Monday 25 March 2013

မင်းသားတစ်ယောက်ရဲ့ ဇနီးဘဝနဲ့ မင်းသမီးတစ်ယောက်ရဲ့ မိခင်ဘဝကို ဖွင့်ဟလာတဲ့ မေသူ


မိခင်တိုင်းရဲ့ မိသားစုအပေါ်ထားတဲ့ စိတ်နေသဘောထား၊ သားသမီး အပေါ်ထားတဲ့ မေတ္တာတွေဟာ အင်မတန်ကြီးမားကြပါတယ်။ မိခင်တွေရဲ့ မေတ္တာကိုဖွဲ့ဆိုပါဆိုရင် ဘယ်စာပေပုဂ္ဂိုလ်မှ ဖွဲ့ဆိုလို့မီမယ်မထင်ပါဘူး။ တစ်ခေတ်တစ်ခါက အနုပညာသရုပ်ဆောင်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသားလွင်မိုးရဲ့ ဇနီး လည်း ဖြစ်သလို ခုခေတ်ခုချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားသူ ယွန်းဝတီလွင်မိုးရဲ့ မိခင်ဖြစ်တဲ့ မေသူက သားသမီး၊ ခင်ပွန်းအပေါ်ထားတဲ့ သူ့ရဲ့မေတ္တာတရား ကိုလည်း ဖွင့်ဟလာပါတယ်။ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်ရဲ့ ဇနီးတစ်ဦးအဖြစ် ဘဝကိုဖြတ်သန်းရတာနဲ့ အောင်မြင်တဲ့ မင်းသမီးတစ်ဦးရဲ့ မိခင်ဘဝကို တာဝန်ယူဖြတ်သန်းရတာ ဘယ်လိုကွာခြားလဲဆိုတာ နှိုင်းယှဉ်ပြီး ပြောပြပေး ပါဦးလို့ မေးကြည့်တော့ “မင်းသားလွင်မိုး ဇနီးအဖြစ် ကိုယ့်ဘဝကို ကိုယ်ပိုင် ဆိုင်ရတုန်းက တာဝန်ဆိုလို့ ကြီးကြီးမားမားမခံစားရဘူး။ သူက လူကြီးဆိုတော့ အစစအရာရာယုံကြည်စိတ်ချရတယ်လေ။ အခု မင်းသမီးရဲ့ အမေအဖြစ် ကိုယ့်ဘဝကို ပိုင်ဆိုင်ရတဲ့ အခါကျတော့ တော်တော်လေးကို တာဝန်ကြီးပါတယ်။သူ့အတွက် အစစ အရာရာ ပြင်ဆင်ပေးရတယ်။ လွင်မိုးဇနီးဖြစ်တုန်းက သူ့ရှုတင်ကိုလိုက်တယ်။ သူ့ရိုက်ကွင်းကို ထိုင်ကြည့်ရုံပဲ။ သမီးလေးကျတော့ သူ့ရဲ့အဝတ်အစား၊ အနေအထိုင်၊ အပြောအဆို၊ အသွားအလာ ဒါတွေကအစ အမေဆိုတဲ့ အတိုင်း အားလုံးလိုက်လုပ်ပေးရတယ်။ ကိုယ့်သမီးကိုချစ်တော့ ကလေးလည်းကလေးဆိုတော့ စိတ်မချတာလည်း ပါတာပေါ့။ သူ့ခေါင်းကနေ ခြေဖျားထိ ကိုယ်တိုင်ပဲ အမေတစ်ယောက်အနေနဲ့ တာဝန်ရှိနေတာ” လို့ မေသူက ပြောပြပါတယ်။
သမီးနှစ်ယောက်နဲ့အတူ သာယာတဲ့အိမ်ကလေးကို ပိုင်ဆိုင်ခွင့်ရတဲ့ မေသူအနေနဲ့ တစ်ဦးအပေါ်တစ်ဦးထားတဲ့ မေတ္တာနားလည် မှုတွေကို မေးကြည့်တော့ “အိမ်ထောင် တစ်ခု တည်မြဲဖို့၊ သာယာဖို့၊ ပျော်ရွှင်ဖို့ အရေးကြီးတာက
တစ်ယောက်နဲ့တစ်ယောက်
နားလည်မှုရှိဖို့၊ စာနာတတ်ဖို့၊ ကိုယ်ချင်းစာတရားရှိဖို့ပါ။ သူ့ရဲ့အလုပ်ကို ကိုယ်ကကူညီတယ်။ ကိုယ့်အလုပ်ကို လည်း သူကကူညီတယ်။ အဲဒီလိုပဲ ကိုယ်ချင်းစာတရား နားလည်မှုနဲ့ပဲ ဖြတ် သွားရင်း အခက်အခဲတွေကို အတူတူဖြေရှင်းတော့လွယ်တာပေါ့” လို့ ပြောပြခဲ့ ပါတယ်။ မိခင်တစ်ဦးအနေနဲ့ အခုသမီးလေးက ကျောင်းပညာ စာသင် ရတဲ့ အရွယ်ဆိုတော့ ရှေ့လျှောက် အနုပညာနဲ့ ပညာရေး ဘယ်လိုစီမံပေးဖို့ရှိလဲလို့ ထပ်မံမေးကြည့်တော့ “၉တန်းဆိုတော့ ရိုက်ကူးရေးတွေ တော်တော်လျှော့ ဖြစ်တယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက်ဆို တော်တော်လေးကို မရိုက်ဖြစ်တော့ဘူး။ စာလည်းများလာပြီလေ။ စာလည်းတော်စေချင်တယ်။ စနေ၊ တနင်္ဂနွေဆို ရင်တော့ သူလုပ်နိုင်လား၊ လုပ်နိုင်ရင်လုပ်ပေါ့။ သူ့ကိုတော့ ဖိအားမပေးပါဘူး။ အမေဆိုတာကတော့လေ သားသမီးအတွက် ဘာပဲဖြည့်ဆည်းပေးရ ပေးရ ကျေနပ်နေကြတယ်” လို့ မိခင်မေတ္တာနဲ့ပတ်သက်ပြီး သမီးအပေါ်ထားတဲ့ စိတ် ထားကိုလည်း မေသူက ပြောပြခဲ့ပါတယ်။



ထူးထူး၊ ဓာတ်ပုံ-အောင်ဇော်မင်း


popular myanmar.com မှ သိသမျှ ။

No comments:

Post a Comment