Saturday 10 November 2012

အနှိပ်ခံခြင်းကို ကျန်းမာရေး ကုထုံးအဖြစ် ဆရာဝန်နှင့် လူနာများ လက်ခံ


လွန်ခဲ့သော၁၂ လ အတွင်း အနင်းအနှိပ် ခံခဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ စိတ်ဖိစီး မှုကို ဖြေလျှော့ရန်ဖြစ်စေ၊ ဆရာဝန်ညွှန် ကြားချက်ကြောင့်ဖြစ်စေ အနှိပ်ခံခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံသား ၇၅ ရာခိုင်နှုန်းက ပြောကြား သည်။ အမေရိကန် Massage Therapy အစည်းအရုံးမှ ပြုလုပ် ခဲ့သော စစ်တမ်းအရ လူပေါင်း ၈၇ ရာခိုင်နှုန်းက အနှိပ်ခံခြင်းမှာ အထွေထွေ ကျန်းမာရေး အတွက် အကျိုးရှိသည်ဟု ခံယူကြောင်း တွေ့ရှိခဲ့သည်။ အများစုမှာ နာကျင်မှု သက်သာရေး၊ အရောင်လျော့ရေး၊ အကြောအခြင် ပြေလျော့ရေး၊ အတက်ရောဂါ သက်သာရေး၊ ထိ ခိုက်ဒဏ်ရာရခြင်းမှ သက်သာရေး၊ အလွန်အမင်း ခေါင်းကိုက် ခြင်းမှ သက်သာရေးနှင့် နေသာထိုင်သာရှိစေရေး စသည့် အကြောင်းများကြောင့် အနှိပ်ခံခြင်းဖြစ်သည်။ "အနင်း အနှိပ်ခံတာဟာ ကျန်းမာရေးအခြေအနေ အမျိုး မျိုးအတွက် ထိရောက်မှုရှိတယ်ဆိုတာကို ပိုမိုပြီး လက်ခံလာကြ ပါတယ်"ဟု Massage Therapy အဖွဲ့
ဥက္ကဋ္ဌဖြစ်သူ ဆင်သီ ယာရီဘာရိုက ပြောကြားသည်။ အထွေထွေ ကျန်းမာရေးကောင်းမွန်စေရန် အတွက်ဆရာဝန် များကလည်း တိုက်တွန်းအားပေးကြောင်း ဆရာဝန်ဆယ်ဦးလျှင် ခြောက်ဦးခန့် ကနှိပ်နယ်ခြင်းကုထုံးကို အားပေးထောက်ခံကြောင်း စစ်တမ်းတွင် ပါဝင်သူများက ပြန်ကြားခဲ့ကြသည်။


7DAY NEWS JOURNAL မှ သိသမျှ ။

No comments:

Post a Comment