Monday, 7 January 2013

ကမ္ဘာ့အသေးဆုံး မျောက်


ပုံမှာ မြင်တွေ့ရတာကတော့ ကမ္ဘာ့အသေးဆုံး မျောက်လို့ သတ်မှတ်ထားတဲ့ Finger monkey ဖြစ်ပါတယ်။
အမှန်တော့ သူ့ရဲ့  နာမည်ရင်းက Pygmy marmoset ဖြစ်ပြီး အိတ်ကပ်ထဲ ထည့်သိမ်းရလောက်အောင် သေးတဲ့အတွက် Pocket monkey, ခြင်္သေ့ ပိစိ၊ မျောက်လက်ညိုး အစရှိသဖြင့် စုံလင်စွာ နာမည် ပေးထားပါတယ်။
တောင်အမေရိကတောမှာ နေထိုင်ကျက်စားပြီး ဘရာဇီး၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ဘိုလီဗီးယား အစရှိတဲ့ နိုင်ငံများမှာ အတွေ့များပါတယ်။ အရွယ်အစား အားဖြင့်ကလည်း ၅.၅ လက်မ ကနေ ၆.၃ လက်မ ဝန်းကျင်
အထိပဲ ရှည်ပါတယ်။ အလေးချိန်ကတော့ ၁၂၀ ဂရမ် ရှိပါတယ်။
ယနေ့ချိန်မှာဆိုရင် မျောက်လက်ညိုးကို အမေရိကန်အပြင် ကမ္ဘာတစ်လွှားက ဈေးကြီးပေးလို့ အလှမွေးလျက် ရှိကြောင်း သိရပါတယ်။

YOYARLAY မှ သိသမျှ ။

No comments:

Post a Comment