Monday, 18 February 2013

မြင့်မြတ် ရဲ့စိတ်ဓာတ် မြှင့်တင်နည်း


ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “မီးအိမ်လေးရဲ့ အဓိပ္ပာယ်” ဇာတ်ကားမှာ မြင့်မြတ်က စံရတီမိုးမြင့်နဲ့အတူ ပါဝင်သရုပ်ဆောင် နေပါတယ်။မြင့်မြတ်က သူဌေးရဲ့ဘော်ဒီဂတ်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လေးက ရိုမန့် အက်ရှင်ဇာတ်ကားလေးဖြစ်ပြီး ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးတစ်ကားဖြစ်တယ်လို့ လည်းသိရပါတယ်။ အခုဆိုရင် သရုပ်ဆောင်ပိုင်းရော၊ အဆိုပိုင်းပါတွဲပြီးတော့လုပ် ဖြစ်နေတာကြောင့် တစ်ဖက်ဖက်မှာ အားလျော့သွားမှာမျိုး စိုးရိမ်စိတ်တော့မဖြစ်မိပေမယ့်လည်း အဆို ပိုင်းမှာတော့ လိုအပ်ချက်တွေအများ ကြီးရှိနေတာကြောင့် ကြိုးစားပြီး သင်ယူလေ့လာဖြစ်ကြောင်း မြင့်မြတ် ကပြောပါတယ်။ အနုပညာအလုပ်ဆိုတာ တခြား အလုပ်တွေထက်စာရင် ပိုပြီးတော့ စိတ်ဖိစီးမှုများတာဖြစ်တဲ့အတွက်ကြောင့် စိတ်ညစ်စရာတွေ ကြုံတဲ့ အခါမှာဘယ်လိုမျိုး တွန်းအားတွေပေးပြီး ပြုပြင်ဖြစ်လဲလို့ မေးကြည့်တဲ့အခါ မြင့်မြတ်က ” ကျွန်တော်ကတော့ အတတ်နိုင်ဆုံး
ကိုယ့်စိတ်ကိုယ်ပြန်ပြီး ထိန်းရတယ်။ အဓိကကတော့ ကိုယ့် ရဲ့ဖြစ်ချင်စိတ်လေးနဲ့ စေတနာလေးက အဓိကလို့ ကျွန်တော်မြင် တယ်။ကိုယ့်ရဲ့စိတ်ဓာတ် ကိုပဲ ပြန်ပြီးတော့ မြှင့်တင်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်စိတ်ဓာတ်ကျစရာ၊ စိတ်ညစ်စရာတွေ ရှိနေပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့်ကိုယ်ပြန် ထမှရမယ့်အခြေအနေမျိုးတွေအများ ကြီးရှိတဲ့အခါကျတော့ အဲဒီအခြေ အနေတွေကြောင့်ပဲ စိတ်ညစ်စရာ အားလုံးကိုမေ့ပြီးတော့ အကောင်း ဆုံးဖြစ်အောင်တော့ ပြန်ပြီး ကြိုးစား လုပ်ဆောင်ဖြစ်တယ်”လို့ ဆိုပါတယ်။ မြင့်မြတ်က အနုပညာသက် တမ်း၁ဝနှစ်နီးပါး ဖြတ်သန်းလာတဲ့ အပေါ်မှာ အခက်အခဲတွေ အများကြီးရှိခဲ့ပြီ စိတ်ညစ်စရာ တွေလည်းရှိခဲ့ပေမယ့် ရင့်ကျက်မှု ပိုင်းမှာလည်း နောင်တတွေ အများကြီး ရခဲ့တဲ့အတွက် ပိုပြီး ရင့်ကျက် ခဲ့ရသလို၊ ဆင်ခြင်မှုတွေမှာလည်း ပို ပြီးတော့ ဆင်ခြင်နိုင်ခဲ့တယ်လို့ ဆိုပါ တယ်။


popular myanmar.com မှ သိသမျှ ။

No comments:

Post a Comment