Friday, 9 November 2012

ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ....


စတီရီယိုခေတ်ဦးမှသည် ယနေ့တိုင် ကိုယ်ပိုင်သံစဉ် တေးသီချင်းများနှင့် ရှင်သန်နေသော နိုင်ငံကျော်အဆိုတော် ဦးခင်မောင်တိုး စင်ကာပူနိုင်ငံတွင် ရောဂါဆေးကုသရင်း ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ် အဆိုတော် ခင်မောင်တိုးမှာ ၁၉၅၁ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး သေဆုံးချိန်တွင် ၆၃နှစ် ရှိပြီဖြစ်သည
်။ အနုပညာလောကကို ၁၉၇၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး နှစ် ၄၀ လုံးလုံး ဂီတလောကကို ချစ်မြတ်နိုးပြီး နားဆင်သူပြည်သူတွေအတွက် သီချင်းအေးအေးများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး လက်ရှိအချိန်အထိ တေးစီးရီး ၃၀ ခန့်သီဆိုခဲ့ကာ နိုင်ငံအတွက် အနုပညာတာဝန်ကျေပွန်ခဲ့သူတစ်ဦးဖြစ်ပါတယ် သေဆုံးချိန်တွင် ဇနီးဖြစ်သူ ဒေါ်ဝေေ၀ခိုင်၊ သားကြီး မင်းမင်းလတ်၊ သားလတ် အောင်ပန်းဦးနှင့် သမီးငယ် ဝေနှင်းခိုင်တို့ ကျန်ရစ်ခဲ့ကြောင်း သိရပါတယ် ။ အဆိုတော် ဦးမောင်တိုးကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း။ 

ဦးဇော် ။

No comments:

Post a Comment