Friday 22 March 2013

စုလှိုင်နှင်းဇာတ်ကား ရိုက်ကူးမှုတွေ ကျဲသွား ရခြင်းအကြောင်း


ရုပ်ရှင်ဗီဒီယိုလောကတွင်တစ်ခေတ်တစ်ခါက ခေါင်း ဆောင် မင်းသမီးအဖြစ်ပရိသတ်က အသိအမှတ်ပြု အားပေး ခြင်းခံခဲ့ရသူ ကတော့စုလှိုင်နှင်းပဲဖြစ်ပါတယ်။ ဇာတ်ကားတွေကို ရိုက်ကူးတာတင်မက
နယ်ရှိုးတွေမှာလည်း သီချင်းဆိုဖြစ်တဲ့ စုလှိုင်နှင်းက "ယဉ်ကျေးလိမ္မာနှလုံးလှသံစဉ်များ" အခွေ မှာလည်း ပါဝင်သီဆို ထားပါတယ်။ ဘာသာရေးနဲ့သက်ဆိုင်တဲ့သီချင်းမျိုးမဆိုဖူးတဲ့အတွက်
အခက်အခဲရှိခဲ့ကြောင်း စုလှိုင်နှင်းက ပြောပါတယ်။

" ဘာသာရေးသီချင်းဆိုတော့ တာဝန်ပိုကြီးတယ်။ တစ်ခါမှလည်း မဆိုဖူးဘူး။ ဒါက ပထမဆုံးပဲ။ဒါပေမဲ့လည်း ဦးဇော်မင်းလေးက ဆိုပုံဆိုနည်း၊ ဆိုဟန်တွေလေ့ကျင့်ပေး တယ်။ ပြီးတော့ စတူဒီယိုမှာလည်း
လေ့ကျင့်ရတယ်။ လေ့ကျင့်တာတွေ များသွားတော့ နောက်ပိုင်းမှာ အဆင်ပြေသွားပါတယ်" လို့ပြောပါတယ်။စုလှိုင်နှင်းက အခုနောက်ပိုင်းမှာ သူ့ရဲ့ဇာတ်ကားရိုက်ကူးမှု ကျဲသွားခြင်း အကြောင်းကိုတော့..



" အစ်မ အခုအသက်အရွယ်က မင်းသမီးနေရာနဲ့လည်းမလိုက်ဘူး။ အစ်မ သရုပ်ဆောင် ရမယ့်နေရာက ကြားနေရာ ဖြစ်နေ တာပေါ့။အမေနေရာဆိုရင်လည်း နည်းနည်းနုသေးတယ်။ အဲဒီတော့ အစ်မလို နေရာမျိုးနဲ့ပဲ အဆင် ပြေပေမယ့်လည်း အစ်မလို နေရာမျိုးနဲ့ ကျတော့ ဇာတ်ဝင် ခန်းတော်တော်များ များကမရှိဘူး။ရှားတယ်။ ဒါကြောင့် ဇာတ်ကား ရိုက်ကူးမှု ကျဲသွားရတာပါ" လို့ ဆိုပါတယ်။

ယွန်းလင်္ကာ

popular မှ သိသမျှ ။



No comments:

Post a Comment