Tuesday, 19 February 2013
ခံစားချက်အသစ်ဖြစ်စေမယ့် ဆီးဂိမ်းလှုံ့ဆော်ရေး ဇာတ်လမ်းတိုနဲ့ ဒါရိုက်တာဝင်းထွန်းထွန်း
ဒါရိုက်တာဝင်းထွန်းထွန်းက ဆီးဂိမ်းအကြိုလှုံ့ဆော်ရေး ဇာတ်လမ်းတိုအနေနဲ့ မြင်းစီးအားကစားကို သူထူးစံ၊ အိချောပိုတို့နဲ့ ရိုက်ကူးခဲ့ပါတယ်။ နေတိုးနဲ့လည်း မြန်မာ့ လက်ဝှေ့အားကစားကို ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းတို ရိုက်ကူးမှုခံစားချက်ကိုလည်း ဒါရိုက်တာဝင်းထွန်းထွန်းက ”ဆီးဂိမ်းမှာပါတဲ့ အားကစားနည်းတွေမှာ လူတွေ လုပ်ရတာများတယ်။ မြင်းစီးကျတော့ တိရစ္ဆာန်တွေလုပ်ရတာ။ မြင်းနဲ့ရိုက်ရတာလည်း တော်တော်ခက်ခဲတယ်။ ရိုက်ကူးခွင့်ရတဲ့ ရက်လည်း တအားရှားတဲ့ အချိန်ဖြစ်နေ တယ်။ ရတဲ့ရက်ထဲမှာ ပြီးအောင်ရိုက်ရတာလေ။မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ကနေ ကူညီပေးတယ်။ အဲဒီဆရာတွေက အကူအညီပံ့ပိုးပေးတဲ့အတွက်အဆင် ပြေခဲ့တယ်။မြင်းတွေကလည်း တော်တော်လေး လေ့ကျင့်ထားတဲ့အတွက် တိတိကျကျစနစ် တကျဖြစ်သွားတယ်။ ဒီလို တိရစ္ဆာန်တွေနဲ့အားကစားကို မရိုက်ဖူးတဲ့အတွက် ရိုက်ရတာ
ခံစားချက်အသစ်လည်းဖြစ်တယ်။ စိတ်လည်းဝင်စားဖို့ကောင်းတယ်။ ဒီလိုပဲကြည့်ရတဲ့ ပရိသတ်တွေကလည်း လှုံ့ဆော်ရေးကားလေးကို ကြည့်ရတဲ့အခါ ကျေနပ်မှု ရှိမှာ ပါ။ ရိုက်တဲ့ပုံစံကိုလည်း ပြောင်းထားတယ်။ ပါဝင်တဲ့သီချင်းပုံစံတွေကအစ သေသေချာချာလုပ်ထားတယ်။ လှုံ့ဆော်ရေးကားပုံစံထက် ကားတစ်ကားကြည့်ရတဲ့ ပုံစံလုပ် ထားတယ်။ ဇာတ်လမ်းတိုဆိုပေမယ့် စနစ်တကျနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ထား တယ်”လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
popular myanmar.com မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment