ငလျင်ဒဏ်ခံရသူများကို ကူညီမယ့် မန္တလေးဂီတပွဲတော်
ရန်ပုံငွေ ကျပ်သိန်း ၂၀၀ကျော်
ရရှိပြီး ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံခဲ့ရသည့်
စာသင်ကျောင်းများကို သွားရောက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ ကျပ်
သိန်းနှစ်ရာအပြင် ဆန်အိတ် ၂၀၀ ကိုလည်း လှူဒါန်းသွားမည် ဖြစ်ကြောင်း
ယင်းပွဲကို စီစဉ်သူများက ပြောသည်။
ရန်ပုံငွေပွဲတွင် မန္တလေးမြို့ရှိ
အနုပညာရှင်များ၊ မြို့မအပျော်တမ်း တူရိယာအသင်း၊ ဧရာဝတီကဇာတ်၊
သတင်းသမားများ၏ တစ်ခန်းရပ် ပြဇာတ်နှင့် လူရွှင်တော် ချစ်စရာဦးဆောင်သော
အငြိမ့် ပါဝင် ကပြမည် ဖြစ်သည်။
အနုပညာရှင်များ မေတ္တာဖြင့် ပါဝင် ကူညီကြသော ဤပွဲတော်ကို မန္တလေးမြို့ စာပေအနုပညာရှင်များနှင့် သတင်းသမားများ စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီ မှ သိသမျှ ။
No comments:
Post a Comment