Saturday 20 April 2013

သမ္မတ ဦးသိန်းစိန်၏ ၆၈ နှစ်မြောက်မွေးနေ့ ဂရပ်ဖစ်တီ


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ယနေ့(ဧပြီ ၂၀)တွင် ကျရောက်သော ၆၈ နှစ်မြောက် မွေးနေ့ကို ဆုတောင်းသည့် အနေနှင့် လူငယ် ဂရပ်ဖစ်တီ သမား အာကာကျော်က သမ္မတ၏ ပုံတူ ဂရပ်ဖစ်တီကို ချော်တွင်းကုန်း မီးပွိုင့် အနီးတွင် ယနေ့ နံနက်က ရေးဆွဲထားခဲ့သည်။ သမ္မတ၏ မွေးနေ့ကို ဂုဏ်ပြုလိုသဖြင့် နံနက် ၄ နာရီတွင် စတင် ရေးဆွဲခဲ့ကြောင်း အာကာကျော်က ပြောကြားသည်။ “ကျွန်တော် ကြောက်ကြောက်နဲ့ဆွဲခဲ့ရတာ။ ဒီတစ်ခေါက် ဆွဲတာ သိပ် အားမရပါဘူး”ဟု အာကာကျော်ကပြောသည်။
သမ္မတ ဦးသိန်းစိန်၏ ပုံတူ ဂရပ်ဖစ်တီကို ယနေ့ မွန်းလွဲ တစ်နာရီတွင်
အာဏာပိုင်များက လာရောက် ဖျက်ပစ်လိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သောနှစ်ကလည်း သမ္မတ ပုံတူကို ရေးဆွဲခဲ့ပြီး ယခုလိုပင် နာရီပိုင်း အကြာတွင် ဖျက်ခြင်း ခံခဲ့ရဖူးသည်။

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)


7DAY JOURNAL မှ သိသမျ ။

No comments:

Post a Comment