Saturday 27 April 2013

ဆီးဂိမ်းမှာ လုပ်အားပေးကြမလား


  (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားမှာ ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer များ အဖြစ်  ပါဝင်ဆောင်ရွက်ဖို့အတွက်  တိုင်း ဒေသကြီး နှင့်ပြည်နယ် လူမှု
ရေး၊ ယဉ်ကျေးမှု ၀န်ကြီးဌာန နှင့် အမျိုးသမီးရေးရာအဖွဲ့များတွင် လူကိုယ်တိုင်သွားရောက်ဆက်သွယ်ပြီး စာရင်းသွင်းအရွေးချယ်ခံရန်  ဖိတ်ခေါ်ထားတယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနက ကြေညာထားပါတယ်။

 ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံအသီးသီး ကိုယ်စားပြု ဆိုင်းဘုတ်ကိုင်  အမျိုးသမီး ၁၁ ဦး၊  ပိတ်ပွဲအခမ်းအနားမှာ  အားကစားနည်း ၃၃ နည်း ကိုယ်စားပြုဆိုင်းဘုတ်ကိုင်အမျိုးသမီး ၃၃ ဦး လိုအပ်ပါတယ် တဲ့။

ဒီလိုပွဲနိုင်ငံကိုယ်စားပြုပွဲတွေမှာရုပ်ရည်ချောမောသူအမျိုးသမီးငယ်တွေက ပါဝင်ဖို့စိတ်ဝင်စားလေ့ရှိပါတယ်။

အသက်နှစ်ဆယ်အရွယ်ရှိ တက္ကသိုလ်ကျောင်းသူတ ဦး က ...
“အရင်တုန်းကဆိုရင် ကျောင်းမှာလုပ်တဲ့ အခမ်းအနားတွေမှာပဲနေရာရတာ များတယ်။ အခုလိုနိုင်ငံတော်အဆင့်ပွဲမျိုးမှာ   ပါဝင်ခွင့်ရတာ ဂုဏ်ယူစရာဖြစ်တယ်ပေါ့” လို့ ပြောပါတယ်။

လျှောက်ထားသူတွေမှာရှိရမယ့်အရည်အချင်းတွေကတော့

မြန်မာတိုင်းရင်းသူ ဖြစ်ရမယ်၊ ရုပ်ရည်ပြေပြစ်ချောမောသူ၊ အိမ်ထောင်မရှိသူ၊
ခန္ဓာကိုယ်အချိုး အ စားပြေပြစ်သူ၊ အနည်းဆုံး အရပ်၅ပေ ၄လက်မရှိသူ၊ အသက် ၁၈ နှစ်မှ ၂၂ နှစ်ကြား၊ တက္ကသိုလ်ကျောင်းသူ(သို့)ဘွဲ့ရရှိသူ၊
အင်္ဂလိပ် ဘာ သာ စကား အသင့်အတင့်ပြောဆိုနိုင်သူ၊ မြန်မာဆန်သော အသားအရောင်၊ ဆံပင်အနက်ရောင် စသဖြင့် စသဖြင့် ရှိရပါမယ် တဲ့။

လှယဉ်ကျေးမယ် ၀တ်စုံဖြင့် (၁)လအတွင်း ရိုက်ကူးထားတဲ့
- (၆x ၄) လက်မ အရွယ်ရှိ ကိုယ်လုံးပေါ် ဓါတ်ပုံတပုံ၊
- ဘေးစောင်းတပုံ၊ (၆x၄)လက်မအရွယ်
- ရှေ့တည့်တည့်က ရိုက်ကူး ထား တဲ့ ကိုယ် တပိုင်းပုံ တပုံ
အစရှိတာတွေကိုလည်း လျှောက်လွှာမှာ ထည့်ရပါမယ်။

ဒဂုံတက္ကသိုလ် ကျောင်းသားတဦးဖြစ်တဲ့ ကိုထက်က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ကျောင်းမှာ ဆီးဂိမ်း Volunteer လုပ်ဖို့ ကြေညာစာ ကပ်ထားတာတွေ့တယ်၊   လုပ်ဖို့စိတ်ဝင်စားကြတယ်။
 အား/ကာ ၀န်ကြီးဌာနမှာ စာရင်းသွားပေးရမယ်။ အနီးကပ်ကြရင် ကမ့်သွင်းပြီးလေ့ကျင့် ပေးမယ်ပြောတယ်”

 “ကျွန်တော်တို့က အားကစားသမားတွေအတွက် လမ်း ညွှန်ကူညီမှုတွေလုပ်ပေးရမယ်လို့ ထင်တယ်။ 
ဒီလိုပွဲမျိုးကနေအခွင့်အလမ်းတွေ အတွေ့အကြုံတွေအများ ကြီး ရနိုင်တဲ့အတွက် အများကြီးကောင်းပါတယ်” ဆိုပြီး သူက ဆက်ပြောပါတယ်။

ဆီးဂိမ်းကို လာမယ့် ဒီဇင်ဘာမှာ မြန်နိုင်ငံက အိမ်ရှင်နိုင်ငံအနေနဲ့ လက်ခံကျင်းပမှာပါ။

 ကျင်းပမယ့် မြို့တွေကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ငွေဆောင် ဒေသတို့ ဖြစ်ပါတယ်။

 
ရွက်စိမ်း ~


 ဧရာဝတီ ဘလော့ဂ် မှ သိသမျှ ။

No comments:

Post a Comment