Tuesday, 8 January 2013

နန္ဒာလှိုင်တို့ တည်ထောင်တဲ့ ‘အသည်း ဖောင်ဒေးရှင်း’မှာ ပါဝင်ဆောင်ရွက်ပေးမယ့် လူမင်း


နန္ဒာလှိုင်နဲ့ခင်ပွန်းဖြစ်သူကို ဇေသီဟတို့ တည်ထောင်တဲ့အသည်း ဖောင်ဒေးရှင်းမှာ လူမင်းကလည်း ပါဝင်ဖြစ်မယ်လို့ သိရပါတယ်။ ဒီလို ဖောင်ဒေးရှင်းမှာ ပါဝင်ဖြစ်ပုံ ကိုလည်း လူမင်းကိုမေးကြည့်ဖြစ်တော့ “မြန်မာ အသည်းဖောင်ဒေးရှင်းမှာမနန္ဒာလှိုင်ကပါဝင်ပေးဖို့ ကမ်းလှမ်းတာနဲ့ ပါဝင်ဖြစ်တာ။ကိုယ့်တို့တိုင်းပြည်မှာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ဘီပိုး၊ စီပိုးဆိုတာတွေက ပတ်ဝန်းကျင်မှာ လူတွေကကိုယ်တိုင်တောင် မသိဘဲ ဖြစ်နေတာ အများကြီးပဲ။ အမှန်ဆို ကြိုတင် ကာကွယ်ဆေးထိုးရုံနဲ့ ပျောက်ရမှာမျိုးပေါ့။
ကာကွယ်ဆေးကိုပဲထိုးဖို့မတတ်နိုင်တဲ့သူတွေ ရှိနေတော့ လိုအပ်ချက်တွေဖြည့်ဆည်းဖို့ ဒီဖောင်ဒေးရှင်းကို ထူထောင်တာဆိုတော့ ကိုယ်တိုင်လည်း လုပ်ချင်တဲ့အတွက် လက်ခံဖြစ်တာ။ သူတို့အတွက် ကိုယ်ကအကြံကောင်း၊ ဥာဏ်ကောင်းတွေပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ တတ်နိုင်သလောက် ပါဝင်နိုင်လိမ့်မယ်လို့လည်း ယုံကြည် တယ်။ နာမည်ခံကြီးနဲ့တော့ မပါချင်ဘူး။ တစ်ခန်းတစ်ကဏ္ဍကနေ ရည်ရွယ်ချက် ကောင်းတဲ့ ဖောင်ဒေးရှင်းတစ်ခုဆိုတော့ ပါဝင်အားဖြည့်တာပါ။ အမေစုပြောသလိုပဲ
လူဆိုတာ အများကောင်းကျိုးကို သယ်ပိုးနိုင်မှ လူပီသတယ်ဆိုတာမျိုး ကိုယ်တတ် နိုင်သလောက် ကိုယ်ပိုင်အချိန်တွေ ဖဲ့ပြီး အများအတွက် ဆောင်ရွက်ခွင့် ရတယ် ဆိုတာ ကုသိုလ်လည်း ရပါတယ်”လို့ပြောပြခဲ့ပါတယ်။

POPULAR MYANMAR . COM မှ သိသမျှ ။

No comments:

Post a Comment