Wednesday 3 April 2013

နှစ်သစ်ကူး အထူး ခေါင်းဆေး ယတြာ


ဥုံဗုဒ္မစိန်ရည် ဥုံဓမ္မစိန်ရည် ဥုံသံဃစိန်ရည်
ဥုံမာတုစိန်ရည် ဥုံပီတုစိမ်ရည် ဥုံအာစရိယစိန်ရည်
ဥုံအရဟံတစိန်ရည် ကျောင်းကန်ဘုရား တွင်းဆိုးကျင်းဆိုးညှိုးသည့်စိန်ရည် စိန်ရည်အပေါင်းထောင်သောင်းများစွာစိန်တကာလည်းမနေဆံဖျားသက် ဥုံ ဗုဒ္မတာနောခွါဥုံဓမ္မတာနောခွါ ဥုံသံဃတာနောခွါ ခွါဆရာခွါ ။။

(၇) ခေါက်ရွတ်ရမည်။

တနင်္ဂနွေ သားသမီး

ပုဂံပြား (သို့ ) ဇလုံထဲတွင် ပျဉ်းမ ၁၉ ရွက်၊ သီဟို ၂၁ ရွက် ထည့်ပြီး မိမိ ရှေ့ တွင်ချထားပါ။ ညာထောက်အောက်တွင် ရွက်လှ ၁၇ ရွက်ဘယ်ခြေထောက် အောက်တွင် ဇီး (သို့ ) ညောင် ၈ ရွက် နင်းထားပါ။ အနောက်တောင် အရပ်သို့  မျက်နှာမူပြီး အထက်ပါ ဂါထာဖြင့် ရွတ်ဖတ်ထားသော တရော် ကင်ပွန်း ခေါင်းလျှော်ရည်ဖြင့် ပုဂံပြားထဲသို့  ခေါင်းလျှော်ချပါ။ ခေါင်းလျှော်ပြီးလျှင် ပုဂံထဲမှ အရွက်များကို မိမိ မျက်နှာမူရာ အနောက်တောင် အရပ်သို့  မိမိကိုယ်တိုင် စွန့် ပါ။ ခြေနင်းထားသော အရွက်များကို မိမိ လုံးဝ မကိုင်ရပါ။ သောကြာ သားသမီး မရပါက တခြားနေ့ သားသမီး တစ်ဦးဦးအား မိမိ နေအိမ်၏ တောင်ဖက် အရပ်သို့  စွန့် ခိုင်းပါ။ ရေချိုး အ၀တ်အစား လဲပြီး အိမ်က ဘုရားတွင် သောက်တော်ရေ အသစ် လဲပြီး....
၁။ နမောတသ (၃) ကြိမ် ရွတ်ပါ
၂။ သရဏဂုံ (၃) ပါးကို ရွတ်ပါ
၃။ ငါးပါးသီလ ခံယူပါ
၎။ ဂုဏ်တော် (၉) ပါးကို တစ်ပါးခြင်း အဓိပ္ပါယ်ပါ ရွတ်ဆိုပြီး ပုတီး တစ်ပတ် စိပ်ပါ
၅။ မိမိ လိုရာဆု တစ်ခု တောင်းပါ

တနင်္လာ သားသမီးများ

 ပုဂံပြားထဲ -- ဓနိ ( သို့  ) ဒန်း ၁၀ ရွက်၊ သီဟို ၂၁ ရွက်
ညာခြေ -- ပျဉ်းမ ၁၉ ရွက်
ဘယ်ခြေ -- ရွက်လှ ၁၇ ရွက်
အနောက်အရပ်သို့ မျက်နှာမူပြီး ခေါင်းလျှော်ချပါ။
စနေသားသမီးအား ခြေထောက်အောက်မှ အရွက်များ အနောက်တောင်အရပ်သို့ 
စွန့်ခိုင်းပါ။

အင်္ဂါ သားသမီးများ

ပုဂံပြားထဲ -- အုန်း ၆ ညွန့်၊ ဒန်း (သို့ ) ဓနိ ၁၀ ရွက်
ညာခြေ -- သီဟို ၂၁ ရွက်
ဘယ်ခြေ -- ပျဉ်းမ ၁၉ ရွက်
အနောက်မြောက် အရပ်သို့  မျက်နှာမူပြီး ခေါင်းလျှော်ချပါ။
တနင်္ဂနွေ သားသမီးအား ခြေထောက်အောက်မှ အရွက်များ တောင်ဖက် အရပ်သို့  စွန့် ခိုင်းပါ။

ဗုဒ္မဟူး သားသမီး

ပုဂံပြားထဲ -- ကံ့ကော် ၁၅ ရွက်၊ အုန်း ၆ ရွက်
ညာခြေ -- ဓနိ (သို့ ) ဒန်း ၁၀ ရွက်
ဘယ်ခြေ -- သီဟို ၂၁ ရွက်
မြောက်ဖက် အရပ်သို့  မျက်နှာမူပြီး ခေါင်းလျှော်ချပါ။
တနင်္လာ သားသမီးအား ခြေထောက်အောက်မှ အရွက်များ အနောက်မြောက် အရပ်သို့  စွန့် ခိုင်းပါ။

ကြာသပတေး သားသမီး

ပုဂံပြားထဲ -- ဇီး (သို့ ) ညောင် ၈ ရွက်၊ ကံ့ကော် ၁၅ ရွက်
ညာခြေ -- ဓနိ (သို့ ) ဒါန်း ၁၀ ညွန့် 
ဘယ်ခြေ -- သီဟို ၂၁ ရွက်
အရှေ့ အရပ်သို့  မျက်နှာမူပြီး ခေါင်းလျှော်ချပါ။
အင်္ဂါ သားသမီးအား ခြေထောက်အောက်မှ အရွက်များ အရှေ့ မြောက်ထောင့်သို့  စွန့်ခိုင်းပါ။

သောကြာ သားသမီး

ပုဂံပြားထဲ -- ရွက်လှ ၁၇ ရွက်၊ ဇီး (သို့ )ညောင် ၈ ရွက်
ညာခြေ -- ကံ့ကော် ၁၅ ရွက်
ဘယ်ခြေ -- အုန်း ၆ ရွက်
တောင်ဖက် အရပ်သို့  မျက်နှာမူပြီး ခေါင်းလျှော်ချပါ။
ဗုဒ္မဟူး သားသမီးအား ခြေထောက်အောက်မှ အရွက်များ အရှေ့ တောင် အရပ်သို့  စွန့် ခိုင်းပါ။

စနေ သားသမီး

ပုဂံပြားထဲ -- ပျဉ်းမ ၁၉ ရွက
ရွက်လှ ၁၇ ရွက်
ညာခြေ -- ဇီး (သို့ ) ညောင် ၈ ရွက်
ဘယ်ခြေ -- ကံ့ကော် ၁၅ ရွက်
အရှေ့ တောင် အရပ်သို့ မျက်နှာမူပြီး ခေါင်းလျှော်ချပါ။
ကြာသပတေး သားသမီးအား ခြေထောက်အောက်မှ အရွက်များ မြေက်ဖက် အရပ်သို့  စွန့် ခိုင်းပါ။
မှတ်ချက် ။ ။ နှစ်ဟောင်းမှ အဆိုး အညံ့ဟောင်းများကို သန့် စင် ဖယ်ရှားပေးသော နှစ်သစ်ကူး အထူး ခေါင်းဆေး ယတြာအား အထူး အစီအစဉ်အဖြစ် ရေးသား ပေးလိုက်ပါသည်။ ရိုးရာလေးမှ မန်ဘာများအားလုံး ကိုယ်ကျမ္မာ စိတ်ချမ်းသာပြီး အစစ အဆင်ပြေကြပါစေ။

ကိုမောင်မောင် (ဆန်းသုတေသီ)
 

ရိုးရာလေး မှ သိသမျှ ။


No comments:

Post a Comment