Wednesday 27 March 2013

ဂီတသစ်တစ်ခုကို ပုံဖော်ဖန်တီးနေသူ အနဂ္ဂ


မြန်မာပြည်က clecho DJ သမားတွေ စုစည်းထုတ်ဝေခဲ့ကြတဲ့ EDM 2013ဆိုတဲ့ DanceMusic အခွေမှာ ဟစ်ဟော့ပ်ရေစီးကြောင်း မှာကနဦြး ဖစ်တဲ့ အနဂ္ဂလည်းပါဝင် ထားပါတယ်။ခုလို danceအခွေမှာ ပါဝင် ဖြစ်ပုံနဲ့ပတ်သက်ပြီး အနဂ္ဂက “DJ  Wyne  နဲ့ ပြောဖြစ်တော့ သီချင်း တစ်ပုဒ်ေ ပးဖို့သူက ပြောတယ်။အဲဒါနဲ့ လုပ်ထားပြီးသား DramaBass တစ်ပုဒ်ကိုပေးလိုက် တာ။ Drama Bass ကလည်း စစချင်းအနေနဲ့နောက်ထပ်ဂီတ အမျိုးအစားတစ်ခုကိုစလုပ်ပြီဆို တာကိုပေးချင်တာပါ။ပြီးတော့ ဒီအခွေကိုလည်း ယုံယုံကြည်ကြည် နဲ့ဝင်ပါတာ။အထင်လည်းကြီး တယ်။သူများနိုင် ငံတွေမှာလူ သိန်းနဲ့ ချီအားပေးတဲ့ ဂီတအမျိုးအစားကို ကိုယ့်တိုင်းပြည်မှာလည်း ဖန်တီးတဲ့ သူတွေရှိနေပြီဆိုတာမှာပါရတဲ့ အတွက်ပျော်တယ်” လို့အနဂ္ဂက ပြောပြီးသူကနောက်ပိုင်းမှာ ဟစ်ဟော့ပ်တွေလည်းဆိုမှာ ဖြစ်ပေမယ့်တီးလုံးပိုင်းမှာတော့ တချို့တီးလုံးတွေကိုတီးလုံး အတိုင်း ပဲပရိသတ်ကိုပေးနား ထောင်ချင်တယ်လို့ဆိုပါတယ်။
   ”လူတစ်ယောက်က ကျွန်တော့် တီးလုံးကို
သူပြန်ကြားတဲ့အခါသူက လည်း နောက်ထပ် အတွေးတစ်ခုနဲ့ပဲ ဆက်နားထောင်မှာ။ တီးလုံးကို နား ထောင်ရတယ်ဆိုတာ စာသားရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေ အကန့် သတ်တွေ မပါဘူး။ တီးလုံးကိုနား ထောင်ရတာ ပိုလွတ်လပ်တယ်လို့ ထင်တယ်။ အတီးသမားတစ်ယောက် လို ပရော်ဖက်ရှင်နယ်လုပ်ဖြစ်မလား လို့တော့ စဉ်းစားနေတုန်းပါပဲ။ ခုဒီ အဖွဲ့တွေနဲ့လည်း ဆက်ပြီးလုပ်ဖို့ရှိ ပါတယ်”လို့ အနဂ္ဂက ပြောပါတယ်။ အနဂ္ဂက အခု EDM 2013 Dance  အခွေက သင်္ကြန်အတွက် တင်မဟုတ်ဘဲ တခြားအချိန်တွေမှာ ပါနားထောင် ပြီး ပျော်လို့ရအောင် ဖန်တီးထားတယ်လို့လည်းဆိုတာ ကြောင့် သင်္ကြန်နဲ့ပတ်သက်ပြီး သင်္ကြန်ရောက်ပြီဆိုရင် မဏ္ဍပ်တိုင်း လိုလိုမှာပြည်ပက  remix    သီချင်း တွေပဲ လွှမ်းမိုးနေတာနဲ့ ပတ်သက် ပြီးလည်း အနဂ္ဂက..”အဲဒါက ကျွန်တော်တို့ရဲ့ အတွေးတစ်ခုကို ပြည်ပက ယဉ် ကျေးမှုက စိုးမိုး ထားခြင်းပဲ။ ကျွန် တော်တို့ ကိုယ်၌ကိုယ်က မြန်မာ အခွေနဲ့ နိုင်ငံခြားအခွေဆို နိုင်ငံ ခြားခွေကို ဝယ်ကြတာများတယ်။ အဲဒီပြဿနာကတော့ ကျွန်ေ တ်ာတို့ တော်တော်ကို ချွတ်ရမယ့်အစွဲပါ။ ပြီးတော့ ပြည်ပနဲ့ဒီနဲ့ ကွာလတီကွာ တာမျိုးတွေရှိတယ်။ ဒါပေမဲ့ တဖြည်း ဖြည်းတော့ ပရိသတ်ရလာမယ် ထင် ပါတယ်။ ကျွန်တော်တို့ဆီက DJ remix  တွေက ပြည်ပကDJ  တွေကို မမီနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ အခု ကျွန်တော်တို့လုပ်တဲ့အခွေ မှာ တော့ အဲလို ပြဿနာတွေရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီ သီချင်းတွေကို သင်္ကြန်အတွက်လည်း အဓိက ရည်ရွယ်တာမဟုတ် ဘူး။ နေ့ တိုင်းမှာ ဒီသီချင်းတွေ နားထောင် လို့ရတာမျိုးတွေဖြစ်ချင်တာ” လို့ အနဂ္ဂက ပြောပြခဲ့ပါတယ်။
ရဲရဲ  

popular myanmar.com မှ သိသမျှ ။


No comments:

Post a Comment