Tuesday 2 April 2013

အတာတေး နဲ့ မြို့မ သင်္ကြန် ဖျော်ဖြေပွဲ အကြို မြို့မချစ်သူ တို့ရဲ့ စကားသံ


ဧပြီ၆ရက်နေ့၊ အမျိုးသား ဇာတ်ရုံမှာ ကျင်းပမယ့် “အတာတေးနဲ့ မြို့မသင်္ကြန်” တေးဂီတ ဖျော်ဖြေပွဲ မှာ အနုပညာရှင် များစွာ ဖျော်ဖြေကြ မှာဖြစ်ပါတယ်။ အဆိုပါ အနုပညာ ရှင် များစွာထဲမှာ ဖိုးသောကြာလည်း အပါအဝင်ပါ။ ဖိုးသောကြာက မြို့မ နဲ့ လက်တွဲ လာတာ၁ဝနှစ်ကျော် လောက် ကြာပြီ ဖြစ်တဲ့ အတွက် အမှတ် တရ ကို လည်း “ကျွန်တော်က ငယ်ငယ်လေး ကတည်းက မြို့မကားပေါ် မှာအိပ်လာတဲ့သူပါ။ ရင်းနှီးပြီးသား ဆိုတော့ မိသားစုလိုပဲ။ ဖေဖေက မြို့မနဲ့ သီချင်း အတူဆိုတဲ့ အချိန်မှာ ကျွန်တော်က အဖေနောက်ကို တကောက်ကောက် လိုက်နေတာ လေ။၂တန်း ကျောင်းသားအရွယ် ကတည်းက မြို့မနဲ့ ရင်းနှီးလာတာ ဖြစ်တဲ့ အတွက် အမှတ်တရ ကတော့ မြောက်မြားစွာပါပဲ”လို့ ဆိုပါတယ်။
    အခုလုပ်မယ့် ဖျော်ဖြေပွဲက ရန်ကုန်မှာ တစ်ခါမှ မလုပ်ဖူးသေးတဲ့ မြို့မ တေးဂီတ ဖျော်ဖြေပွဲ ဖြစ်တဲ့ အတွက် ထူးခြားတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ ဒီလိုထူးခြား တဲ့ ဖျော်ဖြေပွဲမှာ သီဆိုခွင့် ရလို့ တအား လည်း ဝမ်းသာကြောင်း၊ ဂီတဖျော် ဖြေပွဲမှာ သီချင်း၃ပုဒ် သီဆိုသွား မှာ ဖြစ်ကြောင်း ဖိုးသောကြာက
ဆို ပါတယ်။ “၃ပုဒ်ထဲမှာမှ ၁ ပုဒ်ကတော့ ထူးထူးခြားခြား လေးဖြစ်တဲ့ အတွက် လျှို့ဝှက်ထားပါတယ်။ အဲဒီပွဲ ရောက်မှပဲ ကြည့်ကြပါလို့ ပြောပြီး ဒီလို မြို့မပွဲမှာ သီဆို ရတော့ တအားလည်း ဝမ်း သာပြီး၊ ဂုဏ်လည်းယူပါ တယ်” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဖျော်ဖြေပွဲမှာ သီဆိုဖျော်ဖြေမယ့် ဂန္ထဝင် တေးသံရှင် ထားကလည်း..
“အန်တီက မြို့မရဲ့ ပွဲကြီးပွဲ ကောင်းတွေမှာ မကြာမကြာ ဆိုဖူးပါတယ်။ မန္တလေးနှစ် ၁၅ဝပြည့်တုန်းက လည်း ဆိုဖူးပါတယ်။ အခုလို မြို့မ နဲ့ ပြန်လည် သီဆို ရမယ် ဆိုတော့ တအားလည်း ပျော်မိပါတယ်။ ယောက်မ သီချင်းလည်းဆိုမယ်။ ဆရာမြို့မငြိမ်းရဲ့ သီချင်းလည်း ဆိုမယ်။ ခန့်မှန်းခြေ အရတော့ ၃ပုဒ် သီဆိုမယ်။ အန်တီက မန္တလေး မှာနေခဲ့တာ ဆိုတော့ မြို့မနဲ့ အမှတ်တရတွေ ရှိတယ်။ ညီထွဋ်တို့ ငယ်ငယ်လေးကတည်းက မြို့မနဲ့ လက်တွဲ လာတာဆိုတော့ အမှတ်တ ရတွေ အများကြီးပေါ့” လို့ ဆိုပါတယ်။ ဧပြီ ၆ ရက်နေ့ မှာ ကျင်းပမယ့် ဖျော်ဖြေပွဲမှာတော့ ကိုမင်းနောင်၊ မောင်သိန်းဝင်း၊ သန်းမြတ်စိုး၊ ရန်ပိုင်စိုး၊ ရာဇာဝင်းတင့်၊ မန္တလေး သိန်းဇော်၊ ဖိုးသောကြာ၊ ဖိုးချစ်၊ ချစ်ကောင်း၊ စည်သူလွင်၊ ဘိုဘို၊ဇေယျာ ပြည့်ဖြိုး၊ တင်တင်မြ၊ ညွန့်ညွန့်စိန်၊ ရီရီသန့်၊ ထား၊ ရတနာဦး၊ စိုးစန္ဒာထွန်း၊ အိအိချွန်၊ ပန်းအိဖြူ တို့က သီဆိုဖျော် ဖြေ သွားမှာ ဖြစ်ပါတယ်။

ယွန်းလင်္ကာ


popular myanmar မှ သိသမျှ ။


No comments:

Post a Comment