Saturday, 23 February 2013

သတ်သတ်လွတ်စားသုံးပါက နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်


သတ်သတ်လွတ်စားသုံးပါက နှလုံးရောဂါ ကြောင့် ဆေးရုံတက်ရနိုင်ခြေနဲ့ သေဆုံးနိုင် ခြေတွေကို လျှော့ချပေး နိုင်ကြောင်းလတ် တလောပြုလုပ်ခဲ့ တဲ့ သုတေသန တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ သုတေသီတွေ က လူပေါင်း ၄၄၅၀ဝ ကျော်ကို ၁၁ နှစ်ကြာ သုတေသ န ပြုလုပ်ခဲ့ရာ သတ်သတ်လွတ် စားသုံးတာက နှလုံး နဲ့သွေးကြော ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အသက် ၅၀-၇၀ ကြားရွယ်တွေမှာ လေ့လာခဲ့ရာ ငါးနဲ့အသားစား သုံးတွေက သတ်သတ် လွတ် စားသုံးသူတွေထက် နှလုံးရောဂါကြောင့် ဆေးရုံ တက်ရတာနဲ့ သေဆုံးတာတွေ ကိုတွေ့ရပါတယ်။ သတ်သတ်လွတ် စားသုံးသူတွေမှာ သွေးတွင်းကို လက်စထရောနဲ့ သွေးပေါင်တွေ ပုံမှန်
ထိန်းသိမ်း ထားနိုင်တာကြောင့် နှလုံးရောဂါမ ဖြစ်အောင်ကာ ကွယ်နိုင်တဲ့အပြင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင် ပြီး ဆီးချိုမဖြစ်အောင်ပါ ကာကွယ်နိုင်ပါတယ်။ 


yoyarlay မှ သိသမျှ ။

No comments:

Post a Comment