Friday 12 April 2013

သင်္ကြန်ကား အငှားဈေးကွက် ကျဆင်း


ကားဈေးနှုန်းကျဆင်းမှုနှင့် ယာဉ်ဟောင်း လဲလှယ်အပ်နှံခဲ့ခြင်း ကြောင့် သင်္ကြန် လည်ပတ်ကားငှား ရမ်းမှု နည်းပါး သွားသည်ဟု ကား အငှားဈေးကွက်မှ သိရသည်။
”မနှစ်က ဒီလို အချိန်ဆို စရန် ပေးငှားတဲ့သူတွေ များပါတယ်။ ဒီ နှစ်တော့ မေးတဲ့ အဆင့်ပဲရှိတယ်” ဟု မျိုးကားငှား လုပ်ငန်းပိုင်ရှင် မမျိုးက ပြောသည်။
ယခင်က သင်္ကြန်လည်သည့် ကား ပါပလေကာ၊ ဆန်နီ၊ ဂျစ် စသည့် ကားများ အလုပ်ဖြစ်ခဲ့ပြီး ယခု ကား များ ပြန်အပ်ခြင်း၊ ကားဈေး မှာလည်း ပိုက်ဆံ အတော်အတင့် ရှိသည့်လူ ဝယ်စီးနိုင်သည့် အနေအထား ရှိ၍ ကိုယ်ပိုင် ဝယ်စီးပြီး လည်ကြသည်ဟု ထင်ကြောင်း ၄င်းက ဆက်ပြောသည်။
ယင်းအပြင် သင်္ကြန် ကားငှားချင် သည့် ပိုင်ရှင်များမှာလည်း ယခင် ထက် ပိုမို များပြားလာပြီး သင်္ကြန်မ တိုင်မီ နှစ်ပတ်ခန့် အလိုမှစကာ ကား များ အပ်နှံမှု ရှိနေကြောင်း၊ အပ်နှံ ကား အမျိုးအစားများမှာ Townace အမျိုးအစား များဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
တာမွေမြို့နယ်မှ အောင်စည် ကားအငှား လုပ်ငန်းပိုင်ရှင် ဦးစည်သူ က ”အရင်လို အငှားဈေးတက်လို့ မရတော့ဘူး။ ကား အငှားဖြစ်ဖို့တောင် ဈေးညှိနေရတဲ့ အဆင့်ပါ။ အဓိကက တော့ ကိုယ်ပိုင် ဝယ်စီးတဲ့လူနဲ့ လတ် တလော ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကြောင့်
ငှားရမ်းမှု နည်းသွား တယ် ထင်ပါတယ်” ဟု ပြောသည်။
သင်္ကြန် လည်ပတ်ရန် အတွက် ကားငှားမှု နည်းပါးသော်လည်း ၄၅ ယောက်စီး၊ ၃၃ ယောက်စီး ခရီးသွား ကားငှားရမ်းမှုမှာ ယခင်နှစ်ထက် အ နည်းငယ်ပိုမို များပြား ခဲ့ကြောင်း၊ ငှားရမ်းမှု အများဆုံးမှာ ၄၅ ယောက်စီးExpress ကားများဖြစ်ကြောင်း သိရသည်။ သင်္ကြန် အတွင်း ကားငှားရမ်းမှု နှုန်းထားများမှာ ၁ဝယောက် စီး တောင်းအေ့ (စ်)မှာ တစ်ရက်ကျပ် ၁၂ဝဝဝဝ နှုန်း ဖြစ်ပြီး ၃၃ယောက်စီး မီနီဘတ်စ်မှာ ကျပ် ၁၆ဝဝဝဝ၊ ၄၅ယောက် စီးExpress မှာ ကျပ် ၃၈ဝဝဝဝ ဖြစ် ကြောင်း သိရသည်။
 PN-052


popular myanmar.com မှ သိသမျှ ။


No comments:

Post a Comment