Thursday, 21 February 2013
၅၅ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲအတွက် အကောင်းဆုံးဆုရရှိကြသူများ
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်ကျင်းပသည့် ၅၅ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို ဘရူနိုမားစ်က ဦးဆောင်ဖွင့်လှစ်လိုက်သည်။ ထို့နောက် ရီဟားနားက ကွယ်လွန်သွားရှာပြီဖြစ်သည့် ဂီတဖခင်ကြီး ဘော့မာလီ၏ ရုပ်တုကို အလေးပြုခဲ့သည်။ ဂရမ်မီဆုပွဲတော်တွင် အဓိကဖျော်ဖြေရေးတာဝန်ယူထားရသူမှာ ဂျပ်စတင်တင်ဘားလိတ်ဖြစ်ပြီး တေလာ ဆွစ် ၊ အဒဲလ် ၊ ကေတီပယ်ရီ ၊ ဂျပ်စတင်တင်ဘာလိတ်၊ နီလ်ကိုးကစ်ဒ်မင်း၊ နေးလ်ပက်ထရစ်ဟားရစ်နှင့် ကိတ်အာဘန်တို့ကလည်း ကကွက်ပေါင်းစုံဖြင့် ဖျော်ဖြေခဲ့ကြသည်။ ဆန်ကာတင်စာရင်းတွင် ဆုခြောက်ဆုအထိရမည်ဟု ခန့်မှန်းထားကြသော ဒန်အော်ရာဘတ်ရှ် က ဂရမ်မီဆုလေးဆု တိတိရရှိသွားကြောင်း ကြေညာလိုက်ချိန်မှာ ပရိသတ်များအားလုံး ပွဲဆူသွားကြသည်။ ဂျေဇီး၊ ဘလက်ကီး၊ ကန်းရေးဝပ်စ်၊ ဆွန်နီဂျွန်မိုးနှင့် ဝေါလ်တာဝေါ်လီဒီဘာကာ တို့က
ဂရမ်မီဆုသုံးဆုအထိ ရရှိခဲ့ကြပြီး ဂရမ်မီဆုပေးပွဲကို ဦးဆောင်သွားသည်။ အုပ်စုလိုက်ဖျော်ဖြေလေ့မရှိဘဲ တစ်ဦးသာဖျော်ဖြေလေ့ရှိသည့် အဒဲလ် ကို တစ်ဦးတည်းဖျော်ဖြေတင် ဆက်နိုင်သည့် အကောင်းဆုံးပေါ့ပ်ဂီတဆု ချီးမြှင့်ခဲ့သည်။
pyimyanmar journal မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment