Tuesday, 26 February 2013
ကျန်းမာရေးကောင်းမွန်စွာနဲ့ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာတဲ့ Rဇာနည်
ဖေဖော်ဝါရီလဆန်းပိုင်းက ကျန်းမာရေး အခြေအနေကြောင့် ဘန်ကောက် ကို သွားရောက် ဆေးကုသမှုခံခဲ့ရသူ တေးသံရှင် Rဇာနည်က အခုကျန်းမာရေး ပြန်လည်ကောင်းမွန် လာပြီး မြန်မာနိုင်ငံ ကို ပြန် လည် ရောက်ရှိလာပြီဖြစ်ပါ တယ်။ မြန်မာနိုင်ငံက သူ့ပရိသတ်ဆီက စိုးရိမ် ပူပန်မှုတွေနဲ့အတူ သို့လော သို့လော ကောလာဟလ အမျိုးမျိုး ထွက်ရှိ ခဲ့ပြီး အောက်ပိုင်းသေသွားပြီ၊ လေဖြတ်သွားပြီ၊ သီချင်းမဆိုနိုင်တော့ဘူး စသဖြင့် အမျိုးမျိုး ထင်မြင်ခဲ့ ကြရပါတယ်။
Rဇာနည်ရဲ့ သတင်းကိုကြားကြားချင်း ပေါ်ပြူလာ အဖွဲ့လည်း Rဇာနည်ရဲ့ မိသားစုကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းတွေမအားတာ၊ ဖုန်းတွေ မကိုင်နိုင် ကြတာကြောင့်စောလျင်စွာ သတင်းမထုတ်ပြန်ဖြစ်ခဲ့ပေမယ့် ဖေဖော် ဝါရီ ၂၁ရက်၊ နံနက်ပိုင်းမှာ ထပ်မံဆက်သွယ်ကြည့်တဲ့ အခါမှာတော့ Rဇာနည် ရဲ့ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာပြီး မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ခုလောလောဆယ်မှာတော့ အိမ်မှာ အနားယူနေပြီး
မကြာမီမှာတော့ ရှိုးပွဲများလည်းပြန်လည် သီဆိုတော့မှာ ဖြစ်ကြောင်းနဲ့ အင်တာဗျူးများလည်း ပြန်လည်ဖြေဆို မှာဖြစ်ကြောင်းကို Rဇာနည်ရဲ့ ဇနီးသည် ဝမ်းထံမှ သိရတာကြောင့် Rဇာနည် ကို ချစ်တဲ့ ပရိသတ် များ စိုးရိမ်မှုပြေပျောက်စေရန် သတင်းပေး လိုက်ရပါတယ်။
ရဲရဲ
popular journal facebook မှ သိသမျ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment