Wednesday 7 November 2012

ကော်ဖီက နှလုံးသွေးကြော ရောဂါလျှော့ချနိုင်


အမေရိကန် အာဟာရ ဓာတ်ဆိုင် ရာ ဆေးပညာ ဂျာနယ်မှ ဖော်ပြထား သော လေ့လာချက် အသစ်တစ်ခု အရ ကော်ဖီ တစ်နေ့လျှင် အနည်းဆုံး ၄ ခွက် (သကြားနှင့် နို့မပါ) သောက် တဲ့သူတွေဟာ နောင်အခါ အမျိုးအစား (၂) ဆီးချို သွေးချို ရောဂါဖြစ် နိုင်ခြေ ကို ၂၃ ရာခိုင်နှုန်း ပို၍လျော့နည်းလာ နိုင်တယ်လို့ ဆိုပါတယ်။ လေ့လာခံ သူပေါင်း ၄၂၆၅၉ ဦးအား သုတေသန ပြုခဲ့ရာ ကော်ဖီ (ကဖင်း) ထဲမှာပါတဲ့ ဓာတ်တိုး ဆန့်ကျင့် ပစ္စည်းများဖြစ်တဲ့ ပိုလီဖီနောလ် များက နာတာရှည် ရောဂါများ ဖြစ်ပွား မှုနှင့် နှီးနွှယ် သော ဓာတ်တိုး စေတဲ့ ဖိစီးမှု ကို လျှော့ ချ နိုင်ကြောင်း တွေ့ရှိ ခဲ့ရတယ် ဟု ဖော်ပြ
လိုက်ပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်တွင် တွေ့ရှိချက်အရ ကော်ဖီ တစ်နေ့လျှင် တစ်ခွက်မှ နှစ်ခွက်ထိ သောက်သော အမျိုးသား များတွင် နှလုံး သွေးကြော ဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း လျှော့ ချနိုင် တယ်လို့ ဖော်ပြခဲ့ ပါတယ်။

YOYARLAY မှ သိသမျှ ။

No comments:

Post a Comment