Friday, 11 January 2013

အင်တာနက်သုံးနိုင်သည့် ဆမ်ဆောင်းဂလက်ဆီကင်မရာ ပြည်တွင်းဈေးကွက်စတင်ဖြန့်ချိ


Samsung ၏ အန်းဒရွိုက်စနစ်သုံး Galaxy Camera အားယခုလတွင်း ပြည်တွင်းဈေးကွက်သို့စတင်ဖြန့်ချိပေးသွားတော့မည်ဖြစ်ကြောင်းသိရသည်။
၎င်းကင်မရာသည် အန်းဒရွိုက် ၄.၁ Jelly Bean စနစ်အသုံးပြုထားပြီး 3G ကွန်ရက်ကိုပါ အသုံးပြုသွားနိုင်မည် ဟုသိရသည်။

“ဆင်းကတ်ထည့်ပြီး သုံးလို့ ရတာမို့ ဓာတ်ပုံတွေကို 3Gကွန်ရက် ဒါမှမဟုတ် ၀ိုင်ဖိုင်သုံးပြီး ဝေမျှပေးလို့ ရမှာပါ ဖုန်းပြောလို့မရပေမယ့် စာပို့လို့တော့ရပါတယ်” ဟု Samsung မှတာဝန်ရှိသူမယဉ်ယဉ်ကပြောသည်။
အဆိုပါကင်မရာ၌ ပရော်ဖက်ရှင်နယ်

ကင်မရာများကဲ့သို့ ရိုက်ကူးနိုင်မည့် စနစ်များပါဝင်ပြီး ပြည်တွင်း ဈေးကွက်၌ ငွေကျပ်လေးသိန်းဝန်းကျင်ဖြင့် စတင်ဖြန့်ချိသွားမည်ဖြစ်ကြောင်းသိရသည်။


popular myanmar news journal မှ သိသမျှ ။

No comments:

Post a Comment