Monday, 14 January 2013
လူတွေမှာလည်း အမြီးတွေနဲ့ဖြစ်ကုန်ပြီ
ဒီနေ့တွေ့မြင် သုံးစွဲနေကြတဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဘယ်ဘုရား သခင်နတ်ဘုရား ကမှ ဖန် ဆင်းပေးခဲ့တာ မဟုတ်ပါဘူး။ လူတွေကသာ အမျိုးမျိုး စိတ်ကူးပုံဖော်ပြီး ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လောကကြီးဟာ လူတွေရဲ့ စိတ်ကူး ပုံဖော်မှုတွေ အတိုင်း ဖြစ်တည် နေတယ်ဆိုရင် မမှားပါဘူး။ အခုလည်း ခွေးတွေ၊ ကြောင်တွေ ကိုကြည့်ပြီး သူတို့မှာ အမြီးပါတာကို အားကျလို့နဲ့ တူပါရဲ့ လူတွေစတိုင်လ် တစ်မျိုးအဖြစ် အသုံးပြုနိုင်တဲ့ အမြီးအတုတွေကို ဂျပန် လူမျိုးတစ်ဦးက ဖန်တီး တီထွင်လိုက်ပါပြီ။ အမြီးတုဟာ ခါးပတ်လို ခါးပေါ် စည်းနိုင်တဲ့ အရာမျိုးဖြစ်ပြီး အသုံးပြုသူတွေ အရမ်း စိတ်လှုပ်ရှား နေကြပါတယ်။ ဒါ့ပြင် ဝတ်ဆင် အသုံးပြု သူရဲ့ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်းကိုပါ အာရုံ ခံသိရှိ ဖော်ပြနိုင်တဲ့ ဆင်ဆာပြားတွေ လည်းတပ်ဆင်ထား တာကြောင့် ကျန်းမာရေး အတွက်လည်း အထောက် အကူ ပြုနိုင်ပါတယ်။ Tially လို့ အမည်ပေး ထားတဲ့ အမြီးတုတွေဟာ ပြီးခဲ့တဲ့နှစ် ကတည်းက
ဂျပန်မှာ တွင်ကျယ်နေပေမယ့် ဒီနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဝယ် ယူရရှိနိုင်တော့မယ်လို့ သိရပါတယ်။ "Tailly က အသုံးပြု သူတွေအတွက် ကြည်နူးမှုရစေမှာပါ။ ကလေးတွေ ကလည်း အရမ်းနှစ်သက် နေကြပါတယ်" လို့ တီထွင်သူ ချိုတာအီရှီဝါ တာရီက ပြောကြားခဲ့ပါ တယ်။
FIRST NEWS JOURNAL မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment