Tuesday 15 January 2013

နိုင်းနိုင်းတို့မိသားစု သန်းခေါင်စာရင်းဝင်တစ်ယောက်တိုးပြီ


သရုပ်ဆောင်နိုင်းနိုင်းရဲ့ ဇနီးစန္ဒီ ချိုက တတိယမြောက်သမီးလေးကို ဇန်နဝါရီ ၈ရက်နေ့၊မနက်၂နာရီ ၃၆ မိနစ်က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့ ပါတယ်။ သမီးလေးက ၇ပေါင်၊ ၁၅ အောင်စရှိပြီး ပါမောက္ခဒေါက်တာ ဒေါ်ခင်သိန်းဦးက မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။ သမီးလေးကို မွေးဖွားတဲ့အချိန်မှာ နိုင်းနိုင်းက မန္တလေးမှာ ကြော်ငြာ သွားရိုက်နေတာဖြစ်တဲ့အတွက် ဇနီးရဲ့အနားမှာ ရှိမနေခဲ့ပါ ဘူး။ ဇန်နဝါရီ ၈ရက်နေ့၊ ညနေမှ မန္တလေးကနေ လေယာဉ်နဲ့ ပြန်လည် ရောက်ရှိခဲ့ပြီး ရောက်ရောက် ချင်း ချင်းပဲ ဇနီးနဲ့သမီးလေးရှိတဲ့ ပန်းလှိုင်ဆေးရုံကို သွားကြည့်ရတာ ဖြစ်ပါတယ်။ သမီးလေးကိုမွေးဖွားတဲ့ အချိန မှာ သူလည်း တစ်မနက်လုံး မအိပ်ဘဲ စိတ်ပူခဲ့ရကြောင်းကို နိုင်းနိုင်းက..”သူမွေးမယ့်ရက်မှာ ကျွန်တော်က မန္တလေးကို ကြော်ငြာရိုက်ဖို့ သွားနေတယ်။ မွေးမယ်လို့ မထင် ထားဘူး။ စောသွားတယ်။ စန္ဒီက၉ရက်နေ့မွေးလိမ့် မယ် ထင်ထားတာ။ ဒါပေမဲ့ မှန်း တာထက် တစ်ရက်စောသွားတယ်။ အင်္ဂါသမီးလေး၊ သူ့အမေနဲ့မွေးရက်တူတာ ပေါ့။ မွေးခါနီး အချိန်တုန်းက ဖုန်းနဲ့ ဟိုတယ်ကနေ အမြဲ အဆက်အသွယ်လုပ်နေတာ။ ကျွန် တော်လည်း တစ်ညလုံး မအိပ်ဘူး။ မွေးပြီးမနက်ပိုင်း ၄နာရီလောက်မှ အိပ်ပျော်သွားတာ။ကျွန်တော် မသွား ခင်ကတည်းက စိတ်က ထင်နေလို့ ဒီဆေးရုံမှာ တာဝန်ရှိတဲ့ လူ အကုန်လုံးကို ဖုန်းဆက်ထားပြီး သား။ လာလိမ့်မယ်နော်လို့ ဖုန်းဆက် ထားပြီးတော့ သိပ်မကြာဘူး။ ဗိုက် ကနာချင်သလိုဖြစ်နေပြီ။ ကျွန်တော် တို့ကလည်း လေဆိပ်ရောက်နေပြီ။ ဘာမှမပူနဲ့ အကုန်လုံးပြော ထားပြီး သားလို့။ ဒါပေမဲ့ ခါတိုင်းလို ကလေး လှည့်တာပြုတာဆို ဗိုက်က တစ်ချက် တစ်ချက်နာတတ်တယ်လေ။ မထင် လိုက်ဘူး။ ဒါပေမဲ့ကြိုပြီး တော့မှာထား ခဲ့တယ်။ ဆရာမကြီး ဒေါ်ခင်သိန်းဦးနဲ့ တိုင်ပင်ပြီးတော့ ဆေးရုံကို ကြိုသွား ရင်ကောင်းမယ်လို့ ပြောလို့ ပန်းလှိုင် ဆေးရုံကို ဇန်နဝါရီ၇ရက်နေ့၊ ၈နာရီ လောက်ကသူတို့သွားကြတယ်” လို့ သမီးလေးမမွေးဖွား မီကစိတ်ပူခဲ့ရတဲ့ အကြောင်း တွေကို ပြောပြပါတယ်။ တတိယ မြောက်သမီး လေးမွေးတဲ့နေ့ကအလုပ် ကိစ္စနဲ့အဝေးမှာ ရောက် နေခဲ့တဲ့နိုင်းနိုင်းက အရှေ့ က ကလေးနှစ်ယောက် စလုံးမွေးတဲ့အချိန်မှာ အနား မှာရှိ နေခဲ့ပေ မယ့် အခု တတိယ မြောက်ကလေးမွေး တဲ့အချိန် မှာတော့ ဇနီးဖြစ်သူရဲ့အနား
မှာမရှိတာကတော့ အမှတ် တရပဲဖြစ်ကြောင်း ပြောပါတယ်။
သမီးလေးက ၂ဝ၁၃ နှစ်သစ်မှာ သူ့အတွက် ဘုရားကပေးတဲ့ဆုတစ်ဆု ဖြစ်ကြောင်းကိုနိုင်းနိုင်းက..”အခုလို ကျန်းကျန်းမာမာလေးနဲ့ ရှောရှောရှူရှူလေး မွေးနိုင်တဲ့ အတွက်ကို တော်တော်လေး ဝမ်းသာပါတယ်။ ၂ဝ၁၃မှာ ဘုရား ပေးတဲ့ဆုတစ်ဆုရပြီ။ ပရိသတ်နဲ့ တစ်ထပ်တည်းမဖြစ်သွားတဲ့ဆု အတွက် ကတော့ ကျွန်တော်လည်း ပရိသတ်နဲ့ ထပ်တူ စိတ်မကောင်းပါဘူး။ ပရိသတ်တွေရစေချင်တဲ့
ဒီဆုကို မရခဲ့တဲ့အတွက် ကျွန်တော် စိတ်မကောင်းဘူး။ ဒါပေမဲ့ ပရိသတ်ကပေးတဲ့ဆုနဲ့ အခု ဘုရားပေးတဲ့ဆုကို ၂ဝ၁၃မှာရ လိုက်တဲ့တွက် ကျွန်တော် ကျေနပ်ပါတယ်။ သားသမီးဆိုတာ ရတနာပါပဲ။ ကံကောင်းလို့ကို သားသမီးရတနာရတာပါ” လို့ပြောပါတယ်။
သမီးလေးရဲ့နာမည်ကိုတော့ လောလောဆယ်မပေးရသေးဘူးလို့ ပြောပါတယ်။ ဇန်နဝါရီ၉ရက်နေ့က တော့ စန္ဒီချိုရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မတိုင်ခင်တစ်ရက်မှာ သမီး လေးကိုမွေးတဲ့အတွက် စိတ်ချမ်း သာရတယ်ဆိုတဲ့ စန္ဒီချိုက..”စန္ဒီရဲ့မွေးနေ့မတိုင်ခင် စန္ဒီ မွေးလိုက်တော့ တအားစိတ်ချမ်း သာတယ်။ ဝမ်းလည်းသာတယ်။ စန္ဒီ ရဲ့မွေးနေ့မှာ မွေးရင်တော့ပိုပြီးတော့ Special ဖြစ်တယ်။ ဒါပေမဲ့ စန္ဒီ့ မွေးနေ့မတိုင်ခင် တစ်ရက်ပဲမွေးတော့ အဲဒီတစ်ခုကွာခြားတယ်။ စန္ဒီနဲ့လည်း နေ့တူတယ်။ အင်္ဂါသမီးပဲ။ ကလေး၃ ယောက်စလုံးကို ရိုးရိုးပဲမွေးတာပါ။ စန္ဒီ့အမြင်ကတော့ ရိုးရိုးပဲမွေးတာ ပိုပြီးတော့ သဘာဝဖြစ်တယ်။ သူများတွေက ခွဲစိတ်တာက သိပ်မနာဘူးလို့ သဘောယူတယ်။ စန္ဒီကျတော့ ရိုးရိုးမွေးတော့ စန္ဒီ့အတွက် သိပ်အနာတရမများဘူး။ ခဏလေးပဲ။ မွေးပြီးနောက် နာရီပိုင်းဆိုရင် ကိုယ့် ဘာသာကိုယ် လမ်းလျှောက်လို့ရ တယ်။ ထလို့ရတယ်။ အဲဒီလိုဖြစ်ချင်လို့ ရိုးရိုးပဲ မွေးတာပါ။ ကလေး၃ယောက် စလုံးကို စန္ဒီရှောရှောရှူရှူပဲမွေးခဲ့ တယ်။ ဘာမှအခက်အခဲမရှိခဲ့ဘူး။ အကုန်လုံးကလည်း အောင်မြင်တယ်။ ပထမ ၂ယောက်စလုံးမွေးတုန်းက သူအနားမှာရှိပေးခဲ့တာက စန္ဒီ့အတွက် Special ဖြစ်တယ်။ တတိယမြောက်မွေးတော့ အနားမှာ မရှိပေးနိုင်တာ ကိုလည်း စန္ဒီဝမ်း မနည်းပါဘူး။ သူ့မှာအလုပ်တွေရှိ တယ်ဆိုတာလည်း စန္ဒီနားလည်ပါတယ်။
အခုသမီးလေးမွေးပြီးသွား ပြီဆိုတော့ စန္ဒီတအားစိတ်ချမ်းသာတယ်။ တအားဝမ်းသာတယ်။ သူ ကျန်းမာတယ်။ အင်္ဂါလည်းစုံတယ်ဆိုတော့ မိခင်တစ်ယောက်အနေနဲ့ စန္ဒီစိတ် အေးရတယ်။ နာမည်ကတော့ စဉ်းစားနေတုန်းပါပဲ။ နောက်ထပ်သားသမီးမယူတော့ဘူး။ တော်ပြီ (ရယ်လျက်)။ တော်ပြီလို့ ဒုတိယ မြောက်မှာပြောတာပဲ။ ဒါပေမဲ့တတိယမြောက်ဖြစ်သွားတယ်။ တကယ်တော့ တော်ပါပြီ။ စန္ဒီလည်း ဟိုမှာအလုပ်တွေ၊ ကျောင်း တွေရှိသေးတယ်”လို့ ပြောပါတယ်။
နိုင်းနိုင်း ရဲ့ ဇနီး စန္ဒီချို က သမီးကြီး မြနန္ဒီချို နဲ့ အခု သမီးငယ်လေး ဘေဘီ စန္ဒီချို တို့ကို ပန်းလှိုင် ဆေးရုံမှာမွေးဖွားခဲ့ တာဖြစ်ပြီး သားလတ် အန်ဒါဆန်ချို လတ်ကိုတော့ အမေရိကမှာ မွေးဖွား ခဲ့တာ ဖြစ်ပါတယ်။ နိုင်းနိုင်းရဲ့ သမီး ငယ်လေးအတွက် ဒါရိုက်တာမောင်မောင်ဦး(စနိုးဝှိုက်)က “သမီးလေးကို ကျန်းကျန်းမာမာ ချောချောချူချူနဲ့ မွေးဖွားနိုင်တဲ့အတွက်တအား ဝမ်းသာ ပါတယ်”လို့ ပြောပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့က မွေးပြီးပြီးချင်း သတင်းကြားလို့ သွားကြည့်ခဲ့ တဲ့ မိုးဟေကို ကလည်း “မွေးမွေးချင်းနေ့ကပဲ သွားကြည့် လိုက်တယ်။ ကိုနိုင်းနိုင်းတောင် မန္တလေးရောက်နေတယ်။ မိုးက အရင်ရောက်သွားတယ်။ ဘယ်သူ နဲ့တူလဲဆိုတာတော့ မှန်းရခက် သေးတယ်။ ကိုယ့်ရဲ့သူငယ်ချင်း မိန်းမဆိုပေမယ့် ကိုယ်နဲ့လည်း ခင်နေတယ် ဆိုတော့ တကယ်ကိုပျော်ပါတယ်”လို့ ပြောပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့မှ ကလေးမွေးဖွား တာသိရတဲ့ ဆုပန်ထွာကလည်း “သူငယ်ချင်းနိုင်းနိုင်းရော၊ ညီ မလေးအတွက်ရော ဝမ်းသာပါတယ်။ ညီမလေးမွေးလိုက်တဲ့ ၈ရက် နေ့က မသိလိုက်ဘူး။ ၁၁ရက်နေ့က မှ သိလို့သွားကြည့်ဖြစ်တာပါ။ ညီမလေးကို ချီးကျူးပါတယ်။ ၃ယောက် စလုံးကို ရိုးရိုးပဲမွေးတာ။ သူက ငယ်လည်းငယ်တယ်။ ကလေးတွေကိုလည်း ထိန်းကျောင်းနိုင်တယ်။ တော်ပါတယ်။ မပန်ထက်ဝါတွေ အများကြီးကြီးတယ်”လို့ အနုပညာ သူငယ်ချင်းမိတ်ဆွေတွေက ဝမ်းသာပီတိစကားပြောပါ တယ်။
 
ခိုင်ဝေလွင်၊ ဓာတ်ပုံ-အောင်ဇော်မင်း

popular myanmar.com မှ သိသမျှ ။

No comments:

Post a Comment