Friday, 11 January 2013

အစ္စရေးတွင် ပိန်သောသူများ မော်ဒယ်မလုပ်ရန် ဥပဒေဖြင့် တားမြစ်ထား


အစ္စရေးမှာ ပိန်သူများ မော်ဒယ်မလုပ်ရ ဆိုတဲ့ ဥပေဒ တားမြစ်ထုတ်ပြန် ထားပါတယ်။ အမျိုးသားရော၊ အမျိုးသမီးကိုရော ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့  အမျိုးသမီးတွေကို ရည်ရွယ်ပြီး ထုတ်ပြန်တဲ့ ဥပဒေ ဖြစ်ပါတယ်။


ဘော်ဒီအချိုးအစား Index ၁၈.၅ သတ်မှတ်ထားပြီး အဲ့ထက်ရော့ရင် မော်ဒယ်လုပ်လို့ မရပါဘူး။ ရှိုလည်း လျှောက်လို့ မရပါဘူး။ မပိန်တာကို ပိန်အောင် Photoshop တို့လိုဟာနဲ့ ပြန်လည်ပြုပြင်ဖန်တီးရင်လည်း ဖန်တီးသူက ပြစ်မှုမြောက်ပါတယ်။

၂၀၀၆ ခုနှစ်က တောင်အမေရိကန်မှ မော်ဒယ် နှစ်ဦးဟာ ပိန်အောင် အစာလျော့စားမှုကြောင့် Anorexia အမည်ရ ရောဂါနဲ့ ကွယ်လွန်သွား ပါတယ်။ ယင်းအကျိုးဆက်ကြောင့်ပဲ အိန္ဒိယနဲ့  အီတလီမှာ ပေါင်မပြည့်တဲ့ မော်ဒယ်များကို ပိတ်ပင်တားဆီးခဲ့ပါတယ်။ Bulimia အမည်ရ ရောဂါ တစ်မျိုးလည်း ရှိနေပါသေးတယ်။

ဒီတော့ အစ္စရေးကလည်း ယင်း အပိန်လွန်တဲ့ ရောဂါတစ်မျိုး ရှိလာမှာ မလိုလားပါဘူး။ ပိန်တဲ့ ဖက်ရှင်သာ ခေတ်စားလာရင် ကုလို့မရတဲ့ Anorexia, Bulimia အပြင် အခြားသော အပိန်လွန်ရောဂါများ
ပိုဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် အစ္စရေးမှာဆိုရင် မော်ဒယ်ရှိုးမှာတင်မကပဲ ဘယ်နေရာ ဖြစ်ဖြစ် သာမန်ထက် ပိန်တဲ့ မော်ဒယ်တွေကို လက်မခံတော့ပဲ ဥပေဒဖြင့် တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

International news for myanmar မှ သိသမျှ ။

No comments:

Post a Comment