Wednesday 14 November 2012

စုံတွဲအခွေ လုပ်ဖို့ ပြင်ဆင်နေတဲ့ ဖြူဖြူကျော်သိန်း


 တေးသံရှင် ဖြူဖြူကျော်သိန်း က သူ့ရဲ့”မိန်းကလေး တစ်ယောက် အသည်းကွဲနေတယ်” အခွေထဲက “အန္တရာယ်ကြောင်မလေး” သီချင်းကို ရဲတိုက် နဲ့အတူ သရုပ်ဆောင် ပြီး MTV ရိုက်ကူးထားပါတယ်။ သူ့အခွေ အတွက် MTV ကိုတော့ ဒါရိုက်တာ သုံးပေါင်က အများဆုံး ရိုက်ကူး ပေးထားပါတယ်။ ဖြူဖြူကျော်သိန်း ရဲ့ စီဒီ ထွက်ရှိတုန်း က ကာဗာပုံကလည်း အမိုက်စားပဲ ဖြစ်တာကြောင့် ခု MTV မှာကော စီဒီတုန်းက ရုပ်ပုံတွေ ပြန်ပါဦးမလား ဆိုတော့ “အဲဒီ ကာဗာရိုက်တုန်းက တချို့ ဝတ်စုံလေးတွေ နဲ့ ပြန်ရိုက်ဖို့ ရှိတယ်။ စီးရီးခေါင်းစဉ် “မိန်းကလေး တစ်ယောက် အသည်း ကွဲနေတယ်” ကို စီဒီကာဗာ ရိုက်တုန်းက ရိုက်ခဲ့တဲ့ ပြည်တွင်းရေ ကြောင်း ရုံးမှာ ရိုက်ချင်တာ။ ဒါပေမဲ့ အခုက ရှေးဟောင်း အဆောက်အအုံ စာရင်းဝင်သွားတာ နဲ့ တခြားကိစ္စတွေနဲ့ ရိုက်ခွင့် မရတော့ဘူး။ အဲဒါတော့ အမှတ်တရ ဖြစ်သွားတာပေါ့။ ကိုယ်ရိုက်ချင်တဲ့ တိုင်လုံးတွေနဲ့ အဆောက်အအုံတွေမှာ ထပ်ရိုက်လို့ မရတော့ဘူး ဆိုတော့ အမှတ်တရ ဖြစ်သွားတာပေါ့” လို့ပြောတဲ့ ဖြူဖြူကျော်သိန်းက ဒီ အခွေထဲက သီချင်းတွေ အားလုံးကို အားရတယ်လို့ ပြောပါတယ်။ ဒီအခွေထဲက သီချင်း အားလုံးကိုလည်း တစ်ပုဒ်ချင်းစီ အကောင်းဆုံး ရိုက်ကူး သွားမယ်ပြောတဲ့ ဖြူဖြူကျော်သိန်း က ဒီအခွေ ထဲမှာ အချိန်ရဲ့တိုက်စားမှုကို ခံနိုင်တဲ့ သီချင်းမျိုးတွေပဲ ဖြစ်တာကြောင့် သူ့အတွက် မရိုးဘူးလို့လည်း ပြောပါတယ်။ ဖြူဖြူကျော်သိန်းက နောက်ထပ် ထွက်ရှိမယ့် အခွေ ကိုတော့ စုံတွဲခွေ လုပ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ “စုံတွဲခွေ လုပ်ရင်တော့ ကိုယ်နဲ့ လက်တွဲဖြစ်တဲ့ အမျိုးသား တေးသံရှင်တွေနဲ့ တွဲဆိုဖြစ်မယ်။ ပြီးတော့ နောက်ထပ် တစ်ကိုယ်တော်လည်း တည်ထားတာ
ရှိတယ်။ နှစ်ခုစလုံးကိုတော့ ပြိုင်တူ တည်ထားတာပဲ။ အရင်လမ်း ကြောင်း မှန်ပြီး အရင်ပြီး တာကို အရင် ထွက်မယ်ပေါ့။ သီချင်းတွေ က တော့နှစ်ခွေစလုံး အတွက် ၄၊ ၅  ပုဒ် လောက်ရ ထားပြီး ပြီ” လို့ဖြူဖြူကျော်သိန်း ကပြောပါတယ်။
လတ်တလော မှာ တော့ လွန်ခဲ့တဲ့ ၆နှစ်ဝန်းကျင် ကပါဝင် သရုပ်ဆောင် ထားတဲ့ တစ်ကားတည်းသော ရုပ်ရှင် ဖြစ်တဲ့ “ဘော်ဒီဂတ်” ဇာတ်ကားလည်း မကြာမီ ထွက်ရှိတော့ မှာဖြစ်တာကြောင့် အဲဒီကားနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက အဲဒီ အချိန်တုန်းက ဖြူဖြူကျော်သိန်း အနေ နဲ့ အကောင်းဆုံးတော့ ကြိုးစားပြီး သရုပ်ဆောင်ခဲ့ပြီး ငိုရတဲ့ အခန်း တွေမှာတော့ အခက် အခဲ ရှိခဲ့ တယ်လို့ပြောပါတယ်။


 POPULAR MYANMAR မှ သိသမျှ ။

No comments:

Post a Comment