Sunday, 4 November 2012
အာရှဆင်ကြီးမှ ကိုရီးယား စကားပြောနိုင်
Koshitဟု ခေါ်သော အာရှဆင်ကြီး မှ ကိုရီးယား စကား ပြောဆို နိုင်သည့် အတွက် သိပ္ပံ ပညာရှင်များ လွန်စွာ အံ့အား သင့်ခဲ့ရပြီး ဆင်ကြီး စကားပြောသော
အသံမှာ မသဲကွဲ သော်လည်း နားလည်ရန် လွယ်ကူသည်ဟု ပြောဆိုခဲ့ကြသည်။ ဆင်ကြီးမှာ တောင်ကိုရီးယား နိုင်ငံရှိ Everland Zooသို့ လွန်ခဲ့သော ၅ နှစ်က ရောက်ရှိခဲ့ပြီး လူများနှင့် ထိတွေ့မှု ရှိကြောင်းလည်း သိရသည်။
လွန်ခဲ့သော နှစ်များမှ စတင်ပြီး ဆင်ကြီး၏ စကားပြော နိုင်သော စွမ်းရည်ကြောင့် ခရီးသွားများကို ဆွဲဆောင်မှု တစ်ခု ဖြစ်ခဲ့ သော်လည်း သုတေသန ပညာရှင်များ အနေဖြင့် ယခုမှသာ လေ့လာမှုပြု ခဲ့ကြခြင်း ဖြစ်ပြီး နို့တိုက် သတ္တဝါများမှာ လူသားတို့၏ ဘာသာ စကားများကို တုပပြောဆို နိုင်သည်
ဟုလည်း ဆိုကြသည်။ ကိုရီးယား ဘာသာဖြင့် "Hello" "No" "Sit Down" "Lie Down" "Good " စသည်တို့အား ပြောဆိုနိုင်ပြီး ထိုကဲ့သို့ ပြောနိုင်ရန် အတွက် နှာမောင်း ထိပ်ကို ပါးစပ်ဖျားတွင် ထား၍ လူတို့အသံနှင့် တူအောင် တုပနိုင်ခြင်း ဖြစ်သည်ဟု bbc သတင်းတွင် ဖော်ပြခဲ့သည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment