Tuesday 6 November 2012

ကိုရီးယား ရုပ်ရှင်ပွဲတော်သို့ လာရောက်မည့် အနုပညာရှင်များအား အတည်ပြုလိုက်ပြီ


နိုဝင်ဘာလ အတွင်း ကျင်းပ ပြုလုပ်မယ့် ကိုရီးယား ရုပ်ရှင် ပွဲတော်မှာ နာမည်ကြီး ကိုရီးယား အနုပညာရှင် ၂ ဦးဖြစ်တဲ့ Chae Jung-An နဲ့ Mr Choung
Kyung-ho တို့ နှစ်ဦးကို ဖိတ်ခေါ် ထားပြီး လာရောက်ဖို့ အတွက် အတည်ပြုပြီး ဖြစ်တယ်လို့ ကိုရီးယား သံရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အနုပညာရှင် မစ္စတာ ချောင်ကောင်ဟိုဟာ I am Sorry, I love you, Time of Dog and wolf အစရှိတဲ့ ဒရမ်မာ ဇာတ်ကားတွေမှာ သရုပ်ဆောင် ထားပြီး မစ္စ ချဲဂျောင်အန်း ကတော့ Coffee Prince No.1 ဒရမ်မာ ဇာတ်ကားမှာ သရုပ်ဆောင် ထားဖူးတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။

အဆိုပါ ကိုရီးယား ရုပ်ရှင် ပွဲတော် ကိုတော့ နိုဝင်ဘာလ ၉ ရက်နေ့ ကနေ ၁၂ ရက်နေ့ အထိ ရန်ကုန်မြို့ရှိ
သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယား ရက်သတ္တပတ် အဖြစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ MCC ခန်းမ အတွင်း ကိုရီးယား မော်ဒယ်ပြိုင်ပွဲနဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ကနေ ၁၃ ရက်ထိ ဆဋ္ဌမ အကြိမ်မြောက် ကိုရီးယား သံအမတ်ကြီး ဖလား တိုက်ကွမ်ဒို ပြိုင်ပွဲကို သုဝဏ္ဏ အားကစား ကွင်းမှာ ပြုလုပ်ဖို့ ရှိတာ ဖြစ်ပါတယ်။ ထပ်မံပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ မှာတော့ ဒဿမ အကြိမ်မြောက် ကိုရီးယား စကားပြော ပြိုင်ပွဲကို Traders ဟိုတယ်မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကိုရီးယား ရက်သတ္တပတ် အဖြစ် ကိုရီးယား အနုပညာရှင် တွေကို ဖိတ်ခေါ်ကာ ကိုရီးယား ရုပ်ရှင်ပွဲတော် ပြသမှုမှာ Highway Star ၊ Bunt ၊ Fly Penguin ၊ Late Blossom အစရှိတဲ့ ဇာတ်ကား ၄ ကားကို တစ်နေ့ ၃ ကြိမ်ပြသ သွားမှာ ဖြစ်ပါတယ်။ အခုလို ပြသမယ့် ရုပ်ရှင် ပွဲတော် အတွက် လက်မှတ်များ ကိုတော့ နိုဝင်ဘာလ ၂ ရက်နေ့က စတင် ထုတ်ပေးနေပြီ ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ အထိ လာရောက် ထုတ်ယူ သူတိုင်းကို တစ်ဦး အတွက် လက်မှတ် ၂ စောင်နှုန်းနဲ့ ထုတ်ပေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV4 မှ သိသမျှ ။


 

No comments:

Post a Comment