Monday 22 April 2013

မွေးနေ့မှာ နေတိုးနဲ့အတူ ကုမ္မဏီ ဖွင့်ခဲ့တဲ့ ကျော်ကျော်ဗို


ကျော်ကျော်ဗို က ဒီနှစ် သင်္ကြန်ကို နေပြည်တော် FC မဏ္ဍပ်မှာ သင်္ကြန် အကြိုနေ့ နဲ့ အကျနေ့ ၂ ရက်စလုံး ပရိသတ်တွေကို သီချင်းတွေနဲ့ ဖျော်ဖြေရင်း ဖြတ်သန်းဖြစ်ခဲ့ပါတယ်။ သင်္ကြန် အကြတ်နေ့ နဲ့ သင်္ကြန် အတက်နေ့ မှာတော့ နေတိုးနဲ့ အတူ စင်ကာပူ သွားခဲ့ပြီး ရုပ်ရှင် ရိုက်ကူးရေး အတွက် လိုအပ်တဲ့ပစ္စည်းများ သွားရောက် ဝယ်ယူ ခဲ့ ကြကြောင်း ပြောပါတယ်။ ကျော်ကျော်ဗို နဲ့ နေတိုး အတူ ဖွင့်တဲ့ ACE ကုမ္ပဏီ ကို လည်း နှစ်ဆန်း တစ်ရက်နေ့မှာ ဖွင့်လှစ် ဖြစ်ခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား တော့ မလုပ်ဖြစ် ဘူးလို့ ပြောပါတယ်။ နှစ်ဆန်း တစ်ရက်နေ့ မှာ ကုမ္ပဏီ ဖွင့်လှစ် ဖြစ်တာကတော့ မင်္ဂလာယူပြီး ဖွင့်လှစ်တာလို့ ပြောပါတယ်။ ကျော်ကျော်ဗိုက နေတိုး၊ မိုးမိုး၊ ရဲလေး တို့နဲ့ အတူ နှစ်ဆန်း တစ်ရက်နေ့မှာ မင်း ၄ပါး တိုင်းရင်း ဆေးကြော်ငြာကို ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ဆီးဂိမ်း လည်း နီးပြီဖြစ်တဲ့ အတွက် ဒီကြော်ငြာက ဟော်ကီ အားကစား နည်း နဲ့ တွဲဖက် ရိုက်ဖြစ်ခဲ့တာ ကျော်ကျော်ဗို ကပြောပါတယ်။ နှစ်ဆန်း တစ်ရက်နေ့က ကျော်ကျော်ဗိုရဲ့ မွေးနေ့ ပဲဖြစ်ပါတယ်။ မွေးနေ့မှာ အလုပ်တွေ ရှုပ်နေလို့ ကိုယ့်မွေးနေ့တောင် ကိုယ်မေ့နေ တယ် ဆိုတဲ့
ကျော်ကျော် ဗို က “ကိုယ့် အလုပ်နဲ့ ကိုယ်ရှုပ်နေတော့ မွေးနေ့မှာ ဘာမှမလုပ် ဖြစ်ပါဘူး။ မွေးနေ့မှာ ဘုရား ရှိခိုးတယ်။ ကျွန်တော့် မိန်းမနဲ့ သမီးလေးကတော့ ကျွန်တော် စင်ကာပူ ရောက်နေတုန်းမှာ ဘုန်းကြီး ဆွမ်းကပ်ပေး ကြပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်


POPULAR MYANMAR.COM မှ သိသမျှ ။

No comments:

Post a Comment