောဂ် မှ သိသမျှ ။

No comments:

Post a Comment