Monday 15 April 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း မြန်မာ့ ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန် ရေသဘင် ပွဲတော် ပါဝင် ဆင်နွှဲ



နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ (မဟာ သင်္ကြန် အကြတ်နေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည့်  ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင် ပွဲတော်၌ ပါဝင် ဆင်နွှဲ ကြသည်။ 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း တို့သည် နံနက် (၉) နာရီတွင် သမ္မတ အိမ်တော်ဝင်း မိသားစု  မဟာသင်္ကြန် ရေကစား မဏ္ဍပ်သို့ ရောက်ရှိလာကြရာ သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံတော် သမ္မတရုံး မိသားစု များက အောင်စံပယ် ပန်းကုံး များဖြင့် ဂါရဝပြု ကြိုဆိုကြသည်။ 
ထို့နောက် နိုင်ငံတော် သမ္မတနှင့်ဇနီး၊ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း နှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ဇနီးဒေါ်ခင်လေးသက်၊ ပြည်ထောင်စု တရား သူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မိသားစု များ နှင့်အတူ ယိမ်းအဖွဲ့များ၊ အနုပညာရှင် များနှင့် တေးသံရှင်များ၏ ခါသင်္ကြန် အဆိုအက များဖြင့် သီဆိုကပြ ဖျော်ဖြေမှုကို လည်းကောင်း၊ သရုပ်ဆောင် မျိုးမျိုးခိုင် ဦးစီးသည့် "ရှင်လိမ် တာတွေ သိပြီ" သင်္ကြန်သံချပ် အဖွဲ့၏  ခေတ်ကို ထင်ဟပ်သည့် သင်္ကြန်သံချပ်များဖြင့်
ဖျော်ဖြေ တင်ဆက်မှုကို လည်းကောင်း ကြည့်ရှု၍ လှိုက်လှိုက် လှဲလှဲ အားပေးကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတ နှင့်ဇနီး၊ ဒုတိယ သမ္မတ နှင့်ဇနီး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ နှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့က တက်ရောက် လာကြသူများနှင့် အနုပညာရှင်များအား အတာရေဖြင့် ပက်ဖျန်း ကြသည်။ 
သမ္မတ အိမ်တော်ဝင်း ရေကစား မဏ္ဍပ်တွင် ပြန်ကြားရေးဝ န်ကြီးဌာန မြန်မာ့အသံ ခေတ်ပေါ် တေးဂီတ အဖွဲ့၊ ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာန၊ ဝန်ကြီးဌာန များနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့မှ ယိမ်းအဖွဲ့များနှင့် တေးသံရှင်များ၊ ရုပ်ရှင် အနု ပညာရှင် များနှင့် တေးသံရှင်များက ခါသင်္ကြန် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြသည်။ 
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင် ပွဲတော်အား တက်ရောက် လာကြသူများနှင့် အတူတကွ ဆင်နွဲကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတ နှင့်ဇနီး၊ ဒုတိယ သမ္မတ နှင့်ဇနီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်နှင့် ဇနီးတို့က သီဆိုကပြ ဖျော်ဖြေကြသည့် ယိမ်းအဖွဲ့များ၊ အနုပညာ ရှင်များနှင့် သင်္ကြန်သံချပ် အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။  
  

 နေပြည်တော် ဧပြီ ၁၅



မြ၀တီ မှ သိသမျှ ။




No comments:

Post a Comment