Monday 1 April 2013

ဒီနှစ်သင်္ကြန်မှာလန်းမယ့် အနုပညာရှင်တို့ရဲ့ ရေကစားမဏ္ဍပ်


သင်္ကြန်နီးလာတာနဲ့အတူ အနုပညာရှင်များကလည်း သင်္ကြန်ရက်များမှာ ပရိသတ်တွေအတိုင်း သင်္ကြန်အစီအစဉ်တွေစီစဉ်နေကြပြီဖြစ်ပါတယ်။ သင်္ကြန်မှာ မဏ္ဍပ် ဆောက်ပြီး ပျော်ရွှင်ကြဖို့ အတွက် စီစဉ်နေကြသူများလည်း ရှိပါတယ်။ မျိုးဆက်သစ်အနုပညာရှင်များအနေနဲ့ သင်္ကြန်ကာလများမှာ ချစ်တဲ့ပရိသတ်တွေနဲ့အတူ ပျော်ရွှင် နိုင်ဖို့ မဏ္ဍပ်တွေ ဆောက်လေ့ရှိကြပါတယ်။ မဏ္ဍပ်တည်ဆောက်တဲ့အခါ အစစအရာရာ ဂရိုစိုက်ရတဲ့ အပိုင်းတွေရှိကြစမြဲဖြစ်ပါတယ်။ ဒိနှစ်မှာလည်း မဏ္ဍပ်ဆောက်ဖို့ စီစဉ်နေကြတဲ့ အနုပညာရှင်တချို့ရဲ့ စီစဉ်ဆောင်ရွက်ထားမှုတွေကို မေးမြန်းဖော်ပြ ပေးလိုက်ပါတယ်။

အောင်ရဲလင်း
(The Captain မဏ္ဍပ်)
 
”မဏ္ဍပ်ကို ထူးခြားအောင်မီးတွေ၊ ဒီဂျေတွေ၊ Sound တွေကအစ အ ကောင်းဆုံးလုပ်ချင်တယ်။ ဒီနှစ်က ကုန်ကျစရိတ်လည်း တော်တော်များ တယ်။ သေချာလုပ်မယ်လို့ စဉ်းစား ထားတယ်။I Max ရယ်၊ Giorenzo ရယ်၊ AIR KBZ ၊ ADMA တို့ကလည်း စပွန်ဆာအနေနဲ့ ကူညီပံ့ပိုး ပေးကြတယ်။ မဏ္ဍပ်ဆောက်ရတာ တော်တော် တာဝန် ကြီးပါတယ်။ သေချာလေးလုပ်ဖို့ စီစဉ်ထားတယ်။ ပထမဆုံး
ကျွန်တော်စဆောက်တဲ့ မဏ္ဍပ်ပါ။ အဓိကကတော့ အေးအေးဆေးဆေးလေးနဲ့ အန္တရာယ်ကင်းကင်းလေးနဲ့ လုပ်ဖြစ်သွားရင်ကျေနပ်ပါပြီ”

မြနှင်းရည်လွင်( မဏ္ဍပ်)
 
”မဏ္ဍပ်အကျယ်အဝန်းက ပေ ၆ဝ x ပေ၁ဝဝ ကျယ်ပါတယ်။ မဏ္ဍပ်မှာရေကစားမယ့်သူတွေအတွက် ဖယ်ရီလည်းစီစဉ် ပေးမယ်။ မဏ္ဍပ် ပေါ်မှာဆိုရင်လည်း စားသောက် စရာတွေပါမယ်။ လိုက်တင်ကလည်း နိုင်ငံခြားက အတိုင်းလုပ်ထားတယ်။ Sound System အတွက်ဆိုရင်လည်း တအားမိုက်တဲ့ ဒီဂျေတွေကို ခေါ်ထားတယ်။သူများတွေ ထက်သာအောင် ထူးထူး ခြားခြားလေးလုပ်ထားပါ တယ်”
အစားအသောက်နဲ့ ပတ်သက်တာတွေလည်း စီစဉ်ထားပါတယ်။ Lucky Draw တွေလည်းပါမှာပါ။ မဏ္ဍပ်မှာလည်း လုံခြုံရေးပိုင်းကို ဦးစားပေးလုပ် ထားတယ်။ နာမည်ကြီးတဲ့ လုံခြုံရေးအစောင့် တော်တော်များများခေါ်ထားတယ်။ ဆယ်တန်း စာမေးပွဲလည်း ပြီးပြီဆိုတော့ ကလေးတွေရဲ့ မိဘတွေလည်း စိတ်ချရအောင် လစ်ဟာမှု မရှိအောင်လုပ်ထားပါတယ်”

ကျော်ထွဋ်ဆွေ(69.4မဏ္ဍပ်)
 
“ကျွန်တော်တို့ ဦးစီးပြီး မဏ္ဍပ်ဆောက်တာက အကုန်လုံး ပျော်ပျော်ပါးပါးမြူးလို့ ရအောင်ဆိုပြီး ရည်ရွယ်ထားတာ။ ကျွန်တော်တို့လူငယ်တွေဦးစီးပြီး ဆောက်တယ် ဆိုတော့ ပိုပြီးတာဝန်ပိုကြီးတယ်။ ရန်ဖြစ်တာကအစ ကျွန်တော်တို့ပဲ တာဝန်ယူရတာဆိုတော့ တာဝန်ကြီးတယ်။ ဘက်ပေါင်းစုံကိုလည်း ကြည့်နေရတယ်။ Security တွေကအစ ထားရတယ်။ ဒီနှစ်မဏ္ဍပ်မှာတော့ လာပက်တဲ့ သူတွေပျော်ဖို့၊ကဖို့ကောင်းအောင် ကျယ်ကျယ် ဝန်းဝန်းနဲ့ စီစဉ်နေပါပြီ။ အနုပညာရှင်တွေချည်းပဲ ဆောက်တဲ့ မဏ္ဍပ်တွေကပဲ လူပိုစည်ကားတာမဟုတ်ပါဘူး။ တခြားနာမည်ကြီးမဏ္ဍပ်တွေကလည်း လူစည်းကားပါတယ်။ ဒါပေမဲ့ အနုပညာရှင်တွေ ဆောက်တဲ့မဏ္ဍပ် မှာလည်း ကောင်းကျိုး၊ဆိုးကျိုးရှိပါ တယ်။ကျွန်တော်တို့မဏ္ဍပ်မှာ တစ်ခုခုများဖြစ်ရင်တော့ ကျွန်တော်တို့ မျက်နှာပျက် ရတာမျိုးတွေ၊ ဖြေရှင်းရတာမျိုးတွေရှိတာပေါ့။ ကျွန်တော်တို့ (69.4)မဏ္ဍပ်မှာ ကျွန်တော်ရယ်၊ လွှမ်းပိုင်၊ဂျောက်ဂျက်၊Ah-Boy ၊ SZ တို့လည်းပါမယ်”

ရတနာမိုင် (My New April မဏ္ဍပ်)
 
“မဏ္ဍပ် နာမည်ကို ‘My New April’ လို့ပေးထားတယ်။ ဒီမဏ္ဍပ်ကို My Lay Entertainment က စီစဉ်တာပါ။ဒီလို မဏ္ဍပ် ဆောက်ရတဲ့ ရည်ရွယ်ချက်က လူငယ်တေ Relax အနေနဲ့ပျော် လို့ရအောင် အဆိုတော် ညီအစ်ကိုမောင်နှမတွေလည်း ပျော် လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ။ ဒီလို မဏ္ဍပ် ဆောက်ရတာလည်း စီးပွားရေးအနေနဲ့ တွက်လို့ မရဘူး။ အားလုံးပျော်ဖို့ဆိုပြီး ဆောက်ခဲ့တာပါ။ ဒီလို မဏ္ဍပ်ဆောက်ဖို့ စီစဉ်ရတာ သိပ်တာဝန်ကြီးတယ်။ အခုကတည်းက နေရာကို မကြိုက်လို့ ပြောင်းရ၊ ရွှေ့ရ တာနဲ့ပေါ့။ ဘက်ပေါင်းစုံက အခက် အခဲတွေရှိတယ်။ ခေါင်းလည်းစားရတယ်။ပြီးတော့ အဆိုတော်တွေ ပါလာ တော့ ပိုပြီးတော့ တာဝန်ပိုကြီးတယ်။ အနုပညာရှင် တွေဆောက်တဲ့ မဏ္ဍပ်က လူပိုစည်းကားကြတယ်ဆို တာက ဖျော်ဖြေရေးအပိုင်းတွေ ပါလာတဲ့အတွက် တခြားမဏ္ဍပ်တွေထက်စာရင် လူပိုစည်းကားလာ တယ်။မိုင်လေးတို့ မဏ္ဍပ်မှာတော့ ဆိုတေး၊ အောင်လ၊ နန်းဆုနဲ့ မိုင်လေးကိုယ်တိုင်ဖျော်ဖြေသွားမှာပါ”

popular myanmar.com မှ သိသမျှ ။


No comments:

Post a Comment